• Follow Us on

Home ဘင်္ဂါလီများကို လက်ခံရန်မှတပါး ရွေးချယ်စရာမရှိခဲ့ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော


Share this post








(Unicode)
ဘင်္ဂါလီများကို လက်ခံရန်မှတပါး ရွေးချယ်စရာမရှိခဲ့ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော
……………………………………………………

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မှာ ရက်စက်ကြမ်းကြုပ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ ဘင်္ဂါလီဒုက္ခသည်တွေကို လက်ခံရန်မှတပါး ရွေးချယ်စရာမရှိခဲ့ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှဟီဒူလ်ဟက်က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ခံထားရုံမှတပါး ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိခဲ့ပါဘူး” လို့ Brac တက္ကသိုလ်က ငြိမ်းချမ်းရေးနှင့် တရားရေးစင်တာ(CPJ)က ပြုလုပ်တဲ့ ဘင်္ဂါလီများအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု စာပေ ဟောပြောပွဲမှာ ဟက်က ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုဟောပြောပွဲကို တက်သိပညာရှင်များ၊ သံတမန်များ၊ NGO အဖွဲ့အစည်းများနဲ့ ကုလကိုယ်စားလှယ်တော် များလည်း တက်ရောက်ခဲ့ကြပါတယ်။

ဘင်္ဂါလီများ အသတ်ခံရခြင်းနဲ့ ၄င်းတို့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေကို ကြားသိရချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုမြင့်တက်ခဲ့တယ်လို့ ၄င်းကပြောပါတယ်။

ဘင်္ဂါလီတွေကို လက်ခံထားဖို့ဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး နိုင်ငံအတိုင်းအတာအနေနဲ့ ထိခိုက်မှု တွေရှိပေမယ့် နိုင်ငံတကာရဲ့တာဝန်ဝတ္တရားတွေကို ထည့်သွင်းစဉ်းစားခဲ့ရတယ်လို့လည်း ဟက်က ပြောကြား ခဲ့ပါတယ်။

Ref; https://www.thedailystar.net/

#PeopleMedia #International


Share this post