• Follow Us on

Home ဘဂၤါလီမ်ားကို ဘာ႐ွန္ခ်ားကၽြန္းေပၚေျပာင္းေ႐ႊ႕ေနရာခ်ျခင္းအေပၚ ဘဂၤလားေဒ့႐ွ္အတိုက္အခံပါတီေ၀ဖန္

ဘဂၤါလီမ်ားကို ဘာ႐ွန္ခ်ားကၽြန္းေပၚေျပာင္းေ႐ႊ႕ေနရာခ်ျခင္းအေပၚ ဘဂၤလားေဒ့႐ွ္အတိုက္အခံပါတီေ၀ဖန္

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘာ႐ွန္ခ်ားကၽြန္းေပၚသို႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကိုေျပာင္းေ႐ႊ႕ေနရာခ်ျခင္းသည္ ျပႆနာကို ေျဖ႐ွင္းရန္ ဘဂၤလားေဒ့႐ွ္အစိုးရ၏ အဆံုးမဲ့သံတမန္ႏွင့္ႏိုင္ငံေရးက်ဆံုးမႈျဖစ္ေၾကာင္းေဖာ္ျပေနသည္ဟု အတိုက္အခံ ဘီအန္ပီပါတီကျပင္းျပင္းထန္ထန္႐ွဳတ္ခ်သည္။

ဘာ႐ွန္ခ်ားကၽြန္းစီမံကိန္းကို ဘဂၤလားေဒ့႐ွ္အစိုးရအေကာင္အထည္ေဖာ္ျခင္းသည္ အက်င့္ပ်က္ျခစားမႈမ်ားႏွင့္ ဘဂၤါလီမ်ား ျမန္မာႏိုင္ငံသို႔ေနရပ္ျပန္ေရးကိစၥမေအာင္ျမင္မႈကိုဖံုးကြယ္ရန္ျပဳလုပ္ျခင္းဟု ပါတီ႐ံုးခ်ဳပ္တြင္ျပဳ လုပ္သည့္သတင္းစာ႐ွင္းလင္းပြဲတြင္ ပါတီအေထြေထြအတြင္းေရးမွဴး မီဇာ ဖာက႐ူး အစၥလမ္ အလမ္ဂ်ားက စြပ္စြဲသည္။

ေ႐ႊ႕ေျပာင္းသည့္လုပ္ငန္းစဥ္ကို ကုလသမဂၢႏွင့္အျခားႏိုင္ငံတကာအဖြဲ႔အစည္းမ်ားကကန္႔ကြက္ေနသျဖင့္ ထိုလုပ္ရပ္သည္ အကန္႔အသတ္မဲ့သံခင္းတမန္ခင္းႏွင့္ႏိုင္ငံေရးက်႐ွံဳးမႈျဖစ္ေၾကာင္း ႐ွင္းလင္းသည့္ဥပမာ တခုျဖစ္ေနသည္ဟု သူကေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ ဘဂၤါလီမ်ားကို ယာယီခိုလႈံခြင့္ေပးထားျခင္းျဖစ္ၿပီး ဘာ႐ွန္ခ်ားတြင္အေဆာက္အအံုမ်ား တည္ေဆာက္ကာ ဘဂၤါလီမ်ားကိုေ႐ႊ႕ေျပာင္းေပးျခင္းသည္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ဘဂၤါလီမ်ားကို ထာ၀ရလက္ခံ သြားမည္ျဖစ္ေၾကာင္း ျမန္မာအာဏာပိုင္မ်ားဘက္က ေတြးဆႏိုင္သည္ဟုစိုးရိမ္ေၾကာင္းလည္းေျပာသည္။

ဘဂၤါလီမ်ားကိုေနရပ္ျပန္ပို႔ေရးအဓိကအၾကပ္အတည္းသည္ ေနရာေ႐ႊ႕ေျပာင္းျခင္းေၾကာင့္ ျပႆနာပိုနက္႐ွိဳင္း လာႏိုင္သည္ဟုလည္းေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ ဒီမိုကေရစီစနစ္က်င့္သံုးသည့္အစိုးရတရပ္တည္ေထာင္ျခင္းသည္ ဘဂၤါလီျပႆနာ ကိုေျဖ႐ွင္းရာတြင္ အက်ိဳး႐ွိေသာက႑တရပ္မွပါ၀င္ေၾကာင္း သူကေျပာသည္။

Ref : BNP sharply criticises Rohingya relocation

#PeopleMedia

(unicode)
ဘင်္ဂါလီများကို ဘာရှန်ချားကျွန်းပေါ်ပြောင်းရွှေ့နေရာချခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်အတိုက်အခံပါတီဝေဖန်
……………………………………………..

ဒါကာ၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘာရှန်ချားကျွန်းပေါ်သို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကိုပြောင်းရွှေ့နေရာချခြင်းသည် ပြဿနာကို ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အဆုံးမဲ့သံတမန်နှင့်နိုင်ငံရေးကျဆုံးမှုဖြစ်ကြောင်းဖော်ပြနေသည်ဟု အတိုက်အခံ ဘီအန်ပီပါတီကပြင်းပြင်းထန်ထန်ရှုတ်ချသည်။

ဘာရှန်ချားကျွန်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရအကောင်အထည်ဖော်ခြင်းသည် အကျင့်ပျက်ခြစားမှုများနှင့် ဘင်္ဂါလီများ မြန်မာနိုင်ငံသို့နေရပ်ပြန်ရေးကိစ္စမအောင်မြင်မှုကိုဖုံးကွယ်ရန်ပြုလုပ်ခြင်းဟု ပါတီရုံးချုပ်တွင်ပြု လုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူး မီဇာ ဖာကရူး အစ္စလမ် အလမ်ဂျားက စွပ်စွဲသည်။

ရွှေ့ပြောင်းသည့်လုပ်ငန်းစဉ်ကို ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများကကန့်ကွက်နေသဖြင့် ထိုလုပ်ရပ်သည် အကန့်အသတ်မဲ့သံခင်းတမန်ခင်းနှင့်နိုင်ငံရေးကျရှုံးမှုဖြစ်ကြောင်း ရှင်းလင်းသည့်ဥပမာ တခုဖြစ်နေသည်ဟု သူကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂါလီများကို ယာယီခိုလှုံခွင့်ပေးထားခြင်းဖြစ်ပြီး ဘာရှန်ချားတွင်အဆောက်အအုံများ တည်ဆောက်ကာ ဘင်္ဂါလီများကိုရွှေ့ပြောင်းပေးခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီများကို ထာဝရလက်ခံ သွားမည်ဖြစ်ကြောင်း မြန်မာအာဏာပိုင်များဘက်က တွေးဆနိုင်သည်ဟုစိုးရိမ်ကြောင်းလည်းပြောသည်။

ဘင်္ဂါလီများကိုနေရပ်ပြန်ပို့ရေးအဓိကအကြပ်အတည်းသည် နေရာရွှေ့ပြောင်းခြင်းကြောင့် ပြဿနာပိုနက်ရှိုင်း လာနိုင်သည်ဟုလည်းပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒီမိုကရေစီစနစ်ကျင့်သုံးသည့်အစိုးရတရပ်တည်ထောင်ခြင်းသည် ဘင်္ဂါလီပြဿနာ ကိုဖြေရှင်းရာတွင် အကျိုးရှိသောကဏ္ဍတရပ်မှပါဝင်ကြောင်း သူကပြောသည်။

Ref : BNP sharply criticises Rohingya relocation

#PeopleMedia


Share this post