• Follow Us on

Home ဘင်္ဂါလီများနေရပ်အမြန်ဆုံးပြန်နိုင်ရန် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ အိန္ဒိယကလည်းမျှော်လင့်နေဟုဆို


Share this post

စစ်တကောင်း၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)







#PeopleMedia

(unicode)
ဘင်္ဂါလီများနေရပ်အမြန်ဆုံးပြန်နိုင်ရန် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ အိန္ဒိယကလည်းမျှော်လင့်နေဟုဆို
………………………………………..

စစ်တကောင်း၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ အိန္ဒိယနိုင်ငံကလည်း ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ အမြန်ဆုံးနေရပ်ပြန် ရန် လိုလားနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး ဗစ်ကရမ် ဒိုရစ်ဝါမီက တနင်္ဂနွေနေ့တွင် ပြောသည်။

အိန္ဒိယနိုင်ငံကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ ဘင်္ဂါလီအကြပ်အတည်းကိုရှုမြင်ကြောင်း သူကပြောသည်။

ဘင်္ဂါလီအကြပ်အတည်းကိုအဆုံးသတ်ရာတွင် တရုတ်နှင့်အတူ အိန္ဒိယ၏အခန်းကဏ္ဍသည်လည်း အရေးကြီး သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကရှုမြင်နေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂါလီ ၁၁ သိန်းကျော်ကိုလက်ခံထားပြီး ထိုဖြစ်ရပ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချီးကျူးကြောင်းလည်း ဒိုရစ်ဝါမီကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် နေရပ်ပြန်ရေးလိုအပ်ကြောင်းလည်း ပြောသည်။

Ref : India, Bangladesh share same view on Rohingya High Commissioner

#PeopleMedia


Share this post