• Follow Us on

Home ဘဂၤါလီလူမ်ိဳးတုန္းသတ္ျဖတ္မႈကို တာ၀န္ယူရန္ ေဒၚေအာင္ဆန္းစုၾကည္ကို ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ၇ ဦးတိုက္တြန္း

ဘဂၤါလီလူမ်ိဳးတုန္းသတ္ျဖတ္မႈကို တာ၀န္ယူရန္ ေဒၚေအာင္ဆန္းစုၾကည္ကို ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ၇ ဦးတိုက္တြန္း

Share this post

ျမန္မာႏုိင္ငံမွာ ဘဂၤါလီေတြကို ဖိႏွိပ္မႈနဲ႔ လူမ်ိဳးတုန္းသတ္ျဖတ္မႈအပါအ၀င္ ရာဇ၀တ္မႈေတြအားလံုးကို လူသိ ရွင္ၾကား ၀န္ခံဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ ၇ ဦးက တိုက္တြန္းလိုက္ပါတယ္။

ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ ကုလရဲ႕ အျမင့္ဆံုးခံု႐ုံးျဖစ္တဲ့ ႏုိင္ငံတကာတရားခံု႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏုိင္ငံကို ကိုယ္စားျပဳၿပီး စြပ္စြဲခ်က္ေတြကို တရားရင္ဆိုင္သြားမွာျဖစ္ပါတယ္။

ျငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ေတြထဲက သံုးဦးဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဘဂၤါလီဒုကၡသည္စခန္းကို ၂၀၁၈ ခုႏွစ္မွာ သြားေရာက္လည္ပတ္ခဲ့ၿပီး ဘဂၤါလီအမ်ိဳးသမီး ၁၀၀ ေက်ာ္ရဲ႕ ဘ၀ဇာတ္ေၾကာင္းေတြကို နားေထာင္ခဲ့ၾကပါ တယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ၄င္းရဲ႕စစ္ဦးစီးခ်ဳပ္ေတြဟာ ရာဇ၀တ္မႈေတြအတြက္ မျဖစ္မေနတာ၀န္ယူရမယ္လို႔ အီရန္ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ရွာရင္ အဘက္ဒီ၊ လိုက္ေဘးရီးယား ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ လီမြန္ဘယ္ရီ၊ ယီမင္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ တာ၀ပ္ကိုလ္ ကာမန္း၊ ေျမာက္အိုင္ယာလန္ ၿငိမ္းခ်မ္းေရး ႏုိဘယ္ဆုရွင္ ေမရိတ္ မက္ဂြက္ယား၊ ဂြါတီမာလာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ရီဂိုဘာတာ မန္ခ်ဴတြမ္၊ အေမရိကန္ ၿငိမ္းခ်မ္း ေရး ႏိုဘယ္ဆုရွင္ ဂ်ိဳဒီ ၀ီလ်ံနဲ႔ အိႏၵိယၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ ကယ္ေလာ့ ဆာပရာကီတို႔က တိုက္တြန္းေျပာ ၾကားခဲ့ၾကပါတယ္။

Ref; nobelwomensinitiative

#PeopleMedia #International

(ျပည္တြင္းျပည္ပ စစ္ေရး၊ ႏိုင္ငံေရး၊ လူမႈေရးစသည့္ သတင္းမ်ား အသစ္တင္တိုင္း သိရွိရန္ PeopleMedia သတင္းဌာန Page ကို like လုပ္ဖို႔ ေမတၱာရပ္ခံပါတယ္)

(Unicode)
ဘင်္ဂါလီလူမျိုးတုန်းသတ်ဖြတ်မှုကို တာဝန်ယူရန် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ၇ ဦးတိုက်တွန်း
……………………………………………………………

မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို ဖိနှိပ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် ရာဇဝတ်မှုတွေအားလုံးကို လူသိ ရှင်ကြား ဝန်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ၇ ဦးက တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကုလရဲ့ အမြင့်ဆုံးခုံရုံးဖြစ်တဲ့ နိုင်ငံတကာတရားခုံရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး စွပ်စွဲချက်တွေကို တရားရင်ဆိုင်သွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေထဲက သုံးဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီဒုက္ခသည်စခန်းကို ၂၀၁၈ ခုနှစ်မှာ သွားရောက်လည်ပတ်ခဲ့ပြီး ဘင်္ဂါလီအမျိုးသမီး ၁၀၀ ကျော်ရဲ့ ဘဝဇာတ်ကြောင်းတွေကို နားထောင်ခဲ့ကြပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄င်းရဲ့စစ်ဦးစီးချုပ်တွေဟာ ရာဇဝတ်မှုတွေအတွက် မဖြစ်မနေတာဝန်ယူရမယ်လို့ အီရန်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရှာရင် အဘက်ဒီ၊ လိုက်ဘေးရီးယား ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လီမွန်ဘယ်ရီ၊ ယီမင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တာဝပ်ကိုလ် ကာမန်း၊ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မေရိတ် မက်ဂွက်ယား၊ ဂွါတီမာလာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရီဂိုဘာတာ မန်ချူတွမ်၊ အမေရိကန် ငြိမ်းချမ်း ရေး နိုဘယ်ဆုရှင် ဂျိုဒီ ဝီလျံနဲ့ အိန္ဒိယငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ကယ်လော့ ဆာပရာကီတို့က တိုက်တွန်းပြော ကြားခဲ့ကြပါတယ်။

Ref; nobelwomensinitiative

#PeopleMedia #International

(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)


Share this post