• Follow Us on
Latest News

Home ဘင်္ဂါလီဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးညွှန်းတမ်းဖြင့် ပညာသင်ကြားရန် ဘင်္ဂလားဒေ့ရ်အစိုးရခွင့်ပြု

ဘင်္ဂါလီဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးညွှန်းတမ်းဖြင့် ပညာသင်ကြားရန် ဘင်္ဂလားဒေ့ရ်အစိုးရခွင့်ပြု

Share this post


ဘင်္ဂလားဒေ့ရ်ရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်ကြသော ဘင်္ဂါလီဒုက္ခသည်ကလေးငယ်များ၏ ပညာသင်ကြားခွင့်နှင့် ပတ်သက်၍ လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုမှုများလုပ်ဆောင်ပြီးနောက် ကလေးငယ်များ၏ တရားဝင်ပညာသင်ကြားခွင့်ကို ဘင်္ဂလားဒေ့ရ်အစိုးရက ခွင့်ပြုလိုက်သည်။

ကလေးငယ် သန်းတစ်ဝက်ကျော်အပါအ၀င် ဘင်္ဂါလီဒုက္ခသည် တစ်သန်းနီးပါးမှာ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးပြီးနောက် ဘင်္ဂလားဒေ့ရ်္နိုင်ငံ ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေကြသည်။ ၎င်းတို့၏ပညာသင်ကြားခွင့်အတွက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လက်မှတ်ထိုးတောင်းဆိုသည့် လှုပ်ရှားမှုပြုလုပ်ပြီးနောက် ဘင်္ဂလားဒေ့ရ်အစိုးရက ခွင့်ပြုခဲ့သည်။


မိမိတို့အနေဖြင့် ရိုဟင်ဂျာမျိုးဆက် (မူရင်းအသုံးအနှုန်း) ပျောက်ကွယ်သွားမည်ကို အလိုမရှိကြောင်း၊ ၎င်းတို့အား ပညာတတ်မြောက်စေချင်ကြောင်းနှင့် မြန်မာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားစေမည်ဟု ဘင်္ဂလားဒေ့ရ်္နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က အေအက်ဖ်ပီသတင်းဌာနကကိုပြောသည်။


အဆိုပါပညာသင်ကြားရေးအစီအစဉ်တွင် ယူနီဆက်ဖ်နှင့် ဘင်္ဂလားဒေ့ရ်္တို့ပူးတွဲရေးဆွဲသည့် သင်ရိုးညွှန်းတမ်းနှင့်အတူ ဒုက္ခသည်ကျောင်းသား ကျောင်းသူ တစ်သောင်းကျော်ပါဝင်မည့် ရှေ့ပြေးအစီအစဉ်ကို များမကြာမီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။



(unicode)
ဘင်္ဂါလီဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးညွှန်းတမ်းဖြင့် ပညာသင်ကြားရန် ဘင်္ဂလားဒေ့ရ်ှအစိုးရခွင့်ပြု
…………………………………………………………………………..

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉

ဘင်္ဂလားဒေ့ရ်ှရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်ကြသော ဘင်္ဂါလီဒုက္ခသည်ကလေးငယ်များ၏ ပညာသင်ကြားခွင့်နှင့် ပတ်သက်၍ လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုမှုများလုပ်ဆောင်ပြီးနောက် ကလေးငယ်များ၏ တရား၀င်ပညာသင်ကြားခွင့်ကို ဘင်္ဂလားဒေ့ရ်ှအစိုးရက ခွင့်ပြုလိုက်သည်။

ကလေးငယ် သန်းတစ်၀က်ကျော်အပါအ၀င် ဘင်္ဂါလီဒုက္ခသည် တစ်သန်းနီးပါးမှာ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးပြီးနောက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေကြသည်။ ၎င်းတို့၏ပညာသင်ကြားခွင့်အတွက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လက်မှတ်ထိုးတောင်းဆိုသည့် လှုပ်ရှားမှုပြုလုပ်ပြီးနောက် ဘင်္ဂလားဒေ့ရ်ှအစိုးရက ခွင့်ပြုခဲ့သည်။

ဒုက္ခသည်ကလေးငယ်များယခင်က ပညာသင်ကြားမှုတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် သင်ရိုးညွှန်းတမ်းများကို အသုံးပြုခြင်းမှ တားမြစ်ခံထားရပြီး ယူနီဆက်ဖ်မှလုပ်ဆောင်ပေးထားသော ယာယီစာသင်ကျောင်းများတွင်သာ မူလတန်းပညာရေးကို သင်ကြားခဲ့ရသည်။

မိမိတို့အနေဖြင့် ရိုဟင်ဂျာမျိုးဆက် (မူရင်းအသုံးအနှုန်း) ပျောက်ကွယ်သွားမည်ကို အလိုမရှိကြောင်း၊ ၎င်းတို့အား ပညာတတ်မြောက်စေချင်ကြောင်းနှင့် မြန်မာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားစေမည်ဟု ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီး အေကေအဗ္ဗဒူမိုမန်က အေအက်ဖ်ပီသတင်းဌာနကကိုပြောသည်။

ဘင်္ဂလီကလေးငယ်များအနေဖြင့် မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှု ဘာသာရပ်များကိုသင်ကြားရမည့်အပြင် ကျွမ်းကျင်မှုသင်တန်းများလည်း သင်ကြားရမည်ဖြစ်သောကြောင့် ရခိုင်ပြည်နယ်သို့ ပြန်လည်နေထိုင်ချိန်တွင် အလုပ်လုပ်ကိုင်နိုင်ကြောင်း ၎င်းကပြောသည်။

အဆိုပါပညာသင်ကြားရေးအစီအစဉ်တွင် ယူနီဆက်ဖ်နှင့် ဘင်္ဂလားဒေ့ရ်ှတို့ပူးတွဲရေးဆွဲသည့် သင်ရိုးညွှန်းတမ်းနှင့်အတူ ဒုက္ခသည်ကျောင်းသား ကျောင်းသူ တစ်သောင်းကျော်ပါ၀င်မည့် ရှေ့ပြေးအစီအစဉ်ကို များမကြာမီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။

Ref : Bangladesh allows education for Rohingya refugee children

#peoplemedia #InternationalNews


Share this post