• Follow Us on

Home ဘဂၤါလီမ်ားေနရပ္ျပန္ေရး တ႐ုတ္ႏိုင္ငံတြင္ ၃ ႏိုင္ငံ ေတြ႕ဆံုေဆြးေႏြးမႈျပဳလုပ္မည္၊ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးတိုက္တြန္း

ဘဂၤါလီမ်ားေနရပ္ျပန္ေရး တ႐ုတ္ႏိုင္ငံတြင္ ၃ ႏိုင္ငံ ေတြ႕ဆံုေဆြးေႏြးမႈျပဳလုပ္မည္၊ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးတိုက္တြန္း

Share this post

ဒါကာ၊ ေအာက္တိုဘာ ၁၄

ျမန္မာေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကို တ႐ုတ္ႏုိင္ငံၿမိဳ႕ေတာ္ေဘက်င္းတြင္က်င္းပမည့္ ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားေနရပ္ျပန္ေရး ျမန္မာ-ဘဂၤလားေဒ့႐ွ္-တ႐ုတ္ ၃ ႏိုင္ငံအစည္းအေ၀းသို႔ တက္ေရာက္ရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး ေအေက အဗၺဒူ မိုမန္က တိုက္တြန္းသည္။

အင္အားေကာင္းသည့္စစ္တပ္ကို မ႐ွဳတ္ခ်ခဲ့ျခင္းႏွင့္ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားကိုတာ၀န္ခံရမည္ဟု အသိအမွတ္ျပဳရန္ ျငင္းဆိုျခင္းတို႔ေၾကာင့္ ရခိုင္ျပည္နယ္တြင္ မုဒိမ္းမႈမ်ား၊ လူသတ္မႈမ်ားႏွင့္ လူမ်ိဳးတုန္း သတ္ျဖတ္မႈမ်ားမျဖစ္ေစရန္ လုပ္ေဆာင္ခဲ့ျခင္းမ႐ွိဟုဆိုကာ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆု႐ွင္ေဒၚေအာင္ဆန္းစု ၾကည္ကို က်ယ္က်ယ္ျပန္႔ျပန္ေ၀ဖန္မႈမ်ား႐ွိသည္။

ဘဂၤလားေဒ့႐ွ္ႏုိင္ငံ၏နံပါတ္ ၁ ဦးစားေပးသည္ ရခိုင္ျပည္နယ္သုိ႔ ဘဂၤလီမ်ားေနရပ္ျပန္ေရးျမင္ေတြ႕ရရန္ ျဖစ္သည္ဟုလည္း မိုမန္ကေျပာသည္။

ျမန္မာ၊ ဘဂၤလားေဒ့႐ွ္ႏွင့္ တ႐ုတ္ႏုိင္ငံတို႔မွ ႏိုင္ငံျခားေရး၀န္ႀကီးမ်ားေတြ႔ဆံုၿပီး ဘဂၤါလီမ်ားေနရပ္ျပန္ေရး ေဆြးေႏြးၾကရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ႀကီး လီဂ်င္မင္းက

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ား ရခိုင္ျပည္နယ္မွေနရပ္သို႔ျပန္မည့္လုပ္ငန္းစဥ္မ်ားအထမေျမာက္ ေသးသည့္အတြက္ စိုးရိမ္ေၾကာင္းလည္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ႀကီး လီဂ်င္မင္းက တနဂၤေႏြေန႔တြင္ေျပာသည္။

ျမန္မာႏုိင္ငံသို႔ ဘဂၤါလီမ်ား ျမန္ဆန္၊ ေရ႐ွည္တည္တံ့သည့္ေနရပ္ျပန္မႈျဖစ္ႏိုင္ေစရန္ တ႐ုတအစိုးရေထာက္ပံ့ ေပးေရး မိုမန္ကေတာင္းဆိုသည္။

၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာ ႏွင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္တို႔တြင္ ေနရပ္ျပန္ေရးလုပ္ငန္းစဥ္မ်ားစတင္ေသာ္လည္း အယံုအၾကည္မ႐ွိဟုဆိုကာ ဘဂၤါလီမ်ားက ျမန္မာႏုိင္ငံျပန္ရန္ျငင္းဆိုသည္။

Ref : Rohingya Repatriation: Dhaka wants Suu Kyi to join talks in Beijing

#PeopleMedia

(unicode)
ဘင်္ဂါလီများနေရပ်ပြန်ရေး တရုတ်နိုင်ငံတွင် ၃ နိုင်ငံ တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
………………………………………

ဒါကာ၊ အောက်တိုဘာ ၁၄

မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံမြို့တော်ဘေကျင်းတွင်ကျင်းပမည့် ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များနေရပ်ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် ၃ နိုင်ငံအစည်းအဝေးသို့ တက်ရောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တိုက်တွန်းသည်။

အင်အားကောင်းသည့်စစ်တပ်ကို မရှုတ်ချခဲ့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုများကိုတာဝန်ခံရမည်ဟု အသိအမှတ်ပြုရန် ငြင်းဆိုခြင်းတို့ကြောင့် ရခိုင်ပြည်နယ်တွင် မုဒိမ်းမှုများ၊ လူသတ်မှုများနှင့် လူမျိုးတုန်း သတ်ဖြတ်မှုများမဖြစ်စေရန် လုပ်ဆောင်ခဲ့ခြင်းမရှိဟုဆိုကာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစု ကြည်ကို ကျယ်ကျယ်ပြန့်ပြန်ဝေဖန်မှုများရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နံပါတ် ၁ ဦးစားပေးသည် ရခိုင်ပြည်နယ်သို့ ဘင်္ဂလီများနေရပ်ပြန်ရေးမြင်တွေ့ရရန် ဖြစ်သည်ဟုလည်း မိုမန်ကပြောသည်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပြီး ဘင်္ဂါလီများနေရပ်ပြန်ရေး ဆွေးနွေးကြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး လီဂျင်မင်းက

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ ရခိုင်ပြည်နယ်မှနေရပ်သို့ပြန်မည့်လုပ်ငန်းစဉ်များအထမမြောက် သေးသည့်အတွက် စိုးရိမ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး လီဂျင်မင်းက တနင်္ဂနွေနေ့တွင်ပြောသည်။

မြန်မာနိုင်ငံသို့ ဘင်္ဂါလီများ မြန်ဆန်၊ ရေရှည်တည်တံ့သည့်နေရပ်ပြန်မှုဖြစ်နိုင်စေရန် တရုတအစိုးရထောက်ပံ့ ပေးရေး မိုမန်ကတောင်းဆိုသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ နှင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်တို့တွင် နေရပ်ပြန်ရေးလုပ်ငန်းစဉ်များစတင်သော်လည်း အယုံအကြည်မရှိဟုဆိုကာ ဘင်္ဂါလီများက မြန်မာနိုင်ငံပြန်ရန်ငြင်းဆိုသည်။

Ref : Rohingya Repatriation: Dhaka wants Suu Kyi to join talks in Beijing

#PeopleMedia


Share this post