• Follow Us on

Home ဘဂၤါလီစခန္းမ်ားတြင္ကူညီေရးလုပ္ေနသည့္အန္ဂ်ီအိုမ်ားကို ဘဂၤလားေဒ့႐ွ္အစိုးရေအဂ်င္စီ အျပည့္အ၀ႀကီး ၾကပ္ကြပ္ကဲခ်င္ေန

ဘဂၤါလီစခန္းမ်ားတြင္ကူညီေရးလုပ္ေနသည့္အန္ဂ်ီအိုမ်ားကို ဘဂၤလားေဒ့႐ွ္အစိုးရေအဂ်င္စီ အျပည့္အ၀ႀကီး ၾကပ္ကြပ္ကဲခ်င္ေန

Share this post

ဒါကာ၊ ၾသဂုတ္ ၂၁

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)အေရးေျဖ႐ွင္းရန္ ေကာ့က္စ္ဘဇားခ႐ိုင္တြင္အေျခစိုက္သည့္ ဘဂၤလား ေဒ့႐ွိအစိုးရေအဂ်င္စီ ဒုကၡသည္ကယ္ဆယ္ေရးႏွင့္ေနရပ္ျပန္ေရးမဟာမင္းႀကီး႐ံုး(RRRC)သည္ ဘဂၤါလီမ်ား ခိုလႈံေနသည့္စခန္း ၃၄ ခုတြင္အလုပ္လုပ္ေနၾကသည့္ အစိုးရမဟုတ္ေသာအဖြဲ႔အစည္း(အန္ဂ်ီအို)မ်ားကို အျပည့္အ၀ႀကီးၾကပ္ကြပ္ကဲခ်င္ေနေၾကာင္း ထိုျဖစ္ရပ္ႏွင့္သက္ဆိုင္သည့္သတင္းရင္းျမစ္မ်ားက ဒါကာထရီႁဗြန္း သတင္းစာကိုေျပာသည္။

RRRC မဟာမင္းႀကီး မာဘတ္ အာလမ္ တာလုဒါက ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္႐ံုးလက္ေအာက္႐ွိ အန္ဂ်ီအိုေရး ရာဗ်ဴ႐ိုထံ အန္ဂ်ီအိုမ်ားကို ထိန္းခ်ဳပ္ခြင့္ရေရးစာတစ္ေစာင္ ဇြန္တြင္ေပးပို႔ခဲ့သည္ဟုလည္း ေျပာသည္။

လက္႐ွိတြင္ အန္ဂ်ီအိုမ်ားကို လက္ေထာက္မဟာမင္းႀကီးႏွင့္ ေဒသအာဏာပိုင္မ်ားက ႀကီးၾကပ္ကြပ္ကဲ ေနသည္ဟု သူတို႔က ျဖည့္စြက္ေျပာသည္။

စာေပးပို႔ခဲ့ေၾကာင္း မဟာမင္းႀကီးတာလုဒါက အသိအမွတ္ျပဳေသာ္လည္း အန္ဂ်ီအိုမ်ားကို ထိန္းခ်ဳပ္လိုသည္ဆို သည့္အခ်က္ကိုမူ အသိအမွတ္ျပဳရန္ျငင္းဆိုသည္။

အေထာက္အပံ့မ်ား လူမွန္ေနရာမွန္ေရာက္႐ွိရန္ႏွင့္ ပြင့္လင္းျမင္သာတာ၀န္ခံမႈ႐ွိရန္ ရည္႐ြယ္ျခင္းျဖစ္ေ ၾကာင္းလည္း သူကေျပာသည္။

သတင္းရင္းျမစ္မ်ားအေျပာအရ ဘဂၤလာေဒ့႐ွ္သဘာ၀ေဘးစီမံခန္႔ခြဲေရးႏွင့္ကယ္ဆယ္ေရး၀န္ႀကီးဌာန လက္ေအာက္႐ွိၿပီး စခန္း ၃၄ ခုစလံုးအတြက္တာ၀န္႐ွိသည့္ RRRC က လက္႐ွိျဖန္႔ေ၀မႈ၊ ႀကီးၾကပ္ကြပ္ကဲ မႈႏွင့္ ေဒသအာဏာပိုင္မ်ား၏အသိအမွတ္ျပဳမႈသည္ ဘဂၤါလီမ်ားအေျခခ်ေနထိုင္သည့္ေနရာမ်ား႐ွိစီမံ ကိန္းမ်ားႏွင့္ယွဥ္ပါက ေျမျပင္လိုအပ္ခ်က္ႏွင့္ကိုက္ညီမႈမ႐ွိေၾကာင္း ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္႐ံုး၏ အန္ဂ်ီအိုေရးရာဗ်ဴ႐ိုထံစာေပးပို႔ေတာင္းဆိုထားသည္။

Ref : RRRC wants sole responsibility to oversee NGOs working in Rohingya camps

#PeopleMedia

(unicode)
ဘင်္ဂါလီစခန်းများတွင်ကူညီရေးလုပ်နေသည့်အန်ဂျီအိုများကို ဘင်္ဂလားဒေ့ရှ်အစိုးရအေဂျင်စီ အပြည့်အဝကြီး ကြပ်ကွပ်ကဲချင်နေ
……………………………………………………

ဒါကာ၊ ဩဂုတ် ၂၁

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အရေးဖြေရှင်းရန် ကော့က်စ်ဘဇားခရိုင်တွင်အခြေစိုက်သည့် ဘင်္ဂလား ဒေ့ရှိအစိုးရအေဂျင်စီ ဒုက္ခသည်ကယ်ဆယ်ရေးနှင့်နေရပ်ပြန်ရေးမဟာမင်းကြီးရုံး(RRRC)သည် ဘင်္ဂါလီများ ခိုလှုံနေသည့်စခန်း ၃၄ ခုတွင်အလုပ်လုပ်နေကြသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း(အန်ဂျီအို)များကို အပြည့်အဝကြီးကြပ်ကွပ်ကဲချင်နေကြောင်း ထိုဖြစ်ရပ်နှင့်သက်ဆိုင်သည့်သတင်းရင်းမြစ်များက ဒါကာထရီဗြွန်း သတင်းစာကိုပြောသည်။

RRRC မဟာမင်းကြီး မာဘတ် အာလမ် တာလုဒါက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရုံးလက်အောက်ရှိ အန်ဂျီအိုရေး ရာဗျူရိုထံ အန်ဂျီအိုများကို ထိန်းချုပ်ခွင့်ရရေးစာတစ်စောင် ဇွန်တွင်ပေးပို့ခဲ့သည်ဟုလည်း ပြောသည်။

လက်ရှိတွင် အန်ဂျီအိုများကို လက်ထောက်မဟာမင်းကြီးနှင့် ဒေသအာဏာပိုင်များက ကြီးကြပ်ကွပ်ကဲ နေသည်ဟု သူတို့က ဖြည့်စွက်ပြောသည်။

စာပေးပို့ခဲ့ကြောင်း မဟာမင်းကြီးတာလုဒါက အသိအမှတ်ပြုသော်လည်း အန်ဂျီအိုများကို ထိန်းချုပ်လိုသည်ဆို သည့်အချက်ကိုမူ အသိအမှတ်ပြုရန်ငြင်းဆိုသည်။

အထောက်အပံ့များ လူမှန်နေရာမှန်ရောက်ရှိရန်နှင့် ပွင့်လင်းမြင်သာတာဝန်ခံမှုရှိရန် ရည်ရွယ်ခြင်းဖြစ် ေကြာင်းလည်း သူကပြောသည်။

သတင်းရင်းမြစ်များအပြောအရ ဘင်္ဂလာဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာန လက်အောက်ရှိပြီး စခန်း ၃၄ ခုစလုံးအတွက်တာဝန်ရှိသည့် RRRC က လက်ရှိဖြန့်ဝေမှု၊ ကြီးကြပ်ကွပ်ကဲ မှုနှင့် ဒေသအာဏာပိုင်များ၏အသိအမှတ်ပြုမှုသည် ဘင်္ဂါလီများအခြေချနေထိုင်သည့်နေရာများရှိစီမံ ကိန်းများနှင့်ယှဉ်ပါက မြေပြင်လိုအပ်ချက်နှင့်ကိုက်ညီမှုမရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရုံး၏ အန်ဂျီအိုရေးရာဗျူရိုထံစာပေးပို့တောင်းဆိုထားသည်။

Ref : RRRC wants sole responsibility to oversee NGOs working in Rohingya camps

#PeopleMedia


Share this post