• Follow Us on

Home ဘဂၤါလီမ်ားအပါအ၀င္ ထိန္းသိမ္းထားသည့္ခိုလႈံခြင့္ေတာင္းခံသူမ်ားထံ မေလး႐ွား၀င္ခြင့္မျပဳဟု ကုလသမဂၢဒုကၡ သည္ေအဂ်င္စီေျပာ

ဘဂၤါလီမ်ားအပါအ၀င္ ထိန္းသိမ္းထားသည့္ခိုလႈံခြင့္ေတာင္းခံသူမ်ားထံ မေလး႐ွား၀င္ခြင့္မျပဳဟု ကုလသမဂၢဒုကၡ သည္ေအဂ်င္စီေျပာ

Share this post

ကြာလာလမ္ပူ၊ ႏို၀င္ဘာ ၁၂

တႏွစ္ေက်ာ္ၾကာ ထိန္းသိမ္းထားသည့္ဒုကၡသည္မ်ားႏွင့္ ခိုလံႈခြင့္ေတာင္းခံသူမ်ားကိုေတြ႕ဆံုရန္ မေလး႐ွားႏိုင္ငံက ခြင့္မျပဳဟု ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ံုး(UNHCR)ကေျပာသည္။

မည္သူမ်ားကို ဒုကၡသည္အျဖစ္အသိအမွတ္ျပဳသင့္ေၾကာင္းႏွင့္ စခန္းမ်ားမွထြက္ခြာခြင့္ျပဳသင့္ေၾကာင္းဆံုးျဖတ္ရန္ UNHCR က ထိန္းသိမ္းေရးစခန္းမ်ားသို႔ မၾကာေသးမီကသြားေရာက္ခဲ့ေသာ္လည္း ယခုႏွစ္တြင္ မေလး႐ွားအစိုးရက ေ႐ႊ႕ေျပာင္းအေျခခ်မႈဆိုင္ရာရပ္တည္ခ်က္ကို ပိုမိုတင္းမာထားသည္။

အေထာက္အထားမဲ့ႏိုင္ငံျခားသားေထာင္ခ်ီကို မေလးရွားအာဏာပိုင္မ်ားက ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈတားဆီးေရးအားထုတ္မႈမ်ားအေၾကာင္းျပကာ တင္းၾကပ္စြာထိန္းခ်ဳပ္ထားၿပီး အစိုးရေထာက္ပံ့ထားသည့္ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ထိန္းသိမ္းစခန္းမ်ားတြင္ လူဦးေရျပည့္က်ပ္ေနသျဖင့္ စိုးရိမ္ရေၾကာင္း ေျပာသည္။

ထိန္းသိမ္းစခန္းမ်ားကိုစီမံလည္ပတ္ေသာမေလးရွားလူ၀င္မႈႀကီးၾကပ္ေရးဌာနက ထိုျဖစ္ရပ္ႏွင့္ပတ္သက္၍ မွတ္ခ်က္မေပးဘဲ ျပည္ထဲေရး၀န္ႀကီးဌာနကလည္း ႐ုတ္တရက္တံု႔ျပန္ျခင္းမ်ိဳးမ႐ွိေခ်။

၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လကတည္းက ထိန္းသိမ္းစခန္းမ်ားသို႔ သြားေရာက္ခြင့္မရေၾကာင္း UNHCR က ဗုဒၶဟူးေန႔တြင္ေျပာၿပီး မည္သည့္အေၾကာင္းရင္းေၾကာင့္ဟု ႐ွင္းျပျခင္းမ႐ွိေခ်။

မေလးရွားနိုင္ငံသည္ အေထာက္အထားမဲ့ႏိုင္ငံျခားသားသန္းခ်ီႏွင့္ ျမန္မာႏွင့္ဘဂၤလားေဒ့ရ္ွဒုကၡသည္စခန္းမ်ားမွ ထြက္ေျပးတိမ္းေရွာင္ခဲ့သည့္ ဒုကၡသည္ဘဂၤါလီ(မူရင္းတြင္ရိုဟင္ဂ်ာဟုေဖာ္ျပ) ၁ သိန္းေက်ာ္တို႔ကို လက္ခံထားသည္။

ဒုကၡသည္မ်ားကို အသိအမွတ္မျပဳေသာ္လည္း UNHCR ကကာကြယ္ေပးသူမ်ားကို မေလး႐ွားႏိုင္ငံက လြတ္လပ္စြာသြားလာခြင့္ေပးထားသည္။

ယခုႏွစ္တြင္ ေအာက္တိုဘာလကုန္အထိ မေလး႐ွားတြင္ ခိုလံႈခြင့္ေတာင္းခံသူ ၆၀၃၉ ေယာက္ကို ေအဂ်င္စီကအသိအမွတ္ျပဳေပးခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ ၂၇၃၂၃ ေယာက္႐ွိေၾကာင္း UNHCR ကေျပာသည္။

ယခုႏွစ္အသိအမွတ္ျပဳသူမ်ားထဲ၌ ပင္လယ္တြင္လေပါင္းမ်ားစြာေမ်ာေနၿပီးေနာက္ ကမ္းကပ္လာခဲ့သည့္ဘဂၤါလီရာဂဏန္းလည္း ပါ၀င္ခဲ့ျခင္းမ႐ွိဟုဆိုသည္။

#Ohkkar

Ref : Malaysia denying UN access to detained asylum seekers, agency says

#PeopleMedia

(unicode)
ဘင်္ဂါလီများအပါအဝင် ထိန်းသိမ်းထားသည့်ခိုလှုံခွင့်တောင်းခံသူများထံ မလေးရှားဝင်ခွင့်မပြုဟု ကုလသမဂ္ဂဒုက္ခ သည်အေဂျင်စီပြော
……………………………………………………………

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၂

တနှစ်ကျော်ကြာ ထိန်းသိမ်းထားသည့်ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကိုတွေ့ဆုံရန် မလေးရှားနိုင်ငံက ခွင့်မပြုဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ကပြောသည်။

မည်သူများကို ဒုက္ခသည်အဖြစ်အသိအမှတ်ပြုသင့်ကြောင်းနှင့် စခန်းများမှထွက်ခွာခွင့်ပြုသင့်ကြောင်းဆုံးဖြတ်ရန် UNHCR က ထိန်းသိမ်းရေးစခန်းများသို့ မကြာသေးမီကသွားရောက်ခဲ့သော်လည်း ယခုနှစ်တွင် မလေးရှားအစိုးရက ရွှေ့ပြောင်းအခြေချမှုဆိုင်ရာရပ်တည်ချက်ကို ပိုမိုတင်းမာထားသည်။

အထောက်အထားမဲ့နိုင်ငံခြားသားထောင်ချီကို မလေးရှားအာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတားဆီးရေးအားထုတ်မှုများအကြောင်းပြကာ တင်းကြပ်စွာထိန်းချုပ်ထားပြီး အစိုးရထောက်ပံ့ထားသည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိန်းသိမ်းစခန်းများတွင် လူဦးရေပြည့်ကျပ်နေသဖြင့် စိုးရိမ်ရကြောင်း ပြောသည်။

ထိန်းသိမ်းစခန်းများကိုစီမံလည်ပတ်သောမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထိုဖြစ်ရပ်နှင့်ပတ်သက်၍ မှတ်ချက်မပေးဘဲ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ရုတ်တရက်တုံ့ပြန်ခြင်းမျိုးမရှိချေ။

၂၀၁၉ ခုနှစ်၊ သြဂုတ်လကတည်းက ထိန်းသိမ်းစခန်းများသို့ သွားရောက်ခွင့်မရကြောင်း UNHCR က ဗုဒ္ဓဟူးနေ့တွင်ပြောပြီး မည်သည့်အကြောင်းရင်းကြောင့်ဟု ရှင်းပြခြင်းမရှိချေ။

မလေးရှားနိုင်ငံသည် အထောက်အထားမဲ့နိုင်ငံခြားသားသန်းချီနှင့် မြန်မာနှင့်ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းများမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒုက္ခသည်ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) ၁ သိန်းကျော်တို့ကို လက်ခံထားသည်။

ဒုက္ခသည်များကို အသိအမှတ်မပြုသော်လည်း UNHCR ကကာကွယ်ပေးသူများကို မလေးရှားနိုင်ငံက လွတ်လပ်စွာသွားလာခွင့်ပေးထားသည်။

ယခုနှစ်တွင် အောက်တိုဘာလကုန်အထိ မလေးရှားတွင် ခိုလှုံခွင့်တောင်းခံသူ ၆၀၃၉ ယောက်ကို အေဂျင်စီကအသိအမှတ်ပြုပေးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၂၇၃၂၃ ယောက်ရှိကြောင်း UNHCR ကပြောသည်။

ယခုနှစ်အသိအမှတ်ပြုသူများထဲ၌ ပင်လယ်တွင်လပေါင်းများစွာမျောနေပြီးနောက် ကမ်းကပ်လာခဲ့သည့်ဘင်္ဂါလီရာဂဏန်းလည်း ပါဝင်ခဲ့ခြင်းမရှိဟုဆိုသည်။

#Ohkkar

Ref : Malaysia denying UN access to detained asylum seekers, agency says

#PeopleMedia


Share this post