• Follow Us on

Home ဘဂၤါလီမ်ား ဝင္ေရာက္မႈမရွိေစရန္ နယ္ေျမလုံျခံဳေရးေဆာင္ရြက္ေနသည့္ လုံျခံဳေရးအဖြဲ႔ကုိ AA လက္နက္ကုိင္အ ဖြဲ႔မွ ေခ်ာင္းေျမာင္းတုိက္ခုိက္ရာ လုံျခံဳေရးအဖြဲ႔ဝင္အခ်ဳိ႕ႏွင့္ လဝကဦးစီးမွဴးတစ္ဦး က်ဆုံး

ဘဂၤါလီမ်ား ဝင္ေရာက္မႈမရွိေစရန္ နယ္ေျမလုံျခံဳေရးေဆာင္ရြက္ေနသည့္ လုံျခံဳေရးအဖြဲ႔ကုိ AA လက္နက္ကုိင္အ ဖြဲ႔မွ ေခ်ာင္းေျမာင္းတုိက္ခုိက္ရာ လုံျခံဳေရးအဖြဲ႔ဝင္အခ်ဳိ႕ႏွင့္ လဝကဦးစီးမွဴးတစ္ဦး က်ဆုံး

Share this post

စစ္ေတြ၊ ၾသဂုတ္ – ၄

ရခုိင္ျပည္နယ္၊ ေမာင္ေတာေတာင္ဘက္ျခမ္းေဒသ၌ ဘဂၤါလီမ်ား ဝင္ေရာက္မႈမရွိေစရန္ နယ္ေျမလုံျခံဳ ေရးေဆာ င္ရြက္ေနသည့္ လုံျခံဳေရးအဖြဲ႔ကုိ AA လက္နက္ကုိင္အဖြဲ႔မွ ေခ်ာင္းေျမာင္းတုိက္ခုိက္ရာ လုံျခံဳေရးအဖြဲ႔ဝင္အခ်ဳိ႕ႏွင့္ လဝက ဦးစီးမွဴး တစ္ဦး က်ဆုံးခဲ့သည္။

ျဖစ္စဥ္မွာ ဩဂုတ္လ ၃ ရက္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ တရားဥပေဒစိုးမိုးေရး၊ နယ္ေျမလုံၿခဳံေရးႏွင့္ တရားမဝင္ ဝင္ေရာက္မႈမ်ား မရွိေစေရးအတြက္ အင္းဒင္ႏွင့္ ေစတီျပင္ေက်း႐ြာတစ္ဝိုက္၌ လုံၿခဳံေရးတာဝန္မ်ား ေဆာင္႐ြက္ေနစဥ္ ေမယုေတာင္ေၾကာေပၚရွိ အင္းဒင္ေတာင္ေက်ာ္လမ္းတြင္ AA အၾကမ္းဖက္ေသာင္း က်န္း သူမ်ားက လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ၂ ႀကိမ္ ေခ်ာင္းေျမာင္း တိုက္ခိုက္သျဖင့္ ျပန္လည္ပစ္ခတ္တိုက္ခိုက္ရာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ဆုတ္ခြာထြက္ေျပးသြားခဲ့ သည္။

အဆုိပါ ျဖစ္စဥ္၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္တခ်ိဳ႕ ထိခိုက္က်ဆဳံးဒဏ္ရာရရွိခဲ့ၿပီး လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာနမွ ဦးစီးမႉးတစ္ဦး ေသဆုံးခဲ့သည္။ အလားတူ ဩဂုတ္လ ၂ ရက္၌ ေမယုေတာင္တန္းေပၚ၌ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို AA အဖြဲ႔က ေခ်ာင္းေျမာင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းေဒသမ်ား၌ AA အဖြဲ႔၏ အၾကမ္းဖက္ ေဆာင္ရြက္ခ်က္မ်ားေၾကာင့္ အၾကမ္းဖက္ႏွိ မ္နင္းမႈစစ္ဆင္ေရး Counter-Terrorism Operation ကုိ တပ္မေတာ္ ဆက္ရြက္လ်က္ရွိသည္။

Photo-AA

#PeopleMedia #ရခုိင္ျပည္နယ္ #ဘဂၤလီ

နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး ပ်က္ျပားေစရန္ ရည္႐ြယ္ခ်က္ရွိရွိ ေႏွာင့္ယွက္လ်က္ရွိေသာေၾကာင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားကို အၾကမ္းဖက္ႏွိမ္နင္းမႈစစ္ဆင္ေရး Counter-Terrorism Operation ဆက္လက္ျပဳလုပ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode)
ဘင်္ဂါလီများ ဝင်ရောက်မှုမရှိစေရန် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ကို AA လက်နက်ကိုင်အ ဖွဲ့မှ ချောင်းမြောင်းတိုက်ခိုက်ရာ လုံခြုံရေးအဖွဲ့ဝင်အချို့နှင့် လဝကဦးစီးမှူးတစ်ဦး ကျဆုံး
……………………………………………………

စစ်တွေ၊ ဩဂုတ် – ၄

ရခိုင်ပြည်နယ်၊ မောင်တောတောင်ဘက်ခြမ်းဒေသ၌ ဘင်္ဂါလီများ ဝင်ရောက်မှုမရှိစေရန် နယ်မြေလုံခြုံ ရေးဆော င်ရွက်နေသည့် လုံခြုံရေးအဖွဲ့ကို AA လက်နက်ကိုင်အဖွဲ့မှ ချောင်းမြောင်းတိုက်ခိုက်ရာ လုံခြုံရေးအဖွဲ့ဝင်အချို့နှင့် လဝက ဦးစီးမှူး တစ်ဦး ကျဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၃ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် တရားမဝင် ဝင်ရောက်မှုများ မရှိစေရေးအတွက် အင်းဒင်နှင့် စေတီပြင်ကျေးရွာတစ်ဝိုက်၌ လုံခြုံရေးတာဝန်များ ဆောင်ရွက်နေစဉ် မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်းတွင် AA အကြမ်းဖက်သောင်း ကျန်း သူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂ ကြိမ် ချောင်းမြောင်း တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။

အဆိုပါ ဖြစ်စဉ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဦးစီးမှူးတစ်ဦး သေဆုံးခဲ့သည်။ အလားတူ ဩဂုတ်လ ၂ ရက်၌ မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က ချောင်းမြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ AA အဖွဲ့၏ အကြမ်းဖက် ဆောင်ရွက်ချက်များကြောင့် အကြမ်းဖက်နှိ မ်နင်းမှုစစ်ဆင်ရေး Counter-Terrorism Operation ကို တပ်မတော် ဆက်ရွက်လျက်ရှိသည်။

Photo-AA

#PeopleMedia #ရခိုင်ပြည်နယ် #ဘင်္ဂလီ

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်လျက်ရှိသောကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများကို အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter-Terrorism Operation ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။


Share this post