• Follow Us on
Latest News

Home ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္ဂနွေနေ့၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၂၇၄ ယောက်နှင့် သေဆုံးသူ ၁၄ ယောက်ထပ်တိုး


Share this post

ဒါကာ၊ အောက်တိုဘာ ၁၉
#PeopleMedia
(unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္ဂနွေနေ့၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၂၇၄ ယောက်နှင့် သေဆုံးသူ ၁၄ ယောက်ထပ်တိုး
…………………………………………………..
ဒါကာ၊ အောက်တိုဘာ ၁၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္ဂနွေ့၌ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၄ ယောက်ထပ်တိုးလာပြီး စုစုပေါင်း ၅၆၆၀ ယောက်ရှိလာသည်။ အတည်ပြုလူနာ ၁၂၇၄ ယောက်ထပ်တိုးပြီး စုစုပေါင်း ၃၈၈၅၆၉ ယောက်ရှိလာသည်။
ကုသမှုခံယူနေသူ ၇၈၉၃၇ ယောက်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်အထွေထွေကျန်းမာရေး ညွန်ကြားမှုဌာန ကပြောသည်။
မတ် ၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပထမဆုံးအတည်ပြုလူနာတွေ့ခဲ့ရပြီး မတ် ၁၈ ရက်တွင် ပထမဆုံး သေဆုံးသူရှိလာသည်။
သြဂုတ် ၂၆ ရက်တွင် အတည်ပြုလူနာ ၃ သိန်းပြည့်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် သေဆုံးသူ ၅၀၀၀ ပြည့်ခဲ့သည်။
သေဆုံးမှုနှုန်း ၁.၄၆ ရာခိုင်နှုန်းရှိပြီး စစ်ဆေးမှု ၂၁၆၃၅၆၈ ကြိမ်ပြုလုပ်ခဲ့ရာ ၁၇.၉၆ ရာခိုင်နှုန်းကူးစက်ခံရေ ကြာင်းတွေ့ရှိရသည်။
လူနာ ၃၀၃၉၇၂ ယောက်ပြန်သက်သာလာသဖြင့် သက်သာနှုန်း ၇၈.၂၃ ရာခိုင်နှုန်းရှိသည်။
သေဆုံးသူများထဲတွင် အမျိုးသား ၄၃၅၇ ယောက်နှင့်အမျိုးသမီး ၁၃၀၃ ယောက်ပါဝင်သည်။
လက်ရှိတွင် ၁၂၂၆၅ ယောက်ကို သီးသန့်ခွဲထားပြီး ၃၉၇၇၆ ယောက်ကို အသွားအလာကန့် သတ်စောင့်ကြည့်ထားသည်။
Ref : Covid-19: Bangladesh reports 1274 new cases, 14 deaths

Share this post