• Follow Us on

Home ဘင်္ဂါလီများနေရပ်ပြန်ရေးကိစ္စအပေါ် ငြိမ်းချမ်းသောဖြေရှင်းချက်ရရှိရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တိုက်တွန်း

ဘင်္ဂါလီများနေရပ်ပြန်ရေးကိစ္စအပေါ် ငြိမ်းချမ်းသောဖြေရှင်းချက်ရရှိရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တိုက်တွန်း

Share this post

ဒါကာ၊ ဇန်နဝါရီ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဒေသတွင်းလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပဋိပက္ခတစုံတခုမဖြစ်စေဘဲ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟု ဖော်ပြ)များ နေရပ်ပြန်ရေးအတွက် ရင်းနှီးသောသဘောထားဖြင့် မြန်မာနိုင်ငံနှင့်ဆွေးနွေးမှုများဆက်လုပ်သွား မည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ကြာသပတေးနေ့တွင်ပြောသည်။

နိုင်ငံသားများကိုပြန်ခေါ်ရန် မြန်မာနိုင်ငံနှင့်ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေသည်ဟုလည်းပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဘင်္ဂါလီများနေရပ်ပြန်ရေးအတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ၃ ပွင့်ဆိုင်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

လက်ရှိတွင် ဘင်္ဂါလီ ၁၁ သိန်းကျော်ကိုခိုလှုံရာပေးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်တွင် နေရာပြွတ်သိပ်လာသဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လူသူကင်းမဲ့သည့်ဘာရှန်ချားကျွန်းသို့ ဘင်္ဂါလီများကိုပြောင်းရွှေ့နေရာချထားသည်။

ပြီးခဲ့သည့်ဒီဇင်ဘာတွင်စတင်ကာ အဆင့် ၂ ဆင့်ဖြင့် ဘင်္ဂါလီ ၃၆၀၀ ကျော်ကို ဘာရှန်ချားကျွန်းသို့ပြောင်း ရွှေ့ထားပြီး နောက်ထပ် ၃၀၀၀ ကျော်ကိုထပ်မံပြောင်းရွှေ့သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရကပြောထားသည်။

ဘာရှန်ချားကျွန်းပေါ်တွင် ဘင်္ဂါလီ ၁ သိန်းကျော်ကိုနေရာချထားပေးမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံကစီစဉ်ထား သော်လည်း သူတို့၏အဓိကရည်မှန်းချက်မှာ နေရပ်ပြန်ကြရေးဖြစ်ကြောင်းလည်း မကြာခဏပြောဆိုသည်။

Ref : PM pushes for peaceful solution

#PeopleMedia

(unicode)
…………………………………………….








Ref : PM pushes for peaceful solution

#PeopleMedia


Share this post