• Follow Us on

Home ဘဂၤလီမ်ား ေနရပ္ျပန္ႏုိင္ေရးအပါအဝင္ ဘဂၤလား-ျမန္မာ ႏုိင္ငံလုံၿခံဳေရးကိစၥမ်ား ပူးေပါင္းေဆာင္ရြက္ရန္ ဘဂၤလားေဒ့ရွ္ ၾကည္းတပ္ ဦးစီးခ်ဳပ္ ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕ ရန္ကုန္ၿမိဳ႕သို ့ေရာက္ရွိ

ဘဂၤလီမ်ား ေနရပ္ျပန္ႏုိင္ေရးအပါအဝင္ ဘဂၤလား-ျမန္မာ ႏုိင္ငံလုံၿခံဳေရးကိစၥမ်ား ပူးေပါင္းေဆာင္ရြက္ရန္ ဘဂၤလားေဒ့ရွ္ ၾကည္းတပ္ ဦးစီးခ်ဳပ္ ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕ ရန္ကုန္ၿမိဳ႕သို ့ေရာက္ရွိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၈

ဘဂၤလားေဒ့ရွ္ ၾကည္းတပ္ ဦးစီးခ်ဳပ္ General Aziz Ahmed, BSP, BGBM, PBGM, BGBMS, psc, G ဦးေဆာင္ ေသာ ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းက ေလေၾကာင္းခရီးျဖင့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္ သုိ႔ ေရာက္ရွိၾကသည္။

ဘဂၤလားေဒ့ရွ္ ၾကည္းတပ္ဦးစီးခ်ဳပ္ General Aziz Ahmed, BSP, BGBM, PBGM, BGB MS, psc, G ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕အား ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပံုႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ဘဂၤလားေဒ့ရွ္ႏုိင္ငံ သံအမတ္ႀကီး H.E. Mr.ManjurulKarim Khan Chowdhury၊ စစ္သံမွဴး Brig. Gen. Mr. RashedulMannan ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳ ဆုိခဲ့သည္။

အလားတူ ဘဂၤလားေဒ့ရွ္ ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕သည္ ျမန္မာႏုိင္ငံအစုိးရတာဝန္ရွိသူမ်ားအပါအဝင္ တပ္မေတာ္ႏွင့္ ႏွစ္ႏုိင္ငံလုံၿခံဳေရး၊ ဘဂၤလီမ်ားေနရာခ်ထားေရးစသည့္ကိစၥရပ္မ်ားေဆြးေႏြးရန္ရွိေၾကာင္း တပ္မေတာ္ထိပ္ပုိင္း ေခါင္းေဆာင္တစ္ဦးက အတည္ျပဳေျပာဆုိသည္။

#PeopleMedia

(Unicode)
ဘင်္ဂလီများ နေရပ်ပြန်နိုင်ရေးအပါအဝင် ဘင်္ဂလား-မြန်မာ နိုင်ငံလုံခြုံရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် ကြည်းတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ
……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၈

ဘင်္ဂလားဒေ့ရှ် ကြည်းတပ် ဦးစီးချုပ် General Aziz Ahmed, BSP, BGBM, PBGM, BGBMS, psc, G ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိကြသည်။

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် General Aziz Ahmed, BSP, BGBM, PBGM, BGB MS, psc, G ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr.ManjurulKarim Khan Chowdhury၊ စစ်သံမှူး Brig. Gen. Mr. RashedulMannan နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြို ဆိုခဲ့သည်။

အလားတူ ဘင်္ဂလားဒေ့ရှ် ဦးစီးချုပ်နှင့်အဖွဲ့သည် မြန်မာနိုင်ငံအစိုးရတာဝန်ရှိသူများအပါအဝင် တပ်မတော်နှင့် နှစ်နိုင်ငံလုံခြုံရေး၊ ဘင်္ဂလီများနေရာချထားရေးစသည့်ကိစ္စရပ်များဆွေးနွေးရန်ရှိကြောင်း တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောဆိုသည်။

#PeopleMedia


Share this post