• Follow Us on
Latest News

Home ဘဂၤါလီမ်ားသည္ ႏိုင္ငံ၏လံုျခံဳေရးအတြက္ အႏၲရာယ္ျဖစ္လာဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

ဘဂၤါလီမ်ားသည္ ႏိုင္ငံ၏လံုျခံဳေရးအတြက္ အႏၲရာယ္ျဖစ္လာဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

Share this post

ဒါကာ၊ ၾသဂုတ္ ၂၈

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားသည္ ႏိုင္ငံလံုျခံဳေရး၊ လူမႈစီးပြားအေျခအေနမ်ားႏွင့္ သဘာ၀ပတ္၀န္းက်င္တို႔အတြက္ အႏၲရာယ္တစ္ခုျဖစ္လာၿပီဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး ေအေက အဗၺဒူ မိုမန္ကေျပာသည္။

ၾကာသပေတးေန႔က ႏိုင္ဂ်ီးရီးယားႏိုင္ငံျခားေရး၀န္ႀကီးႏွင့္အြန္လိုင္းမွေဆြးေႏြးရာတြင္ ေျပာခဲ့ျခင္းဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနထံကသိရသည္။

ကုလသမဂၢႏွင့္အျခားႏိုင္ငံတကာဖိုရမ္မ်ား၌ ျမန္မာႏိုင္ငံကို ဘဂၤါလီမ်ားအေပၚဖိႏွိပ္မႈရပ္ဆိုင္းရန္ႏွင့္ အိမ္ျပန္ႏိုင္ေစရန္ တြန္းအားေပးရာတြင္ အားေကာင္းသည့္အခန္းက႑တစ္ရပ္မွပါ၀င္ေပးေရးလည္း ေတာင္းဆိုခဲ့သည္။

ႏိုင္ဂ်ီရီးယားႏိုင္ငံသည္ အာဖရိကတြင္ စီးပြားေရးအင္အားအႀကီးဆံုးႏိုင္ငံျဖစ္ၿပီး ဘဂၤလားေဒ့႐ွ္ႏွင့္ႏိုင္ဂ်ီးရီးယားႏိုင္ငံတို႔ စိုက္ပ်ိဳးေရး၊ ပညာေရး၊ ကာကြယ္ေရးႏွင့္ ႏွစ္ဆင့္အခြန္ေကာက္ခံျခင္းတို႔ေ႐ွာင္႐ွားေရးအတြက္ နားလည္မႈစာခၽြန္လႊာမ်ားလက္မွတ္ေရးထိုးေရးေဆာင္႐ြက္ေနၾကသည္။

ႏွစ္ဖက္အက်ိဳး႐ွိပူးေပါင္းေဆာင္႐ြက္မႈမ်ားေၾကာင့္ ႏွစ္ႏိုင္ငံအက်ိဳး႐ွိလာမည္ဟု ႏိုင္ဂ်ီးရီးယားႏိုင္ငံျခားေရး၀န္ႀကီးကေျပာသည္။

#PeopleMedia #ဘဂၤါလီ #ဘဂၤလားေဒ့႐ွ္ #ႏိုင္ငံျခားေရး၀န္ႀကီး #႐ိုဟင္ဂ်ာ

(Unicode)
ဘင်္ဂါလီများသည် နိုင်ငံ၏လုံခြုံရေးအတွက် အန္တရာယ်ဖြစ်လာဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော
……………………………………………………

ဒါကာ၊ သြဂုတ် ၂၈

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များသည် နိုင်ငံလုံခြုံရေး၊ လူမှုစီးပွားအခြေအနေများနှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် အန္တရာယ်တစ်ခုဖြစ်လာပြီဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်ကပြောသည်။

ကြာသပတေးနေ့က နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်အွန်လိုင်းမှဆွေးနွေးရာတွင် ပြောခဲ့ခြင်းဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနထံကသိရသည်။

ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာဖိုရမ်များ၌ မြန်မာနိုင်ငံကို ဘင်္ဂါလီများအပေါ်ဖိနှိပ်မှုရပ်ဆိုင်းရန်နှင့် အိမ်ပြန်နိုင်စေရန် တွန်းအားပေးရာတွင် အားကောင်းသည့်အခန်းကဏ္ဍတစ်ရပ်မှပါဝင်ပေးရေးလည်း တောင်းဆိုခဲ့သည်။

နိုင်ဂျီရီးယားနိုင်ငံသည် အာဖရိကတွင် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နှင့်နိုင်ဂျီးရီးယားနိုင်ငံတို့ စိုက်ပျိုးရေး၊ ပညာရေး၊ ကာကွယ်ရေးနှင့် နှစ်ဆင့်အခွန်ကောက်ခံခြင်းတို့ရှောင်ရှားရေးအတွက် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးရေးဆောင်ရွက်နေကြသည်။

နှစ်ဖက်အကျိုးရှိပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံအကျိုးရှိလာမည်ဟု နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

#PeopleMedia #ဘင်္ဂါလီ #ဘင်္ဂလားဒေ့ရှ် #နိုင်ငံခြားရေးဝန်ကြီး #ရိုဟင်ဂျာ


Share this post