• Follow Us on

Home ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္၏ ဖခင္၀န္ႀကီးခ်ဳပ္ေဟာင္းႏွင့္ မိသားစု၀င္မ်ား ကိုသတ္ျဖတ္ခဲ့သူကို ခိုလႈံခြင့္ေပးထား ျခင္း အေမရိကန္ျပန္သံုးသပ္မည္

ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္၏ ဖခင္၀န္ႀကီးခ်ဳပ္ေဟာင္းႏွင့္ မိသားစု၀င္မ်ား ကိုသတ္ျဖတ္ခဲ့သူကို ခိုလႈံခြင့္ေပးထား ျခင္း အေမရိကန္ျပန္သံုးသပ္မည္

Share this post

ဒါကာ၊ ဇူလိုင္ ၂၇

ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ၏ဖခင္ ၀န္ႀကီးခ်ဳပ္ေဟာင္းႏွင့္ မိသားစု၀င္အမ်ားအျပားကို သတ္ျဖတ္ ခဲ့သူကို ဆယ္စုႏွစ္တစ္ခုၾကာခိုလွံဳခြင့္ေပးထားျခင္အေပၚ အေမရိကန္က ျပန္လည္သံုးသပ္မည္ျဖစ္ၿပီး ပိတ္သိမ္း ခဲ့သည့္အမႈတြဲကို ၁၅ ႏွစ္အၾကာတြင္ အေမရိကန္ေရွ႕ေနခ်ဳပ္ဝီလီယံ ဘားက တိတ္တဆိတ္ျပန္လည္ဖြင့္လွစ္ လိုက္သည္ဟု ေသာၾကာေန႔တြင္ Politico ဂ်ာနယ္က ေဖာ္ျပသည္ဟု bdnews24 က ဇြန္ ၂၅ ရက္တြင္ ေဖာ္ျပသည္။

အာဏာသိမ္းရန္ႀကိဳးစားစဥ္ လူသတ္မွဳျဖင့္စြဲခ်က္တင္ထားသည့္ မိုဟာမက္ရာရွက္ ေခ်ာင္ဒရီကကို ဘဂၤလား ေဒ့႐ွ္ထံလႊဲေျပာင္းေပးရန္ ၀န္ၾကီးခ်ဳပ္ ရွိတ္ ဟာစီနာက အေမရိကန္သမၼတထံ အႀကိမ္ႀကိမ္စာေရးသား ေတာင္း ဆိုခဲ့သည္။

ေခ်ာင္ဒရီ၏အမွဳကိုျပန္လည္စစ္ေဆးရန္ ေရွ႔ေနခ်ဳပ္၏အားထုတ္မွဳမွာ အေမရိကန္၌ ခိုလႈံခြင့္ရရွိထားသူမ်ား အတြက္ စိတ္လႈပ္ရွားစရာသတင္းျဖစ္သည္။

ေခ်ာင္ဒရီ၏ခုိလံႈခြင့္ကို ပယ္ဖ်က္ၿပီး ႏိုင္ငံမွႏွင္ထုတ္ခဲ့လွ်င္ ေသဒဏ္က်ခံရမည္ေသခ်ာေနသျဖင့္ အလြန္စိတ္ ၀င္စားဖြယ္ျဖစ္ေၾကာင္း Politico က ေဖာ္ျပထားသည္။

၁၉၇၅ ခုႏွစ္၊ ၾသဂုတ္ ၁၅ ရက္တြင္ ဘဂၤလားေဒ့႐ွ္စစ္တပ္ကို မေက်မနပ္ျဖစ္ေနသည့္ စစ္ဘက္အရာရွိငယ္ တစ္ စုက အာဏာသိမ္းရန္ႀကံစည္ခဲ့ၿပီး ထိုအခ်ိန္တြင္ ၀န္ႀကီးခ်ဳပ္ျဖစ္သူ ရွိတ္ မူဂ်ီဘာာရာမန္၊ ဇနီးႏွင့္ သား ၃ ဦးတို႔ ေနအိမ္တြင္ အသတ္ခံခဲ့ရသည္။

ထိုအခ်ိန္က ျပည္ပတြင္ေရာက္ရွိေနသည့္ သမီးျဖစ္သူလက္႐ွိ၀န္ႀကီးခ်ဳပ္ ႐ွိတ္ ဟာစီနာႏွင့္ ညီမျဖစ္သူ ရီဟာနာ တို႔ ၂ ဦး လြတ္ေျမာက္ခဲ့သည္။

အာဏာသိမ္းမႈမေအာင္ျမင္ဘဲ ေသဒဏ္က်ႏိုင္သည့္ျပစ္မႈတြင္ လူသတ္မႈ က်ဴးလြန္ေၾကာင္း၀န္ခံပါက အာမခံ ရၿပီး စံုစမ္းစစ္ေဆးမႈရပ္ဆိုင္းခဲ့သည္။ ၁၉၉၆ ခုႏွစ္၊ နို၀င္ဘာတြင္ အ၀ါမီလိဂ္ပါတီအာဏာရၿပီးေနာက္ လူသတ္ သမားမ်ားကို ျပန္လည္တရားစြဲဆိုသည္။

ၾကာျမင့္သည့္စစ္ေဆးမႈမ်ားအၿပီး ၂၀၁၀ ျပည့္ႏွစ္တြင္ သံသယရွိသူ ၁၂ ဦးက ေသဒဏ္ထိုက္ေသာျပစ္မႈ က်ဴး လြန္ခဲ့ေၾကာင္း တရား႐ုံးက စီရင္ခ်က္ခ်ခဲ့သည္။

ထိုထဲမွ ၅ ေယာက္ကို ၂၀၁၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၂၈ ရက္တြင္ ႀကိဳးေပးခဲ့ၿပီး ၁ ေယာက္ သဘာ၀အတိုင္း ေသဆံုးသည္။

ေခ်ာင္ဒရီအပါအ၀င္ ၆ ေယာက္ ထြက္ေျပးတိမ္းေရွာင္ေနသည္။ ဇြန္ ၁၇ ရက္တြင္ အေမရိကန္ေရွ႕ေနခ်ဳပ္က အမွဳတြဲကို ျပန္လည္သံုးသပ္မည္ျဖစ္ၿပီး လူဝင္မႈႀကီးၾကပ္ေရးအယူခံဘုတ္အဖြဲ႕အေနျဖင့္ ရွင္းလင္းခ်က္ေပးရန္ ညႊန္ၾကားသည္။

၄င္းညႊန္ၾကားခ်က္တြင္ ျဖစ္စဥ္အေသးစိတ္ကိုေဖာ္ျပကာ ႏိုင္ငံေရးခိုလံႈခြင့္ရုတ္သိမ္းမည့္အေၾကာင္းႏွင့္ ျဖစ္စဥ္ ခိုင္လံုပါက မၾကာမီေနရပ္ျပန္ပို႔မည့္အစီအစဥ္စတင္မည္ျဖစ္ေၾကာင္း ပါ၀င္သည္။

ေရွ႕ေနခ်ဳပ္သည္ အေမရိကန္လူ၀င္မွဳၾကီးၾကပ္ေရးတရားရံုး၏ဆံုးျဖတ္ခ်က္ကို ေျပာင္းလဲရန္ ဆံုးျဖတ္ထားပံုရ ေၾကာင္း ေခ်ာင္ဒရီ၏ဥပေဒအက်ိဳးေဆာင္မ်ားက ေျပာဆိုသည္။

၁၉၉၆ ခုႏွစ္တြင္ ရွိတ္ ဟာစီနာ ၀န္ႀကီးခ်ဳပ္ျဖစ္လာသည့္အခါ လက္စားေခ်ခံရမည္ကိုေၾကာက္ရြံသည့္ ေခ်ာင္ဒရီသည္ ဇနီး၊ သားတို႔ႏွင့္ အေမရိကန္သို႔ အလည္အပတ္ဗီဇာျဖင့္ ထြက္ခြာသြားသည္။
အေမရိကန္သို႔ေရာက္ရွိၿပီး ၁၀ ႏွစ္ခန႔္အၾကာတြင္ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာတရားသူႀကီးက သူ႔ကို ခိုလႈံခြင့္ ေပးခဲ့သည္။

Ref : US reopens Bangabandhu killer Rashed Chowdhury’s asylum case after 15 years

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ဖခင်ဝန်ကြီးချုပ်ဟောင်းနှင့် မိသားစုဝင်များ ကိုသတ်ဖြတ်ခဲ့သူကို ခိုလှုံခွင့်ပေးထား ခြင်း အမေရိကန်ပြန်သုံးသပ်မည်
………………………………………………………

ဒါကာ၊ ဇူလိုင် ၂၇

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ဖခင် ဝန်ကြီးချုပ်ဟောင်းနှင့် မိသားစုဝင်အများအပြားကို သတ်ဖြတ် ခဲ့သူကို ဆယ်စုနှစ်တစ်ခုကြာခိုလှုံခွင့်ပေးထားခြင်အပေါ် အမေရိကန်က ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ပိတ်သိမ်း ခဲ့သည့်အမှုတွဲကို ၁၅ နှစ်အကြာတွင် အမေရိကန်ရှေ့နေချုပ်ဝီလီယံ ဘားက တိတ်တဆိတ်ပြန်လည်ဖွင့်လှစ် လိုက်သည်ဟု သောကြာနေ့တွင် Politico ဂျာနယ်က ဖော်ပြသည်ဟု bdnews24 က ဇွန် ၂၅ ရက်တွင် ဖော်ပြသည်။

အာဏာသိမ်းရန်ကြိုးစားစဉ် လူသတ်မှုဖြင့်စွဲချက်တင်ထားသည့် မိုဟာမက်ရာရှက် ချောင်ဒရီကကို ဘင်္ဂလား ဒေ့ရှ်ထံလွှဲပြောင်းပေးရန် ဝန်ကြီးချုပ် ရှိတ် ဟာစီနာက အမေရိကန်သမ္မတထံ အကြိမ်ကြိမ်စာရေးသား တောင်း ဆိုခဲ့သည်။

ချောင်ဒရီ၏အမှုကိုပြန်လည်စစ်ဆေးရန် ရှေ့နေချုပ်၏အားထုတ်မှုမှာ အမေရိကန်၌ ခိုလှုံခွင့်ရရှိထားသူများ အတွက် စိတ်လှုပ်ရှားစရာသတင်းဖြစ်သည်။

ချောင်ဒရီ၏ခိုလှုံခွင့်ကို ပယ်ဖျက်ပြီး နိုင်ငံမှနှင်ထုတ်ခဲ့လျှင် သေဒဏ်ကျခံရမည်သေချာနေသဖြင့် အလွန်စိတ် ဝင်စားဖွယ်ဖြစ်ကြောင်း Politico က ဖော်ပြထားသည်။

၁၉၇၅ ခုနှစ်၊ ဩဂုတ် ၁၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို မကျေမနပ်ဖြစ်နေသည့် စစ်ဘက်အရာရှိငယ် တစ် စုက အာဏာသိမ်းရန်ကြံစည်ခဲ့ပြီး ထိုအချိန်တွင် ဝန်ကြီးချုပ်ဖြစ်သူ ရှိတ် မူဂျီဘာာရာမန်၊ ဇနီးနှင့် သား ၃ ဦးတို့ နေအိမ်တွင် အသတ်ခံခဲ့ရသည်။

ထိုအချိန်က ပြည်ပတွင်ရောက်ရှိနေသည့် သမီးဖြစ်သူလက်ရှိဝန်ကြီးချုပ် ရှိတ် ဟာစီနာနှင့် ညီမဖြစ်သူ ရီဟာနာ တို့ ၂ ဦး လွတ်မြောက်ခဲ့သည်။

အာဏာသိမ်းမှုမအောင်မြင်ဘဲ သေဒဏ်ကျနိုင်သည့်ပြစ်မှုတွင် လူသတ်မှု ကျူးလွန်ကြောင်းဝန်ခံပါက အာမခံ ရပြီး စုံစမ်းစစ်ဆေးမှုရပ်ဆိုင်းခဲ့သည်။ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာတွင် အဝါမီလိဂ်ပါတီအာဏာရပြီးနောက် လူသတ် သမားများကို ပြန်လည်တရားစွဲဆိုသည်။

ကြာမြင့်သည့်စစ်ဆေးမှုများအပြီး ၂၀၁၀ ပြည့်နှစ်တွင် သံသယရှိသူ ၁၂ ဦးက သေဒဏ်ထိုက်သောပြစ်မှု ကျူး လွန်ခဲ့ကြောင်း တရားရုံးက စီရင်ချက်ချခဲ့သည်။

ထိုထဲမှ ၅ ယောက်ကို ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ကြိုးပေးခဲ့ပြီး ၁ ယောက် သဘာဝအတိုင်း သေဆုံးသည်။

ချောင်ဒရီအပါအဝင် ၆ ယောက် ထွက်ပြေးတိမ်းရှောင်နေသည်။ ဇွန် ၁၇ ရက်တွင် အမေရိကန်ရှေ့နေချုပ်က အမှုတွဲကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးအယူခံဘုတ်အဖွဲ့အနေဖြင့် ရှင်းလင်းချက်ပေးရန် ညွှန်ကြားသည်။

၄င်းညွှန်ကြားချက်တွင် ဖြစ်စဉ်အသေးစိတ်ကိုဖော်ပြကာ နိုင်ငံရေးခိုလှုံခွင့်ရုတ်သိမ်းမည့်အကြောင်းနှင့် ဖြစ်စဉ် ခိုင်လုံပါက မကြာမီနေရပ်ပြန်ပို့မည့်အစီအစဉ်စတင်မည်ဖြစ်ကြောင်း ပါဝင်သည်။

ရှေ့နေချုပ်သည် အမေရိကန်လူဝင်မှုကြီးကြပ်ရေးတရားရုံး၏ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် ဆုံးဖြတ်ထားပုံရ ကြောင်း ချောင်ဒရီ၏ဥပဒေအကျိုးဆောင်များက ပြောဆိုသည်။

၁၉၉၆ ခုနှစ်တွင် ရှိတ် ဟာစီနာ ဝန်ကြီးချုပ်ဖြစ်လာသည့်အခါ လက်စားချေခံရမည်ကိုကြောက်ရွံသည့် ချောင်ဒရီသည် ဇနီး၊ သားတို့နှင့် အမေရိကန်သို့ အလည်အပတ်ဗီဇာဖြင့် ထွက်ခွာသွားသည်။
အမေရိကန်သို့ရောက်ရှိပြီး ၁၀ နှစ်ခန့်အကြာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတရားသူကြီးက သူ့ကို ခိုလှုံခွင့် ပေးခဲ့သည်။

Ref : US reopens Bangabandhu killer Rashed Chowdhury’s asylum case after 15 years

#PeopleMedia


Share this post