• Follow Us on

Home ဘဂၤါလီမ်ား ေနရပ္ျပန္ေရးအကူအညီေပးရန္ အေမရိကန္ကို ဘဂၤလားေဒ့႐ွ္ေျပာ

ဘဂၤါလီမ်ား ေနရပ္ျပန္ေရးအကူအညီေပးရန္ အေမရိကန္ကို ဘဂၤလားေဒ့႐ွ္ေျပာ

Share this post

ဒါကာ၊ ေအာက္တိုဘာ ၁၆

ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ား အလ်င္အျမန္ေနရပ္ျပန္ႏိုင္ ေရးအတြက္ အေမရိကန္ႏိုင္ငံထံမွအေထာက္အပံ့ရရန္ ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ႐ွိတ္ ဟာဆီနာက ႀကိဳးစားေနသည္။

ဘဂၤလားေဒ့႐ွ္ႏုိင္ငံသို႔ေရာက္႐ွိေနသည့္ အေမရိကန္ႏုိင္ငံျခားေရးဒုတိယ၀န္ႀကီး စတီဖင္ ဘီဂန္ႏွင့္ ေတြ႕ ဆံုရာတြင္ ေျပာျခင္းျဖစ္သည္။

ဘဂၤလားေဒ့႐ွ္ႏုိင္ငံအေနျဖင့္ ဘဂၤါလီမ်ား အလ်င္အျမန္ေနရပ္ျပန္ေစခ်င္ေၾကာင္း မစၥစ္ ဟာဆီနာကေျပာ သည္ဟု သူ၏ျပန္ၾကားေရးအတြင္း၀န္ အီဆာႏူး ကာရင္ကေျပာသည္။

အေမရိကန္အပါအ၀င္ ႏိုင္ငံတကာအသိုက္အ၀န္းအေနျဖင့္ ဘဂၤါလီမ်ား ေနရပ္တြင္ ျပန္လည္႐ွင္သန္ေန ထိုင္ရန္ကူညီသင့္ေၾကာင္းလည္း ဟာဆီနာကေျပာသည္။

ဘဂၤါလီဒုကၡသည္အေရးအတြက္ ေရ႐ွည္တည္တံ့မည့္အေျဖတခုကို အေမရိကန္ကလည္း လိုခ်င္ေနၿပီး ထိုကိစၥတြင္ ဘဂၤလားေဒ့႐ွ္ႏုိင္ငံကို ဆက္လက္ေထာက္ခံသြားမည္ဟု ဘီဂန္ကေျပာသည္။

၂၀၁၇ ခုႏွစ္တြင္ ေနရပ္ျပန္ေရးသေဘာတူညီခ်က္ကို ျမန္မာႏွင့္ဘဂၤလားေဒ့႐ွ္တို႔လက္မွတ္ေရးထိုးထား ေသာ္လည္း ႏွစ္ႀကိမ္တိုင္တိုင္မေအာင္ျမင္ခဲ့ေခ်။

ရခိုင္ျပည္နယ္မွအေျခအေနမ်ားသည္ ဘဂၤါလီမ်ားအတြက္ အႏၱရာယ္႐ွိေနေသးေၾကာင္း ႏုိင္ငံတကာအဖြဲ႕ အစည္းမ်ားကေျပာသည္။

Ref : Hasina seeks US support for quick Rohingya rehabilitation in Myanmar

#PeopleMedia

(unicode)
ဘင်္ဂါလီများ နေရပ်ပြန်ရေးအကူအညီပေးရန် အမေရိကန်ကို ဘင်္ဂလားဒေ့ရှ်ပြော
…………………………………………….

ဒါကာ၊ အောက်တိုဘာ ၁၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ အလျင်အမြန်နေရပ်ပြန်နိုင် ရေးအတွက် အမေရိကန်နိုင်ငံထံမှအထောက်အပံ့ရရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ကြိုးစားနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီး စတီဖင် ဘီဂန်နှင့် တွေ့ ဆုံရာတွင် ပြောခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဘင်္ဂါလီများ အလျင်အမြန်နေရပ်ပြန်စေချင်ကြောင်း မစ္စစ် ဟာဆီနာကပြော သည်ဟု သူ၏ပြန်ကြားရေးအတွင်းဝန် အီဆာနူး ကာရင်ကပြောသည်။

အမေရိကန်အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဘင်္ဂါလီများ နေရပ်တွင် ပြန်လည်ရှင်သန်နေ ထိုင်ရန်ကူညီသင့်ကြောင်းလည်း ဟာဆီနာကပြောသည်။

ဘင်္ဂါလီဒုက္ခသည်အရေးအတွက် ရေရှည်တည်တံ့မည့်အဖြေတခုကို အမေရိကန်ကလည်း လိုချင်နေပြီး ထိုကိစ္စတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထောက်ခံသွားမည်ဟု ဘီဂန်ကပြောသည်။

၂၀၁၇ ခုနှစ်တွင် နေရပ်ပြန်ရေးသဘောတူညီချက်ကို မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့လက်မှတ်ရေးထိုးထား သော်လည်း နှစ်ကြိမ်တိုင်တိုင်မအောင်မြင်ခဲ့ချေ။

ရခိုင်ပြည်နယ်မှအခြေအနေများသည် ဘင်္ဂါလီများအတွက် အန္တရာယ်ရှိနေသေးကြောင်း နိုင်ငံတကာအဖွဲ့ အစည်းများကပြောသည်။

Ref : Hasina seeks US support for quick Rohingya rehabilitation in Myanmar

#PeopleMedia


Share this post