• Follow Us on

Home ဘင်္ဂါလီများနေရပ်ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် ၃ ပွင့်ဆိုင် လာမည့်တပတ်တွင် ဆွေးနွေးမည်

ဘင်္ဂါလီများနေရပ်ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် ၃ ပွင့်ဆိုင် လာမည့်တပတ်တွင် ဆွေးနွေးမည်

Share this post

ဒါကာ၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ နေရပ်ပြန်ရေးကိစ္စရပ်ကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်တို့ ဇန်နဝါရီ ၁၉ ရက်တွင် ၃ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမည်။

ရလဒ်ကောင်းမွန်သောအစည်းအဝေးဖြစ်မည်ဟု မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များကိုပြောသည်။

နောက်ဆုံး ၃ ပွင့်ဆိုင်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင်ကျင်းပခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်ပြန်ရမည့်ဘင်္ဂါလီ ၈၄၀၀၀၀ စာရင်းကို စိစစ်အတည်ပြုရန် မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်းလည်း မစ္စတာ မိုမန်ကပြောသည်။

သို့သော် မြန်မာဘက်က ၄၂၀၀၀ ကိုသာ စိစစ်အတည်ပြုထားသည်ဟုလည်းပြောသည်။

၁၉၇၈ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် မြန်မာနိုင်ငံသားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထံမှပြန်ခေါ်ခဲ့ဖူးသဖြင့် နေရပ် ပြန်ရေးလုပ်ငန်းစဉ်များစတင်မည်ဟု အမြဲတမ်းမျှော်လင့်နေကြောင်းလည်းပြောသည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကမ္ဘာ့ကပ်ရောဂါကြောင့် ဘင်္ဂါလီများနေရပ်ပြန်ရေးဆွေးနွေးမှုများ မရှိခဲ့ဘဲ ယခုလတွင် ဆွေးနွေးမှုများရှိနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ယခုလအစောပိုင်းတွင် အရိပ်အမြွက် ပြောသည်။

Ref : Rohingya Repatriation Bangladesh-Myanmar-China tripartite talks January 19

#PeopleMedia

(unicode)
………………………………………………………………









Ref : Rohingya Repatriation Bangladesh-Myanmar-China tripartite talks January 19

#PeopleMedia


Share this post