• Follow Us on

Home ဘင်္ဂါလီများနေရာပြန်လည်ချထားရေး ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ ဆွေးနွေး


Share this post








(Unicode)
ဘင်္ဂါလီများနေရာပြန်လည်ချထားရေး ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ ဆွေးနွေး
……………………………………………………………

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လီဂျင်မင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအက် အဒူလ် မိုမန်တို့ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့က ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်နေရာချထားရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အခုလို တွေ့ဆုံဆွေးနွေးရာမှာ ဘင်္ဂါလီဒုက္ခသည်တွေကို အစောလျင်ဆုံး ပြန်လည်နေရာချထားပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ လီဂျင်မင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အခုလို တွေ့ဆုံမှုကို အတည်ပြုခဲ့ပေမယ့် အသေးစိတ်အခြေအနေကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

တရုတ်နိုင်ငံဟာ အခုနှစ်စက်တင်ဘာလက စတင်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ဘင်္ဂါလီပြဿနာ အတွက် ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဘင်္ဂါလီဒုက္ခသည်ပြသာနာအပေါ် စိုးရိမ်ပူပန်မှုတွေကို ကြားဝင်ဖြေ ရှင်းပေးသွားမှာဖြစ်ပြီး အသင့်တော်ဆုံးနည်းလမ်းကိုရှာဖွေဖို့အတွက် အဓိက အခန်ကဏ္ဍက ပါဝင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က အစောပိုင်းမှာ ပြောကြားထားခဲ့ပါတယ်။

Ref; https://www.bssnews.net/

#PeopleMedia #International


Share this post