• Follow Us on

Home ဘဂၤါလီမ်ားကို အေမရိကန္၊ ၿဗိတိန္ႏွင့္ အီးယူဦးေဆာင္သည့္ ႏိုင္ငံတကာအလွဴ႐ွင္မ်ားက ေဒၚလာသန္း ၆၀၀ နီးပါး လွဴဒါန္း

ဘဂၤါလီမ်ားကို အေမရိကန္၊ ၿဗိတိန္ႏွင့္ အီးယူဦးေဆာင္သည့္ ႏိုင္ငံတကာအလွဴ႐ွင္မ်ားက ေဒၚလာသန္း ၆၀၀ နီးပါး လွဴဒါန္း

Share this post

ဂ်ီနီဗာ၊ ေအာက္တိုဘာ ၂၂
 
မြတ္ဆလင္အမ်ားစုပါ၀င္သည့္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)သိန္းခ်ီကို လူသားခ်င္းစာနာေထာက္ထား မႈဆိုင္ရာအကူအညီမ်ားေပးရန္ ႏိုင္ငံတကာအလွဴ႐ွင္မ်ားက ေဒၚလာသန္း ၆၀၀ နီးပါးလွဴဒါန္းခဲ့သည္။
 
အေမရိကန္၊ ၿဗိတိန္ႏွင့္ ဥေရာပသမဂၢ(အီးယူ)တို႔က ကုလသမဂၢဒုကၡသည္ဆိုင္ရာေအဂ်င္စီ UNHCR ႏွင့္ အြန္လိုင္းညီလာခံျပဳလုပ္ခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္အတြင္း ဘဂၤါလီမ်ားအတြက္ ေဒၚလာသန္း ၁၀၀၀ ရန္ပံုေငြေထာက္ပံႏိုင္ရန္ရည္မွန္းခဲ့သည္။
 
အေမရိကန္က ေဒၚလာသန္း ၂၀၀ နီးပါးလွဴဒါန္းခဲ့ၿပီး အီးယူက ၁၁၃ သန္းခန္႔၊ ၿဗိတိန္က သန္း ၆၀ ခန္႔လွဴဒါန္းခဲ့သည္။ တ႐ုတ္ႏွင့္႐ု႐ွားတို႔ကို ဖိတ္ၾကားခဲ့ေသာ္လည္း ညီလာခံတက္ေရာက္ျခင္းမ႐ွိေခ်။
 
“လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာတံု႔ျပန္မႈေတြလုပ္ဖို႔ ခိုင္မာတဲ့ကတိက၀တ္ကိုေဖာ္ျပတဲ့အေနနဲ႔ ႏိုင္ငံတကာအသိုက္အ၀န္းဟာ ဒီေန႔မွာ ရန္ပံုေငြေဒၚလာ ၅၉၇ သန္းေထာက္ပံ့ခဲ့တာကို ေၾကညာခဲ့ပါတယ္”ဟု ကုလသမဂၢဒုကၡသည္ဆိုင္ရာမဟာမင္းႀကီး ဖီလစ္ပို ဂရန္ဒီကေျပာသည္။
 
၂၀၁၇ ခုႏွစ္က တပ္မေတာ္၏စစ္ဆင္ေရးမ်ားေၾကာင့္ ဘဂၤါလီ ၇ သိန္းေက်ာ္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ၿပီး ထိုစစ္ဆင္ေရးမ်ားသည္ လူမ်ိဳးတုန္းသတ္ျဖတ္ရန္ရည္႐ြယ္ခ်က္ျဖင့္ျပဳလုပ္ခဲ့ျခင္းဟု ကုလသမဂၢဘက္ကေျပာသည္။
 
စြပ္စြဲခ်က္မ်ားကို ျမန္မာႏိုင္ငံဘက္က ျငင္းဆိုထားၿပီး လက္နက္ကိုင္အဖြဲ႔မ်ားက လံုျခဳံေရးတပ္စြဲထားသည့္ ေနရာမ်ားႏွင့္ ရဲစခန္းမ်ားကို၀င္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ တရား၀င္လံုၿခံဳေရးစစ္ဆင္ေရးမ်ားျပဳလုပ္ခဲ့ျခင္း ျဖစ္သည္ဟု တံု႔ျပန္ထားသည္။
 
Ref : International donors pledge nearly $600m to support Rohingya
 
#PeopleMedia
 
(unicode)
ဘင်္ဂါလီများကို အမေရိကန်၊ ဗြိတိန်နှင့် အီးယူဦးဆောင်သည့် နိုင်ငံတကာအလှူရှင်များက ဒေါ်လာသန်း ၆၀၀ နီးပါး လှူဒါန်း
……………………………………………..
 
ဂျီနီဗာ၊ အောက်တိုဘာ ၂၂
 
မွတ်ဆလင်အများစုပါဝင်သည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)သိန်းချီကို လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီများပေးရန် နိုင်ငံတကာအလှူရှင်များက ဒေါ်လာသန်း ၆၀၀ နီးပါးလှူဒါန်းခဲ့သည်။
 
အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ(အီးယူ)တို့က ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအေဂျင်စီ UNHCR နှင့် အွန်လိုင်းညီလာခံပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ဘင်္ဂါလီများအတွက် ဒေါ်လာသန်း ၁၀၀၀ ရန်ပုံငွေထောက်ပံနိုင်ရန်ရည်မှန်းခဲ့သည်။
 
အမေရိကန်က ဒေါ်လာသန်း ၂၀၀ နီးပါးလှူဒါန်းခဲ့ပြီး အီးယူက ၁၁၃ သန်းခန့်၊ ဗြိတိန်က သန်း ၆၀ ခန့်လှူဒါန်းခဲ့သည်။ တရုတ်နှင့်ရုရှားတို့ကို ဖိတ်ကြားခဲ့သော်လည်း ညီလာခံတက်ရောက်ခြင်းမရှိချေ။
 
“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုတွေလုပ်ဖို့ ခိုင်မာတဲ့ကတိကဝတ်ကိုဖော်ပြတဲ့အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ ဒီနေ့မှာ ရန်ပုံငွေဒေါ်လာ ၅၉၇ သန်းထောက်ပံ့ခဲ့တာကို ကြေညာခဲ့ပါတယ်”ဟု ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီကပြောသည်။
 
၂၀၁၇ ခုနှစ်က တပ်မတော်၏စစ်ဆင်ရေးများကြောင့် ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပြီး ထိုစစ်ဆင်ရေးများသည် လူမျိုးတုန်းသတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဟု ကုလသမဂ္ဂဘက်ကပြောသည်။
 
စွပ်စွဲချက်များကို မြန်မာနိုင်ငံဘက်က ငြင်းဆိုထားပြီး လက်နက်ကိုင်အဖွဲ့များက လုံခြုံရေးတပ်စွဲထားသည့် နေရာများနှင့် ရဲစခန်းများကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တရားဝင်လုံခြုံရေးစစ်ဆင်ရေးများပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု တုံ့ပြန်ထားသည်။
 
Ref : International donors pledge nearly $600m to support Rohingya
 
#PeopleMedia

Share this post