• Follow Us on

Home ဘဂၤါလီမ်ားကို ဘာ႐ွန္ခ်ားကၽြန္းသို႔ေနရာေ႐ႊ႕ေျပာင္းျခင္းသည္ ေသေၾကာင္းႀကံေသာလုပ္ရပ္ဟုဆို

ဘဂၤါလီမ်ားကို ဘာ႐ွန္ခ်ားကၽြန္းသို႔ေနရာေ႐ႊ႕ေျပာင္းျခင္းသည္ ေသေၾကာင္းႀကံေသာလုပ္ရပ္ဟုဆို

Share this post

ဒါကာ၊ ဒီဇင္ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ဘာ႐ွန္ခ်ားကၽြန္းသို႔ေျပာင္းေ႐ႊ႕ျခင္းသည္ ေသေၾကာင္းႀကံေသာ လုပ္ရပ္ဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၏အတိုက္အခံပါတီဘီအန္ပီ ဗဟိုေကာ္မတီက သတ္မွတ္ၿပီး ထိုလုပ္ရပ္ကို ခ်က္ခ်င္းရပ္ဆိုင္းရန္ အစိုးရကိုေတာင္းဆိုသည္။
ကုလသမဂၢႏွင့္ႏိုင္ငံတကာအဖြဲ႔အစည္းမ်ားကစိုးရိမ္ေနသည့္ အစိုးရ၏လုပ္ရပ္ကိုစိုးရိမ္ေၾကာင္းႏွင့္ ထိုလုပ္ ရပ္သည္ ျမန္မာႏိုင္ငံမွထြက္ေျပးလာေသာဒုကၡသည္မ်ား ေနရပ္ျပန္ေရးလုပ္ငန္းစဥ္မ်ားကို အားနည္း ေစႏိုင္သည္ဟု ပါတီဗဟိုေကာ္မတီက ႐ွဳျမင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါတီအတြင္းေရးမွဴး မီယာဇာ ဖာခ႐ူး အစၥလမ္ အလမ္ဂ်ီက တနဂၤေႏြေန႔တြင္ေျပာသည္။
ေနရာေ႐ႊ႕ေျပာင္းျခင္းလုပ္ငန္းသည္ ျမန္မာႏိုင္ငံ၏အက်ိဳးစီးပြားကိုေဆာင္႐ြက္ေပးေနျခင္းျဖစ္ၿပီး ဘဂၤလားေဒ့႐ွ္ ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာကို ဖ်က္ဆီးေနေၾကာင္းလည္း ပါတီဗဟိုေကာ္မတီကျမင္သည္ဟုေျပာသည္။
ဥေရာပသမဂၢႏွင့္ အျခားႏိုင္ငံတကာအဖြဲ႔အစည္းမ်ားကစိုးရိမ္ေနသျဖင့္ ဘဂၤါလီမ်ား ျမန္မာႏိုင္ငံသို႔ေနရပ္ျပန္ေရး အတြက္ ဘဂၤလားေဒ့႐ွ္အစိုးရအေနႏွင့္ ထိုလုပ္ရပ္ကို ခ်က္ခ်င္းရပ္ဆိုင္းသင့္သည္ဟုလည္း ေျပာသည္။
လက္႐ွိအာဏာရပါတီအဝါမီလိဂ္ဦးေဆာင္သည့္အစိုးရသည့္ ဘဂၤါလီမ်ားေနရပ္ျပန္ေရးရည္႐ြယ္ေသာ မွန္ကန္ မႈႏွင့္ စိတ္ေကာင္းေစတနာေကာင္း႐ွိေၾကာင္းေဖာ္ျပရန္ မေအာင္ျမင္ခဲ့ဟုလည္း ေ၀ဖန္သည္။
ေကာ့က္စ္ဘဇားခ႐ိုင္တြင္ လူႁပြတ္သိပ္ေနေသာဒုကၡသည္စခန္းမ်ား၌ ေျမၿပိဳမႈႏွင့္အျခားမလိုလားအပ္ ေသာျဖစ္ရပ္မ်ား၏အႏၲရာယ္ကိုေ႐ွာင္႐ွားရန္ ဘဂၤလားေဒ့႐ွ္အစိုးရက ထိုေနရာ႐ွိဘဂၤါလီ ၁.၁ သန္းေက်ာ္အနက္ ၁ သန္းကို ဘာ႐ွန္ခ်ားကၽြန္းသို႔ အဆင့္လိုက္ေ႐ႊ႕ေျပာင္းရန္စီစဥ္ထားသည္။
ပထမအဆင့္အေနျဖင့္ မိမိစိတ္သေဘာအရေ႐ႊ႕ေျပာင္းလိုေသာဘဂၤါလီ ၁၆၀၀ ေက်ာ္ကို ၿပီးခဲ့သည့္ေသာၾကာ ေန႔တြင္ ေ႐ႊ႕ေျပာင္းေပးခဲ့သည္။
Ref : BNP: Rohingya relocation a suicidal process
#PeopleMedia
(unicode)
ဘင်္ဂါလီများကို ဘာရှန်ချားကျွန်းသို့နေရာရွှေ့ပြောင်းခြင်းသည် သေကြောင်းကြံသောလုပ်ရပ်ဟုဆို
…………………………………………………..
ဒါကာ၊ ဒီဇင်ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ဘာရှန်ချားကျွန်းသို့ပြောင်းရွှေ့ခြင်းသည် သေကြောင်းကြံသော လုပ်ရပ်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အတိုက်အခံပါတီဘီအန်ပီ ဗဟိုကော်မတီက သတ်မှတ်ပြီး ထိုလုပ်ရပ်ကို ချက်ချင်းရပ်ဆိုင်းရန် အစိုးရကိုတောင်းဆိုသည်။
ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများကစိုးရိမ်နေသည့် အစိုးရ၏လုပ်ရပ်ကိုစိုးရိမ်ကြောင်းနှင့် ထိုလုပ် ရပ်သည် မြန်မာနိုင်ငံမှထွက်ပြေးလာသောဒုက္ခသည်များ နေရပ်ပြန်ရေးလုပ်ငန်းစဉ်များကို အားနည်း စေနိုင်သည်ဟု ပါတီဗဟိုကော်မတီက ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ပါတီအတွင်းရေးမှူး မီယာဇာ ဖာခရူး အစ္စလမ် အလမ်ဂျီက တနင်္ဂနွေနေ့တွင်ပြောသည်။
နေရာရွှေ့ပြောင်းခြင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၏အကျိုးစီးပွားကိုဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏အချုပ်အခြာအာဏာကို ဖျက်ဆီးနေကြောင်းလည်း ပါတီဗဟိုကော်မတီကမြင်သည်ဟုပြောသည်။
ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများကစိုးရိမ်နေသဖြင့် ဘင်္ဂါလီများ မြန်မာနိုင်ငံသို့နေရပ်ပြန်ရေး အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနှင့် ထိုလုပ်ရပ်ကို ချက်ချင်းရပ်ဆိုင်းသင့်သည်ဟုလည်း ပြောသည်။
လက်ရှိအာဏာရပါတီအဝါမီလိဂ်ဦးဆောင်သည့်အစိုးရသည့် ဘင်္ဂါလီများနေရပ်ပြန်ရေးရည်ရွယ်သော မှန်ကန် မှုနှင့် စိတ်ကောင်းစေတနာကောင်းရှိကြောင်းဖော်ပြရန် မအောင်မြင်ခဲ့ဟုလည်း ဝေဖန်သည်။
ကော့က်စ်ဘဇားခရိုင်တွင် လူပြွတ်သိပ်နေသောဒုက္ခသည်စခန်းများ၌ မြေပြိုမှုနှင့်အခြားမလိုလားအပ် သောဖြစ်ရပ်များ၏အန္တရာယ်ကိုရှောင်ရှားရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ထိုနေရာရှိဘင်္ဂါလီ ၁.၁ သန်းကျော်အနက် ၁ သန်းကို ဘာရှန်ချားကျွန်းသို့ အဆင့်လိုက်ရွှေ့ပြောင်းရန်စီစဉ်ထားသည်။
ပထမအဆင့်အနေဖြင့် မိမိစိတ်သဘောအရရွှေ့ပြောင်းလိုသောဘင်္ဂါလီ ၁၆၀၀ ကျော်ကို ပြီးခဲ့သည့်သောကြာ နေ့တွင် ရွှေ့ပြောင်းပေးခဲ့သည်။
Ref : BNP: Rohingya relocation a suicidal process
#PeopleMedia


Share this post