• Follow Us on
Latest News

Home ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးႏွင့္ အတြင္း၀န္တို႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ၊ အိုအိုင္စီအစည္းအေ၀း တက္ ေရာက္မည့္ခရီးစဥ္ဖ်က္သိမ္း

ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးႏွင့္ အတြင္း၀န္တို႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ၊ အိုအိုင္စီအစည္းအေ၀း တက္ ေရာက္မည့္ခရီးစဥ္ဖ်က္သိမ္း

Share this post

ဒါကာ၊ ႏို၀င္ဘာ ၂၅
ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး အဗၺဒူ မိုမန္ႏွင့္ အတြင္း၀န္ မာဆြတ္ ဘင္မိုမန္တို႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံ ရေၾကာင္း ရလဒ္ထြက္လာသည္။ ၂ ေယာက္စလံုးက်န္းမာေရးအေျခအေနေကာင္းၿပီး သီးသန္႔ခြဲေနထိုင္ေန သည္ဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ျပန္သည္။
အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔(အိုအိုင္စီ)ႏိုင္ငံျခားေရး၀န္ႀကီးမ်ား၏ ၄၇ ႀကိမ္ေျမာက္အစည္းအေ၀း တက္ေရာက္ရန္ ဗုဒၶဟူးေန႔နံနက္ပိုင္းတြင္ ႏိုင္ဂ်ာႏိုင္ငံသို႔ထြက္ခြာရန္ သူတို႔ ၂ ဦးစီစဥ္ထားသည္။
အဂၤါေန႔တြင္ သူတို႔ ၂ ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္းအေျဖထြက္ၿပီးေနာက္ပိုင္း ခရီးစဥ္ကို ဖ်က္သိမ္းခဲ့သည္။
စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း ခရီးမထြက္ခင္စစ္ေဆးရာ၌ ကူးစက္ေနေၾကာင္းအတည္ျပဳႏိုင္ျခင္းျဖစ္သည္။
က်န္းမာေရးလမ္းၫႊန္ခ်က္မ်ားအတိုင္း သူတို႔ ၂ ေယာက္ အသြားအလာကန္႔သတ္ေစာင့္ၾကည့္ခံေနသည္။
အိုအိုင္စီအစည္းအေ၀းကို ႏို၀င္ဘာ ၂၇-၂၈ ၂ ရက္ၾကာက်င္းပမည္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးႏွင့္ဖြံ႔ၿဖိဳးေရး စုေပါင္း ေဆာင္႐ြက္ေပးဆိုသည့္ေခါင္းစဥ္ျဖင့္ ျပဳလုပ္မည္ျဖစ္ကာ ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)တြင္ ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)အေရးတရားစြဲဆိုမႈအတြက္ ေငြေၾကးေထာက္ပံ့မႈႁမွင့္တင္ရန္နည္း လမ္းမ်ားကိုလည္း ေဆြးေႏြးရန္႐ွိေနသည္။
Ref : FM, FS test positive for Covid-19; planned visit to Niger cancelled
#PeopleMedia
(unicode
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် အတွင်းဝန်တို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၊ အိုအိုင်စီအစည်းအဝေး တက် ရောက်မည့်ခရီးစဉ်ဖျက်သိမ်း
……………………………………………………………….
ဒါကာ၊ နိုဝင်ဘာ ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်နှင့် အတွင်းဝန် မာဆွတ် ဘင်မိုမန်တို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ရကြောင်း ရလဒ်ထွက်လာသည်။ ၂ ယောက်စလုံးကျန်းမာရေးအခြေအနေကောင်းပြီး သီးသန့်ခွဲနေထိုင်နေ သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)နိုင်ငံခြားရေးဝန်ကြီးများ၏ ၄၇ ကြိမ်မြောက်အစည်းအဝေး တက်ရောက်ရန် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် နိုင်ဂျာနိုင်ငံသို့ထွက်ခွာရန် သူတို့ ၂ ဦးစီစဉ်ထားသည်။
အင်္ဂါနေ့တွင် သူတို့ ၂ ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းအဖြေထွက်ပြီးနောက်ပိုင်း ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။
စည်းမျဉ်းစည်းကမ်းများအတိုင်း ခရီးမထွက်ခင်စစ်ဆေးရာ၌ ကူးစက်နေကြောင်းအတည်ပြုနိုင်ခြင်းဖြစ်သည်။
ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း သူတို့ ၂ ယောက် အသွားအလာကန့်သတ်စောင့်ကြည့်ခံနေသည်။
အိုအိုင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၇-၂၈ ၂ ရက်ကြာကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး စုပေါင်း ဆောင်ရွက်ပေးဆိုသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်မည်ဖြစ်ကာ နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင် ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အရေးတရားစွဲဆိုမှုအတွက် ငွေကြေးထောက်ပံ့မှုမြှင့်တင်ရန်နည်း လမ်းများကိုလည်း ဆွေးနွေးရန်ရှိနေသည်။
Ref : FM, FS test positive for Covid-19; planned visit to Niger cancelled

Share this post