• Follow Us on

Home ဘင်္ဂါလီများနေရပ်ပြန်ရေး မုတ်သုံကာလမတိုင်မီစတင်ရန် ဘင်္ဂလားဒေ့ရှ်တိုက်တွန်းမည်

ဘင်္ဂါလီများနေရပ်ပြန်ရေး မုတ်သုံကာလမတိုင်မီစတင်ရန် ဘင်္ဂလားဒေ့ရှ်တိုက်တွန်းမည်

Share this post

ဒါကာ၊ ဇန်နဝါရီ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

လာမည့်တပတ်တွင် ပြုလုပ်မည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် ၃ ပွင့်ဆိုင်ဆွေးနွေးမှုတွင် မုတ်သုံကာလမတိုင်မီ မြန်မာနိုင်ငံသို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)ပထမဆုံးအသုတ် မြန်မာနိုင်ငံသို့ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ် ဘက်က တိုက်တွန်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် မာဆွတ် ဘင် မိုမန်ကပြောသည်။

မြန်မာနိုင်ငံနှင့် ၂ နိုင်ငံ ချုပ်ဆိုထားသော သဘောတူညီချက်အရ ပြန်နိုင်ရန်ဆွေးနွေးခြင်းဖြစ်သည်ဟုလည်း ပြောသည်။

တရုတ်ဒုတိယဝန်ကြီး လျိုကျောင်းဟွီ၊ မြန်မာအမြဲတမ်းအတွင်းဝန် ဦးအေးချမ်းနှင့် မိုမန်တို့ တွေ့ဆုံဆွေးနွေး မည်ဖြစ်သည်။

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီများပြန်နိုင်စေရန်အားပေးသော ဖြေလျော့မှုများရှိသည်ကို သရုပ်ပြနိုင် မည်ဟု မျှော်လင့်ကြောင်းလည်း မိုမန်ကပြောသည်။

ဇန်နဝါရီ ၁၁ ရက်က မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီလာရောက်ခဲ့ပြီး နေရပ်ပြန်ရေးလုပ်ငန်း စဉ်စတင်ရန် ဘင်္ဂလားဒေ့ရှ်နှင့် ညှိနှိုင်းရေးတိုက်တွန်းပြီးနောက် နိုင်ငံခြားရေးအတွင်းဝန်များအဆင့် ၃ ပွင့်ဆိုင် ဆွေးနွေးမှုပေါ်ပေါက်လာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သို့ပြန်ရမည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) ၂၃၀၀၀၀ ၏စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံထံလွှဲပြောင်းပေးထားသည်။

ယခုတကြိမ်အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံထံသို့ ဘင်္ဂါလီ ၈၃၀၀၀၀ စာရင်းပေးပို့ခဲ့ပြီး မြန်မာ ဘက်က ၄၂၀၀၀ ကိုအတည်ပြုကာ နေရပ်ပြန်ရေးလုပ်ငန်းများမစတင်ရသေးချေ။

Ref : Bangladesh for starting Rohingya repatriation before monsoon

#PeopleMedia

(unicode)
……………………………………………









Ref : Bangladesh for starting Rohingya repatriation before monsoon

#PeopleMedia


Share this post