• Follow Us on

Home ဘဂၤလားေဒ့႐ွ္ႏွင့္နယ္စပ္ ၄ ပံု ၃ ပံုကို အိႏၵိယသံဆူးႀကိဳးစည္း႐ိုးခတ္ထား

ဘဂၤလားေဒ့႐ွ္ႏွင့္နယ္စပ္ ၄ ပံု ၃ ပံုကို အိႏၵိယသံဆူးႀကိဳးစည္း႐ိုးခတ္ထား

Share this post

နယူးေဒလီ၊ စက္တင္ဘာ ၂၃

အိႏၵိယအစိုးရက ဘဂၤလားေဒ့႐ွ္ႏိုင္ငံႏွင့္ႏိုင္ငံတကာနယ္ျခားစုစုေပါင္း၏ ၄ ပံု ၃ ပံုေက်ာ္ကို ၿခံဳငံုမိေသာ သံဆူးႀကိဳးတပ္ၿခံစည္း႐ိုးအ႐ွည္ ၃၁၂၀ ကီလိုမီတာေက်ာ္တည္ေဆာက္ၿပီးၿပီးျဖစ္သည္။

၄၀၉၆ ကီလိုမီတာ႐ွည္သည့္ ၂ ႏိုင္ငံနယ္နိမိတ္တြင္ ျခံစည္း႐ိုး ၄ ပံု ၃ ပံုေက်ာ္ခတ္ထားေၾကာင္း အိႏိၵယျပည္ထဲေရး၀န္ႀကီး နစ္ယာနန္ ႐ိုင္က တနဂၤေႏြေန႔လႊတ္ေတာ္အစည္းအေ၀းတြင္ေျပာဆိုျခင္းျဖစ္သည္။

အိႏိၵယႏိုင္ငံမွအေနာက္ဘင္ေဂါျပည္နယ္ႏွင့္ထိစပ္ေနသည့္ ဘဂၤလားေဒ့႐ွ္အေနာက္ပိုင္းတြင္ ၁၆၃၈ ကီလိုမီတာေက်ာ္ကို သံဆူးႀကိဳးတပ္ၿခံစည္း႐ိုးခတ္ထားသည္ဟု သိရသည္။

အာသံျပည္နယ္တြင္ ၂၁၀ ကီလိုမီတာ၊ မာဂယာလာျပည္နယ္တြင္ ၃၂၆ ကီလိုမီတာ၊ မီဇုိဂမ္တြင္ ၁၅၅ ကီလိုမီတာႏွင့္ ထရီပူရျပည္နယ္တြင္ ၇၉၁ ကီလိုမီတာေက်ာ္ခတ္ထားၿပီးေၾကာင္းလည္း လႊတ္ေတာ္မွတ္တမ္းအရသိရသည္။

က်န္႐ွိေနေသးသည့္ ၉၇၆.၇ ကီလိုမီတာမွာ နယ္ေျမအေနအထား၊ ေျမရယူေရးျပႆနာမ်ား၊ လူထုဆႏၵျပမႈႏွင့္ ဘဂၤလားေဒ့႐ွ္နယ္ျခားေစာင့္တပ္ဖြဲ႔၏ဆန္႔က်င္မႈတို႔ေၾကာင့္ က်န္႐ွိေနျခင္းျဖစ္သည္။

ဘဂၤလားေဒ့႐ွ္ႏွင့္ေနာက္ထပ္အိမ္နီးခ်င္းႏုိင္ငံတစ္ခုျဖစ္သည့္ျမန္မာႏိုင္ငံသည္လည္း ႏွစ္ႏုိင္ငံနယ္နိမိတ္ ၂၇၁ ကီလိုမီတာတြင္ ၁၅၀ ေက်ာ္ကို သံဆူးႀကိဳးတပ္ၿခံစည္း႐ိုးခတ္ထားသည္။

Ref : India completes fencing three-fourths of border

#PeopleMedia

(Unicode)
ဘင်္ဂလားဒေ့ရှ်နှင့်နယ်စပ် ၄ ပုံ ၃ ပုံကို အိန္ဒိယသံဆူးကြိုးစည်းရိုးခတ်ထား
………………………………

နယူးဒေလီ၊ စက်တင်ဘာ ၂၃

အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နိုင်ငံတကာနယ်ခြားစုစုပေါင်း၏ ၄ ပုံ ၃ ပုံကျော်ကို ခြုံငုံမိသော သံဆူးကြိုးတပ်ခြံစည်းရိုးအရှည် ၃၁၂၀ ကီလိုမီတာကျော်တည်ဆောက်ပြီးပြီးဖြစ်သည်။

၄၀၉၆ ကီလိုမီတာရှည်သည့် ၂ နိုင်ငံနယ်နိမိတ်တွင် ခြံစည်းရိုး ၄ ပုံ ၃ ပုံကျော်ခတ်ထားကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး နစ်ယာနန် ရိုင်က တနင်္ဂနွေနေ့လွှတ်တော်အစည်းအဝေးတွင်ပြောဆိုခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံမှအနောက်ဘင်ဂေါပြည်နယ်နှင့်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်အနောက်ပိုင်းတွင် ၁၆၃၈ ကီလိုမီတာကျော်ကို သံဆူးကြိုးတပ်ခြံစည်းရိုးခတ်ထားသည်ဟု သိရသည်။

အာသံပြည်နယ်တွင် ၂၁၀ ကီလိုမီတာ၊ မာဂယာလာပြည်နယ်တွင် ၃၂၆ ကီလိုမီတာ၊ မီဇိုဂမ်တွင် ၁၅၅ ကီလိုမီတာနှင့် ထရီပူရပြည်နယ်တွင် ၇၉၁ ကီလိုမီတာကျော်ခတ်ထားပြီးကြောင်းလည်း လွှတ်တော်မှတ်တမ်းအရသိရသည်။

ကျန်ရှိနေသေးသည့် ၉၇၆.၇ ကီလိုမီတာမှာ နယ်မြေအနေအထား၊ မြေရယူရေးပြဿနာများ၊ လူထုဆန္ဒပြမှုနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၏ဆန့်ကျင်မှုတို့ကြောင့် ကျန်ရှိနေခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့်နောက်ထပ်အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့်မြန်မာနိုင်ငံသည်လည်း နှစ်နိုင်ငံနယ်နိမိတ် ၂၇၁ ကီလိုမီတာတွင် ၁၅၀ ကျော်ကို သံဆူးကြိုးတပ်ခြံစည်းရိုးခတ်ထားသည်။

Ref : India completes fencing three-fourths of border

#PeopleMedia


Share this post