• Follow Us on
Latest News

Home ဘင်္ဂါလီဒုက္ခသည်စခန်းတွင် အိမ် ၅၅၀ ကျော် မီးလောင်ပျက်စီး

ဘင်္ဂါလီဒုက္ခသည်စခန်းတွင် အိမ် ၅၅၀ ကျော် မီးလောင်ပျက်စီး

Share this post

ဒါကာ၊ ဇန်နဝါရီ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)မွတ်ဆလင်ဒုက္ခသည်စခန်းကြီးတခုတွင် ကြာသပတေးနေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ် ၅၅၀ ကျော်ပျက်စီးခဲ့သည်။
အထိအခိုက်မရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ (UNHCR) ကပြောသည်။
ပျက်စီးသွားသောအိမ်များတွင် လူ ၃၅၀၀ နေထိုင်ပြီး ဆိုင် ၁၅၀ ခန့် တစိတ်တပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ပျက်စီးသွားကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိများကပြောသည်။
ကြာသပတေးနေ့မနက်အစောပိုင်းတွင် ကော့က်စ်ဘဇားခရိုင်ရှိ နာယာပါရာစခန်းတွင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မီးလောင်ရာနေရာသို့ရောက်ရန် မီးသတ်ဌာနကနောက်ကျခဲ့ပြီး မီးထိန်းနိုင်ရန် ၂ နာရီကြာခဲ့သည်ဟု ဘင်္ဂလား ဒေ့ရှ်သတင်းများတွင်ဖော်ပြသည်။ မီးလောင်ရသည့်အကြောင်းရင်းကို မသိရသေးချေ။
မီးလောင်ရာမှမြင်ကွင်းများတွင် ပြန့်ကျဲနေသည့်အပျက်အစီးများကြား ပိုင်ဆိုင်သည့်ပစ္စည်းများကို ရှာဖွေနေ သည့်လူများကိုမြင်တွေ့ရသည်။
အိမ်များပျက်စီးသွားသည့်အချို့လူများက ဆွေမျိုးများနှင့်သွားနေကြသော်လည်း သွားစရာမရှိသည့်အခြား သူများက ခိုကိုးရာမဲ့နေသည်ဟု မြေပြင်ရှိဒုက္ခသည်များကပြောသည်။
Ref : Fire razes hundreds of homes at Rohingya refugee camp in Bangladesh
#PeopleMedia
(unicode)
…………………………………………
Ref : Fire razes hundreds of homes at Rohingya refugee camp in Bangladesh

Share this post