• Follow Us on

Home ဘင်္ဂါလီများကိုလူကုန်ကူးမှုဖြင့် ထိုင်းတွင် လူ ၇ ယောက်ကိုဖမ်းဆီး

ဘင်္ဂါလီများကိုလူကုန်ကူးမှုဖြင့် ထိုင်းတွင် လူ ၇ ယောက်ကိုဖမ်းဆီး

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၂၈
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို လူကုန်ကူးနေသည့်အဓိကကွန်ရက်တခုကို စုံစမ်းဖော်ထုတ်မှု တစိတ်တပိုင်းအနေဖြင့် ထိုင်းနိုင်ငံရှိ ခရိုင် ၅ ခုတွင် စီးနင်းမှုများပြုလုပ်ခဲ့ပြီး သံသယတရားခံ ၇ ယောက်ကို ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲများက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
တနင်္လာနေ့မနက်ပိုင်းတွင် တက်၊ ဘန်ကောက်၊ ပသွန်သာနီ၊ နာရာသီဝတ်နှင့် နခွန်ဆီသာမရတ်တို့၌ စီးနင်းမှုများပြုလုပ်ခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ ဒုတိယမဟာမင်းကြီး ရဲဗိုလ်ချုပ် အတ်ချာယွန် ကရိုင်သောင်ကပြောသည်။
တက်ခရိုင်၊ မဲဆောက်မြို့တွင် ၂၀၁၂ ခုနှစ်က ရဲတပ်ဖွဲ့မှထုတ်ပယ်ခြင်းခံထားရသူတယောက်အပါအဝင် ၃ ယောက်ကိုဖမ်းမိခဲ့သည်။
ဘန်ကောက်တွင် ထိန်းသိမ်းခံရသူနောက်တယောက်မှာ ဇန်နဝါရီ ၃ ရက်က ဘန်ကောက်မြို့ရှိ ဒွန်မောင်းမြို့ နယ်တွင် ဘင်္ဂါလီတရားမဝင်ရွှေ့ပြောင်းအခြေချသူ ၁၉ ယောက်ကိုဝှက်ထားသည့်နေအိမ်စီးနင်းမှုနှင့် ဆက်စပ်ပြီးထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားတယောက်၏ ဇနီးသည်ဖြစ်သည်။
ဘင်္ဂါလီအားလုံးသည် ရခိုင်ပြည်နယ်မှထွက်လာကာ မြန်မာနှင့်ထိုင်းနိုင်ငံသားများပါဝင်သော လူကုန်ကူးဂိုဏ်းတခုအကူအညီဖြင့် မဲဆောက်မြို့ကို တောလမ်းမှခိုးဝင်လာခြင်းဖြစ်သည်ဟု ထိုင်းဘက်ကစုံစမ်းစစ်ဆေးမှုတွင်တွေ့ရှိသည်။
နခွန်ဆီသာမရတ်တွင်ဖမ်းဆီးရမိသူ ၂ ယောက်မှာ မြန်မာနိုင်ငံသား ၂ ယောက်ဖြစ်ပြီး သူတို့နှင့်အတူ ကား ၅ စီးကိုလည်း သိမ်းဆည်းရမိသည်။
လူကုန်ကူးဂိုးဏ်းတွင် အဓိကပါဝင်သူတယောက်ဖြစ်သော ဂျဲဒါကိုလည်း ဖမ်းဆီးရမိခဲ့ပြီး သူ၏ဘဏ်အေ ကာင့်များထဲတွင် ဘတ် ၁၀ သန်းနှင့် သန်း ၂၀ ကြားထဲရှိကြောင်းတွေ့ရှိရသည်။
ထိုငွေများ၏စီးဆင်းမှုကိုလေ့လာကြည့်ခြင်းဖြင့် ဂိုဏ်းထဲတွင်မည်သူများပါဝင်နေကြောင်း စုံစမ်းဖော်ထုတ် နေသည်ဟု ရဲများကပြောသည်။
Ref : 7 held in Rohingya smuggling probe
#PeopleMedia
(Unicode)
…………………………………….
Ref : 7 held in Rohingya smuggling probe
#PeopleMedia


Share this post