• Follow Us on
Latest News

Home ဘဂၤလားေဒ့႐ွ္ COVID-19 လူနာေဆာင္တြင္ မီးေလာင္သျဖင့္ လူ ၅ ေယာက္ေသဆံုး

ဘဂၤလားေဒ့႐ွ္ COVID-19 လူနာေဆာင္တြင္ မီးေလာင္သျဖင့္ လူ ၅ ေယာက္ေသဆံုး

Share this post

ဒါကာ၊ ေမ ၂၈

ဗုဒၶဟူးေန႔ညက ဘဂၤလားေဒ့႐ွ္ႏိုင္ငံ႐ွိေဆး႐ံုတစ္႐ံုတြင္ ယာယီကို႐ိုနာဗိုင္းရပ္သီးသန္႔ေဆာင္မီးေလာင္မႈေၾကာင့္ လူ ၅ ေယာက္ေသဆံုးခဲ့သည္ဟု အာဏာပိုင္မ်ားကေျပာသည္။

ဒါကာၿမိဳ႕႐ွိပို႔႐ွ္ဂူရွန္ရပ္ကြက္တြင္ မီးေလာင္ခဲ့ၿပီး ေဆး႐ံုပိုင္ေလေအးေပးစက္တစ္လံုးေပါက္ကြဲၿပီးေနာက္ မီး ေလာင္ခဲ့ျခင္းျဖစ္ေၾကာင္း မီးသတ္ဌာနေျပာခြင့္ရသူ ကမ္႐ူးဟာဆန္က AFP သတင္းေအဂ်င္စီကိုေျပာသည္။

တစ္နာရီအတြင္း မီးထိန္းႏိုင္ၿပီး လူ ၅ ေယာက္ မီးခိုးမႊန္ေသဆံုးခဲ့ေၾကာင္းလည္း ဟာဆန္ကေျပာသည္။

လက္သန္႔ေဆးကဲ့သို႔ မီးေလာင္လြယ္သည့္ပစၥည္းမ်ား လူနာေဆာင္တြင္႐ွိေနျခင္းေၾကာင့္ မီးကူးလြယ္ခဲ့ေၾကာင္း ဒါကာဒုတိယရဲမင္းႀကီး ဆူဒစ္ပ္ ကူမာ ခ်ာကရာေဘာ္တီက AFP ကိုေျပာသည္။

ေသဆံုးသူ ၃ ေယာက္က COVID-19 လူနာမ်ားျဖစ္ၿပီး က်န္ ၂ ေယာက္မွာ ကူးစက္မႈမ႐ွိသူမ်ားျဖစ္ေၾကာင္း လည္း ေျပာသည္။ ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ဘဂၤလားေဒ့႐ွ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါပိုဆိုး လာၿပီး ေသဆံုးသူ ၅၄၄ ေယာက္႐ွိလာသလို ကူးစက္ခံရသူ ၄၀၀၀၀ နီးပါး႐ွိလာသည္။

Ref : Five die in fire in Bangladesh hospital COVID-19 unit

#PeopleMedia

(Unicode)
ဘင်္ဂလားဒေ့ရှ် COVID-19 လူနာဆောင်တွင် မီးလောင်သဖြင့် လူ ၅ ယောက်သေဆုံး
……………………………………………………

ဒါကာ၊ မေ ၂၈

ဗုဒ္ဓဟူးနေ့ညက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဆေးရုံတစ်ရုံတွင် ယာယီကိုရိုနာဗိုင်းရပ်သီးသန့်ဆောင်မီးလောင်မှုကြောင့် လူ ၅ ယောက်သေဆုံးခဲ့သည်ဟု အာဏာပိုင်များကပြောသည်။

ဒါကာမြို့ရှိပို့ရှ်ဂူရှန်ရပ်ကွက်တွင် မီးလောင်ခဲ့ပြီး ဆေးရုံပိုင်လေအေးပေးစက်တစ်လုံးပေါက်ကွဲပြီးနောက် မီး လောင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနပြောခွင့်ရသူ ကမ်ရူးဟာဆန်က AFP သတင်းအေဂျင်စီကိုပြောသည်။

တစ်နာရီအတွင်း မီးထိန်းနိုင်ပြီး လူ ၅ ယောက် မီးခိုးမွှန်သေဆုံးခဲ့ကြောင်းလည်း ဟာဆန်ကပြောသည်။

လက်သန့်ဆေးကဲ့သို့ မီးလောင်လွယ်သည့်ပစ္စည်းများ လူနာဆောင်တွင်ရှိနေခြင်းကြောင့် မီးကူးလွယ်ခဲ့ကြောင်း ဒါကာဒုတိယရဲမင်းကြီး ဆူဒစ်ပ် ကူမာ ချာကရာဘော်တီက AFP ကိုပြောသည်။

သေဆုံးသူ ၃ ယောက်က COVID-19 လူနာများဖြစ်ပြီး ကျန် ၂ ယောက်မှာ ကူးစက်မှုမရှိသူများဖြစ်ကြောင်း လည်း ပြောသည်။ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါပိုဆိုး လာပြီး သေဆုံးသူ ၅၄၄ ယောက်ရှိလာသလို ကူးစက်ခံရသူ ၄၀၀၀၀ နီးပါးရှိလာသည်။

Ref : Five die in fire in Bangladesh hospital COVID-19 unit

#PeopleMedia


Share this post