• Follow Us on

Home ဘဂၤါလီမ်ားအတြက္ တရားမွ်တမႈႏွင့္ တာ၀န္ခံမႈ႐ွိရန္ အေမရိက န္တိုက္တြန္း

ဘဂၤါလီမ်ားအတြက္ တရားမွ်တမႈႏွင့္ တာ၀န္ခံမႈ႐ွိရန္ အေမရိက န္တိုက္တြန္း

Share this post

ဝါ႐ွင္တန္ဒီစီ၊ ၾသဂုတ္ ၂၆

ျမန္မာအရပ္သားမ်ားက ကူညီခဲ့ၿပီး လံုၿခံဳေရးတပ္ဖြဲ႔မ်ားကစီစဥ္ခဲ့သည့္ရက္စက္မႈမ်ားခံစားခဲ့ရသည့္ ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားအတြက္ တရားမွ်တမႈရေရးႏွင့္ ျပစ္မႈက်ဴးလြန္သူမ်ားအေမရိကန္ ျပည္ေထာင္စုက ေတာင္းဆိုသည္။

ရခိုင္ျပည္နယ္တြင္လက္႐ွိျဖစ္ပြားေနသည့္အင္အားသံုးတိုက္ခိုက္မႈမ်ားရပ္ဆိုင္းရန္ သက္ဆိုင္သည့္အာဏာ ပိုင္မ်ားကိုလည္း အေမရိကန္က တိုက္တြန္းသည္။

“ျမန္မာလံုျခံဳေရးတပ္ဖြဲ႔ေတြက ႐ိုဟင္ဂ်ာအမ်ိဳးသားေတြ၊ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြကို ရက္စက္ ၾကမ္းတမ္းတဲ့တိုက္ခိုက္မႈေတြလုပ္ခဲ့တာ ၃ ႏွစ္ျပည့္ခဲ့ၿပီးတဲ့ေနာက္ ထိခိုက္သူေတြအတြက္ တရားမွ်တမႈရဖို႔နဲ႔ တာ၀န္႐ွိသူတဲ့သူေတြတာ၀န္ခံဖို႔ ေတာင္းဆိုမႈကို အေမရိကန္က ထပ္ေလာင္းေျပာဆိုပါတယ္”ဟု အဂၤါေန႔ကထုတ္ျပန္ခ်က္တစ္ခုတြင္ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနေျပာခြင့္ရသူ ေမာ္ဂန္ ေအာ္တာဂတ္ကေျပာသည္။

၂၀၁၇ ခုႏွစ္ေနာက္ပိုင္း အေမရိကန္ျပည္ေထာင္စုက ျမန္မာႏွင့္ဘဂၤလားေဒ့႐ွ္မွပဋိပကၡမ်ားေၾကာင့္ ထိခို က္ခံစားခဲ့ရသူမ်ားကို အေမရိကန္ေဒၚလာ ၉၅၁ သန္းေထာက္ပံ့ခဲ့သည္ဟုလည္း ပါ၀င္သည္။

ထိခိုက္ခံစားခဲ့ရသူမ်ား တရားမွ်တမႈရေစေရးႏွင့္ ရက္စက္မႈမ်ားအတြက္တာ၀န္႐ွိသူမ်ား တာ၀န္ခံေစေရး အားေကာင္းသည့္အေရးယူေဆာင္႐ြက္မႈမ်ား အေမရိကန္ကျပဳလုပ္ထားသည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ အခိုင္အမာေျပာသည္။

အာဏာ႐ွင္အုပ္ခ်ဳပ္အေမြကိုေက်ာ္လႊားရန္၊ ဒီမိုကေရစီကိုျဖန္႔က်က္ရန္ႏွင့္ ၿငိမ္းခ်မ္းေရးရ႐ွိရန္အလုပ္လုပ္ ေနၾကသျဖင့္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ဆက္လက္ပူးေပါင္းသြားမည္ဟုလည္း အေမရိကန္ကေျပာသည္။

Ref : Atrocities against Rohingyas: US calls for justice, accountability

#PeopleMedia

(unicode)
ဘင်္ဂါလီများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိရန် အမေရိက န်တိုက်တွန်း
……………………………………………

ဝါရှင်တန်ဒီစီ၊ ဩဂုတ် ၂၆

မြန်မာအရပ်သားများက ကူညီခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များကစီစဉ်ခဲ့သည့်ရက်စက်မှုများခံစားခဲ့ရသည့် ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များအတွက် တရားမျှတမှုရရေးနှင့် ပြစ်မှုကျူးလွန်သူများအမေရိကန် ပြည်ထောင်စုက တောင်းဆိုသည်။

ရခိုင်ပြည်နယ်တွင်လက်ရှိဖြစ်ပွားနေသည့်အင်အားသုံးတိုက်ခိုက်မှုများရပ်ဆိုင်းရန် သက်ဆိုင်သည့်အာဏာ ပိုင်များကိုလည်း အမေရိကန်က တိုက်တွန်းသည်။

“မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာအမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ရက်စက် ကြမ်းတမ်းတဲ့တိုက်ခိုက်မှုတွေလုပ်ခဲ့တာ ၃ နှစ်ပြည့်ခဲ့ပြီးတဲ့နောက် ထိခိုက်သူတွေအတွက် တရားမျှတမှုရဖို့နဲ့ တာဝန်ရှိသူတဲ့သူတွေတာဝန်ခံဖို့ တောင်းဆိုမှုကို အမေရိကန်က ထပ်လောင်းပြောဆိုပါတယ်”ဟု အင်္ဂါနေ့ကထုတ်ပြန်ချက်တစ်ခုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်ဂန် အော်တာဂတ်ကပြောသည်။

၂၀၁၇ ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်မှပဋိပက္ခများကြောင့် ထိခို က်ခံစားခဲ့ရသူများကို အမေရိကန်ဒေါ်လာ ၉၅၁ သန်းထောက်ပံ့ခဲ့သည်ဟုလည်း ပါဝင်သည်။

ထိခိုက်ခံစားခဲ့ရသူများ တရားမျှတမှုရစေရေးနှင့် ရက်စက်မှုများအတွက်တာဝန်ရှိသူများ တာဝန်ခံစေရေး အားကောင်းသည့်အရေးယူဆောင်ရွက်မှုများ အမေရိကန်ကပြုလုပ်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် အခိုင်အမာပြောသည်။

အာဏာရှင်အုပ်ချုပ်အမွေကိုကျော်လွှားရန်၊ ဒီမိုကရေစီကိုဖြန့်ကျက်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန်အလုပ်လုပ် နေကြသဖြင့် မြန်မာနိုင်ငံသားများနှင့်ဆက်လက်ပူးပေါင်းသွားမည်ဟုလည်း အမေရိကန်ကပြောသည်။

Ref : Atrocities against Rohingyas: US calls for justice, accountability

#PeopleMedia


Share this post