• Follow Us on
Latest News

Home ဘဂၤလားေဒ့႐ွ္ႏုိင္ငံမွာ COVID-19 အတည္ျပဳလူနာ ၉ ေသာင္းေက်ာ္႐ွိ လာ

ဘဂၤလားေဒ့႐ွ္ႏုိင္ငံမွာ COVID-19 အတည္ျပဳလူနာ ၉ ေသာင္းေက်ာ္႐ွိ လာ

Share this post

ဒါကာ၊ ဇြန္ ၁၆

ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ ၉၀၆၁၉ ေယာက္႐ွိေနၿပီလို႔ ဘဂၤလားေဒ့႐ွ္က်န္းမာေရး ၀န္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ေသဆံုးသူ ၁၂၀၉ ေယာက္နဲ႔ ျပန္သက္သာ ၃၄၀၂၇ ေယာက္႐ွိေနၿပီလို႔လည္း ထုတ္ျပန္တာပါ။

ဇြန္ ၁၅ ရက္မွာ ထပ္တိုးအတည္ျပဳလူနာ ၃၀၉၉ ေယာက္နဲ႔ ေသဆံုးသူ ၃၈ ေယာက္ထပ္တိုးခဲ့ပါတယ္။

ဘဂၤလားေဒ့႐ွ္အစိုးရအဖြဲ႔၀င္ေတြ၊ လႊတ္ေတာ္အမတ္ေတြနဲ႔ ႏိုင္ငံေရးသမားေတြၾကားမွာလည္း COVID-19 ကူးစက္မႈေတြျမင့္တက္ေနပါတယ္။

စေနေန႔က ဘဂၤလားေဒ့႐ွ္သာသနာေရး၀န္ႀကီးေသဆံုးခဲ့ၿပီးေနာက္ စစ္ေဆးခဲ့ရမွာ COVID-19 ကူးစက္ခံထားရ တယ္လို႔ အေျဖထြက္ခဲ့ပါတယ္။

သူမကြယ္လြန္ခင္နာရီပိုင္းအလိုမွာ အထူးၾကပ္မတ္ကုသေဆာင္မွာ ၁၂ ရက္ၾကာကုသမႈခံယူေနတဲ့ အာဏာရ အ၀ါမီလိဂ္ပါတီဗဟိုအမႈေဆာင္ေကာ္မတီ၀င္တစ္ေယာက္ေသဆံုးခဲ့ၿပီး အနည္းဆံုးအ၀ါမီလိဂ္ပါတီ၀င္ အစိုးရ အဖြဲ႔၀င္နဲ႔လႊတ္ေတာ္အမတ္ ၈ ေယာက္နဲ႔မိသားစု၀င္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရပါတယ္။

လႊတ္ေတာ္အမတ္ေဟာင္း ၃ ေယာက္လည္း COVID-19 ေၾကာင့္ေသဆံုးခဲ့ပါတယ္။

COVID-19 တိုက္ဖ်က္ေရးဆိုင္ရာအမ်ိဳးသားနည္းပညာအႀကံေပးေကာ္မတီက တနဂၤေႏြေန႔မွာ ၿမိဳ႕ေတာ္ဒါကာ က ေနရာ ၄၅ ေနရာအပါအ၀င္ ေနရာ ၆၄ ေနရာကို ထပ္တိုးကန္႔သတ္မႈေတြလုပ္ရမယ့္အနီေရာင္နယ္ေျမေတြ အျဖစ္အႀကံျပဳထားပါတယ္။

ေရာဂါထိန္းခ်ဳပ္ဖို႔ ႏိုင္ငံတ၀န္းကန္႔သတ္မႈေတြကို ဇြန္ ၁၆ ရက္ေန ၃၀ ရက္အထိ သက္တမ္းတိုးလိုက္တယ္လို႔ တနလၤာေန႔က အစိုးရအဖြဲ႔အစည္းအေ၀းမွာေၾကညာခဲ့ပါတယ္။

Ref : Cases among politicians on the rise

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၉ သောင်းကျော်ရှိ လာ
……………………………………………………

ဒါကာ၊ ဇွန် ၁၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၉၀၆၁၉ ယောက်ရှိနေပြီလို့ ဘင်္ဂလားဒေ့ရှ်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသူ ၁၂၀၉ ယောက်နဲ့ ပြန်သက်သာ ၃၄၀၂၇ ယောက်ရှိနေပြီလို့လည်း ထုတ်ပြန်တာပါ။

ဇွန် ၁၅ ရက်မှာ ထပ်တိုးအတည်ပြုလူနာ ၃၀၉၉ ယောက်နဲ့ သေဆုံးသူ ၃၈ ယောက်ထပ်တိုးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးသမားတွေကြားမှာလည်း COVID-19 ကူးစက်မှုတွေမြင့်တက်နေပါတယ်။

စနေနေ့က ဘင်္ဂလားဒေ့ရှ်သာသနာရေးဝန်ကြီးသေဆုံးခဲ့ပြီးနောက် စစ်ဆေးခဲ့ရမှာ COVID-19 ကူးစက်ခံထားရ တယ်လို့ အဖြေထွက်ခဲ့ပါတယ်။

သူမကွယ်လွန်ခင်နာရီပိုင်းအလိုမှာ အထူးကြပ်မတ်ကုသဆောင်မှာ ၁၂ ရက်ကြာကုသမှုခံယူနေတဲ့ အာဏာရ အဝါမီလိဂ်ပါတီဗဟိုအမှုဆောင်ကော်မတီဝင်တစ်ယောက်သေဆုံးခဲ့ပြီး အနည်းဆုံးအဝါမီလိဂ်ပါတီဝင် အစိုးရ အဖွဲ့ဝင်နဲ့လွှတ်တော်အမတ် ၈ ယောက်နဲ့မိသားစုဝင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။

လွှတ်တော်အမတ်ဟောင်း ၃ ယောက်လည်း COVID-19 ကြောင့်သေဆုံးခဲ့ပါတယ်။

COVID-19 တိုက်ဖျက်ရေးဆိုင်ရာအမျိုးသားနည်းပညာအကြံပေးကော်မတီက တနင်္ဂနွေနေ့မှာ မြို့တော်ဒါကာ က နေရာ ၄၅ နေရာအပါအဝင် နေရာ ၆၄ နေရာကို ထပ်တိုးကန့်သတ်မှုတွေလုပ်ရမယ့်အနီရောင်နယ်မြေတွေ အဖြစ်အကြံပြုထားပါတယ်။

ရောဂါထိန်းချုပ်ဖို့ နိုင်ငံတဝန်းကန့်သတ်မှုတွေကို ဇွန် ၁၆ ရက်နေ ၃၀ ရက်အထိ သက်တမ်းတိုးလိုက်တယ်လို့ တနင်္လာနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာကြေညာခဲ့ပါတယ်။

Ref : Cases among politicians on the rise

#PeopleMedia


Share this post