• Follow Us on

Home ဘင်္ဂါလီများကို ပြန်လည်လက်ခံရန် အဆင်သင့်ပြင်ထားကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီးပြော

ဘင်္ဂါလီများကို ပြန်လည်လက်ခံရန် အဆင်သင့်ပြင်ထားကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီးပြော

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းများတွင်နေထိုင်နေသည့် ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည်လက်ခံရန်အဆင်သင့်ပြင်ဆင်ထားကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဇန်နဝါရီ ၁၉ ရက် အင်္ဂါနေ့တွင်ပြောသည်။

ဗီဒီယိုကွန်ဖရင့်ဖြင့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘော ဆွေး နွေးပွဲတွင် ပြောခြင်းဖြစ်သည်။

နေရပ်စွန့်ခွာသွားသူများကို ပြန်လည်ပို့ဆောင်၊ လက်ခံရေးဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ ကို ကျော်လွှားဖြေရှင်းနိုင်ရန် နှစ်နိုင်ငံအကြားချုပ်ဆိုထားသည့်သဘောတူ ညီချက်များနှင့်အညီ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက လိုက်နာဆောင်ရွက်စေရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် သဘောတူညီချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားကြောင်း ဦးဟောက်ဒိုဆွမ်းကပြောသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၌နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများကိုပြန်လည်လက်ခံရန် ရှေ့ပြေးစမ်းသပ်စီမံကိန်းကို ဆောင်ရွက် လျက်ရှိရာ စီမံကိန်းတွင် ပါဝင်သူများပါဝင်ပြီး ပြန်လည်လက်ခံရေးကိုစတင်နိုင်ကြောင်းလည်း ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိကော့ဘဇားခရိုင်မှဒုက္ခသည်စခန်းများတွင်ရှိနေသော နေရပ်ပြန်လိုကြောင်းထုတ်ပြောသည့် ဟိန္ဒူဘာသာ ဝင်များကို ဆောလျင်စွာပို့ဆောင်ပေးစေလိုကြောင်းလည်း ဦးဟောက်ဒိုဆွမ်းကပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရောက်နေသည့် နေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချရာတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများသည် မိမိသဘောဆန္ဒ အလျောက် ပြန်လိုသူဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဥပဒေစည်းမျဉ်းများကို လိုက်နာမည်ဖြစ်ကြောင်း နှစ်ဖက်သ ဘောတူညီထားသည့် သတ်မှတ်ပုံစံတွင် လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်းလည်း ရှင်းလင်းသည်။

ဆန္ဒအလျောက် နေရပ်ပြန်လိုသည့် နေရပ်စွန့်ခွာသူများကို ခြိမ်းခြောက်တားဆီးနေသည့် အကြမ်းဖက်အဖွဲ့ များကို ဖော်ထုတ်တားဆီးပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း တိုက်တွန်းခဲ့ကာ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ် ချောမွေ့စေရန် တရုတ်နိုင်ငံက ကူညီပေးမှုအပေါ် ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြောသည်။

တရုတ်နိုင်ငံခြားရေးဒုတိယဝန်ကြီး မစ္စတာ လျှိုကျောင်းဝေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်း ဝန် မစ္စတာ မာဆွတ် ဘင်မိုမန်တို့လည်း အစည်းအဝေးတွင်ပါဝင်သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသွားသူများအရေး ဦးစားပေးဆွေးနွေးခဲ့သည်။

#PeopleMedia #ဘင်္ဂါလီ #ပြန်လည်လက်ခံရေး #ဦးဟောက်ဒိုဆွမ်း

(unicode)
…………………………………………………..













Share this post