• Follow Us on

Home ဘဂၤါလီမ်ားျပန္လက္ခံရန္ ျမန္မာႏိုင္ငံကိုဆြဲေဆာင္ေပးရန္ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးကို ဘဂၤလားေဒ့႐ွ္ ႏိုင္ငံျခားေရး၀န္ႀကီးေတာင္းဆို

ဘဂၤါလီမ်ားျပန္လက္ခံရန္ ျမန္မာႏိုင္ငံကိုဆြဲေဆာင္ေပးရန္ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးကို ဘဂၤလားေဒ့႐ွ္ ႏိုင္ငံျခားေရး၀န္ႀကီးေတာင္းဆို

Share this post

ဒါကာ၊ ေအာက္တိုဘာ ၅
 
ေကာ့က္စ္ဘဇားခ႐ိုင္တြင္ယာယီေနရာခ်ထားသည့္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ) ၁.၁ သန္းနီးပါးကို ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္မ်ား ျမန္မာႏိုင္ငံစတင္ရန္ ႀကိဳတင္ဖန္တီးသည့္အခန္းက႑မ်ားလုပ္ေဆာင္ေပး ေရး တ႐ုတ္ႏုိင္ငံကို ဘဂၤလားေဒ့႐ွ္က ေတာင္းဆိုသည္။
 
ဘဂၤလားေဒ့႐ွ္-တ႐ုတ္သံတမန္ဆက္ဆံေရး ၄၅ ႏွစ္ျပည့္အထိမ္းအမွတ္အေနျဖင့္ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး ၀မ္ယီ ႏွင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး ေအေက အဗၺဒူ မိုမန္တို႔ ဖုန္းျဖင့္ဆက္သြယ္ေဆြးေႏြးရာတြင္ ေတာင္းဆိုသည္ဟု တနဂၤေႏြေန႔တြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကထုတ္ျပန္သည္။
 
သမၼတ အဗၺဒူ ဟာမစ္ႏွင့္ ၀န္ႀကီးခ်ဳပ္ ႐ွိတ္ ဟာဆီနာတို႔ကလည္း တ႐ုတ္သမၼတ ႐ွီက်င့္ဖ်င္ႏွင့္ ၀န္ႀကီးခ်ဳပ္ လီခက်င္းတို႔ထံ အလားတူသတင္းစကားမ်ားပါးခဲ့သည္။
 
၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာႏွင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္တို႔တြင္ ျမန္မာဘက္ကျပန္လည္လက္ခံေရး ၂ ႀကိမ္စတင္ခဲ့ ေသာ္လည္း ဘဂၤါလီမ်ားက ျမန္မာအစိုးရအေပၚအယံုအၾကည္မ႐ွိဟုဆိုကာ ျပန္လာျခင္းမ႐ွိေခ်။
 
ဘဂၤါလီအေရးျမန္မာႏိုင္ငံအေပၚပိတ္ဆို႔အေရးယူမႈမ်ားသတ္မွတ္ရန္ ကုလသမဂၢလံုၿခံဳေရးေကာင္စီတြင္ အဆိုတင္သြင္းသည္မ်ားကို ေကာင္စီအၿမဲတမ္းအဖြဲ႔၀င္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ကမာၻ႔စီးပြားေရး အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံက ပယ္ခ်ေလ့႐ွိသည္။
 
Ref : Bangladesh asks China for proactive roles to persuade Myanmar to begin Rohingya repatriation
 
#PeopleMedia
 
(Unicode)
ဘင်္ဂါလီများပြန်လက်ခံရန် မြန်မာနိုင်ငံကိုဆွဲဆောင်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတောင်းဆို
………………………………………
 
ဒါကာ၊ အောက်တိုဘာ ၅
 
ကော့က်စ်ဘဇားခရိုင်တွင်ယာယီနေရာချထားသည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) ၁.၁ သန်းနီးပါးကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ မြန်မာနိုင်ငံစတင်ရန် ကြိုတင်ဖန်တီးသည့်အခန်းကဏ္ဍများလုပ်ဆောင်ပေး ရေး တရုတ်နိုင်ငံကို ဘင်္ဂလားဒေ့ရှ်က တောင်းဆိုသည်။
 
ဘင်္ဂလားဒေ့ရှ်-တရုတ်သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်တို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် တောင်းဆိုသည်ဟု တနင်္ဂနွေနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
 
သမ္မတ အဗ္ဗဒူ ဟာမစ်နှင့် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာတို့ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီခကျင်းတို့ထံ အလားတူသတင်းစကားများပါးခဲ့သည်။
 
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာနှင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်တို့တွင် မြန်မာဘက်ကပြန်လည်လက်ခံရေး ၂ ကြိမ်စတင်ခဲ့ သော်လည်း ဘင်္ဂါလီများက မြန်မာအစိုးရအပေါ်အယုံအကြည်မရှိဟုဆိုကာ ပြန်လာခြင်းမရှိချေ။
 
ဘင်္ဂါလီအရေးမြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုများသတ်မှတ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဆိုတင်သွင်းသည်များကို ကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိမ်နီးချင်းတရုတ်နိုင်ငံက ပယ်ချလေ့ရှိသည်။
 
Ref : Bangladesh asks China for proactive roles to persuade Myanmar to begin Rohingya repatriation
 
#PeopleMedia

Share this post