• Follow Us on

Home ဘဂၤလားေဒ့႐ွ္ေရတပ္အတြက္ ၀န္ႀကီးခ်ဳပ္က ေခတ္မီစစ္သေဘၤာ ၅ စင္းကိုတပ္ေတာ္၀င္

ဘဂၤလားေဒ့႐ွ္ေရတပ္အတြက္ ၀န္ႀကီးခ်ဳပ္က ေခတ္မီစစ္သေဘၤာ ၅ စင္းကိုတပ္ေတာ္၀င္

Share this post

ဒါကာ၊ ႏို၀င္ဘာ ၅
 
ဘဂၤလားေဒ့႐ွ္ေရတပ္အတြက္ေခတ္မီစစ္သေဘၤာ ၅ စင္းကို ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ႐ွိတ္ ဟာဆီနာက တပ္ေတာ္၀င္ေပးခဲ့သည္။
 
တပ္ေတာ္၀င္ခဲ့သည့္သေဘၤာ ၅ စင္းမွာ BNS Umar Farooq၊ BNS Abu Ubaidah၊ BNS Prottasha၊ BNS Darshak ႏွင့္ BNS Tallashi တို႔ျဖစ္သည္။
 
ၾကာသပေတးေန႔တြင္ ဒါကာၿမိဳ႕႐ွိ၀န္ႀကီးခ်ဳပ္အိမ္ေတာ္မွ ဗီဒိယိုညီလာခံစနစ္ျဖင့္ သေဘၤာမ်ားကို တပ္ေတာ္၀င္ေပးခဲ့ျခင္းျဖစ္သည္။
 
၀န္ႀကီးခ်ဳပ္ကိုယ္စား ေရတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ႐ွာဟီး အစ္ကဘယ္က စစ္တေကာင္း႐ွိ ေရတပ္စခန္းအမွတ္ ၁ တြင္ သေဘၤာကပၸတိန္မ်ားထံ တပ္ေတာ္၀င္ထုတ္ျပန္လႊာကို တရား၀င္လႊဲေျပာင္းေပးခဲ့သည္။
 
BNS Umar Farooq ႏွင့္ BNS Abu Ubaidah တို႔သည္ဖရီးဂိတ္စစ္သေဘၤာမ်ားျဖစ္ၿပီး BNS Prottasha သည္ ကမ္းေျခေစာင့္အေပါ့စားသေဘၤာ၊ BNS Darshak ႏွင့္ BNS Tallashi တို႔မွာ သုေတသနသေဘၤာမ်ားျဖစ္သည္။
 
Ref : PM commissions five modern warships
 
#PeopleMedia
 
(unicode)
ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက် ဝန်ကြီးချုပ်က ခေတ်မီစစ်သင်္ဘော ၅ စင်းကိုတပ်တော်ဝင်
………………………………………………………………
 
ဒါကာ၊ နိုဝင်ဘာ ၅
 
ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက်ခေတ်မီစစ်သင်္ဘော ၅ စင်းကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက တပ်တော်ဝင်ပေးခဲ့သည်။
 
တပ်တော်ဝင်ခဲ့သည့်သင်္ဘော ၅ စင်းမှာ BNS Umar Farooq၊ BNS Abu Ubaidah၊ BNS Prottasha၊ BNS Darshak နှင့် BNS Tallashi တို့ဖြစ်သည်။
 
ကြာသပတေးနေ့တွင် ဒါကာမြို့ရှိဝန်ကြီးချုပ်အိမ်တော်မှ ဗီဒိယိုညီလာခံစနစ်ဖြင့် သင်္ဘောများကို တပ်တော်ဝင်ပေးခဲ့ခြင်းဖြစ်သည်။
 
ဝန်ကြီးချုပ်ကိုယ်စား ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှာဟီး အစ်ကဘယ်က စစ်တကောင်းရှိ ရေတပ်စခန်းအမှတ် ၁ တွင် သင်္ဘောကပ္ပတိန်များထံ တပ်တော်ဝင်ထုတ်ပြန်လွှာကို တရားဝင်လွှဲပြောင်းပေးခဲ့သည်။
 
BNS Umar Farooq နှင့် BNS Abu Ubaidah တို့သည်ဖရီးဂိတ်စစ်သင်္ဘောများဖြစ်ပြီး BNS Prottasha သည် ကမ်းခြေစောင့်အပေါ့စားသင်္ဘော၊ BNS Darshak နှင့် BNS Tallashi တို့မှာ သုတေသနသင်္ဘောများဖြစ်သည်။
 
Ref : PM commissions five modern warships
 
#PeopleMedia

Share this post