• Follow Us on

Home ဘဂၤါလီအေရးကို ျပႆနာဖန္တီးခဲ့သည့္ ျမန္မာႏိုင္ငံကသာ ေျဖရွင္းရမည္ဟု ဘဂၤလားေဒ့ရွ္ဆုိ

ဘဂၤါလီအေရးကို ျပႆနာဖန္တီးခဲ့သည့္ ျမန္မာႏိုင္ငံကသာ ေျဖရွင္းရမည္ဟု ဘဂၤလားေဒ့ရွ္ဆုိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရ်္နိုင်ငံကို ထွက်ပြေးလာသည့် ဘင်္ဂလီဒုက္ခသည်များအတွက် နေရပ်သို့ဘေးကင်း လုံခြုံစွာဖြင့် သိက္ခာရှိစွာပြန်နိုင်ရေး အခြေအနေတစ်ခုဖန်တီးပေးရန်အတွက် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC ) အနေဖြင့် မြန်မာနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရ်္နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ဇန်နဝါရီ ၁၅ ရက်တွင် တိုက်တွန်းပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရ်္နိုင်ငံအတွက် အသစ်ခန့်အပ်လိုက်သော ICRC ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ ပီရဲဒိုဘီစ်သည် ၎င်း၏ခန့်အပ်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာနထံပေးအပ်စဉ်တွင် ဘင်္ဂလားဒေ့ရ်္နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂါလီပြသနာနှင့်ပတ်သက်၍ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဘင်္ဂါလီပြသနာသည် မြန်မာနိုင်ငံက ဖန်တီးခဲ့သည့်အတွက် ယင်းပြသနာအားဖြေရှင်းရေးသည်လည်း မြန်မာနိုင်ငံနှင့်သာ သက်ဆိုင်ကြောင်း ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ဆိုသည်။

ဘင်္ဂလားဒေ့ရ်္တွင် ဘင်္ဂါလီဒုက္ခသည် အများအပြားရှိနေခြင်းနှင့် ဒုက္ခသည်များ၏ကလေးငယ်များ ပညာသင်ကြားနိုင်ခြင်းမရှိသည့်အပေါ်တွင် လွန်စွာစိုးရိမ်ပူပန်မိကြောင်း ၎င်းကပြောသည်။

၁၉၇၁ ခုနှစ်နိုင်ငံလွတ်မြောက်ရေးစစ်ပွဲအတွင်း ဘင်္ဂလားဒေ့ရ်္နိုင်ငံသားများကို ထောက်ပံ့ကူညီရာတွင် ICRC ၏တန်ဖိုးမဖြတ်နိုင်သည့်အခန်းကဏ္ဍနှင့် မကြာသေးမီကာလအတွင်း ဘင်္ဂလားဒေ့ရ်ရှိ ဘင်္ဂါလီဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက်လည်း လွန်စွာကျေးဇူးတင်ကြောင်း ဘင်္ဂလားဒေ့ရ်္နိုင်ငံခြားရေးဝန်ကြီးက ICRC ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ ပီရဲဒိုဘီစ်ကိုပြောသည်။

မစ္စတာဒိုဘီစ်သည် ဘင်္ဂလားဒေ့ရ်္နိုင်ငံ၌ တာဝန်မထမ်းဆောင်မီ ICRC ၏ အရှေ့အာရှ ဒေသဆိုင်ရာအကြီး အကဲအဖြစ် ပေကျင်းတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

Ref : ICRC urged to work with Myanmar for Rohingya repatriation

#PeopleMedia #EPN

(Zawgyi)
ဘဂၤါလီအေရးကို ျပႆနာဖန္တီးခဲ့သည့္ ျမန္မာႏိုင္ငံကသာ ေျဖရွင္းရမည္ဟု ဘဂၤလားေဒ့ရ္ၧိဳ
……………………………………………………………………………………………….

ႏိုင္ငံတကာ၊ ဇန္နဝါရီ ၁၆

ရခိုင္ျပည္နယ္မွ ဘဂၤလားေဒ့ရ္ၷိဳင္ငံကို ထြက္ေျပးလာသည့္ ဘဂၤလီဒုကၡသည္မ်ားအတြက္ ေနရပ္သို႔ေဘးကင္း လုံၿခဳံစြာျဖင့္ သိကၡာရွိစြာျပန္ႏိုင္ေရး အေျခအေနတစ္ခုဖန္တီးေပးရန္အတြက္ ႏိုင္ငံတကာ ၾကက္ေျခနီေကာ္မတီ (ICRC ) အေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ လက္တြဲလုပ္ေဆာင္ရန္ ဘဂၤလားေဒ့ရ္ၷိဳင္ငံျခားေရး၀န္ႀကီး ေဒါက္တာေအေကအဗၺဒူမိုမန္က ဇန္နဝါရီ ၁၅ ရက္တြင္ တိုက္တြန္းေျပာဆိုလိုက္သည္။

ဘဂၤလားေဒ့ရ္ၷိဳင္ငံအတြက္ အသစ္ခန္႔အပ္လိုက္ေသာ ICRC ကိုယ္စားလွယ္အဖြဲ႕အႀကီးအကဲ ပီရဲဒိုဘီစ္သည္ ၎၏ခန္႔အပ္လႊာကို ႏိုင္ငံျခားေရး၀န္ႀကီးဌာနထံေပးအပ္စဉ္တြင္ ဘဂၤလားေဒ့ရ္ၷိဳင္ငံျခားေရး၀န္ႀကီးက ဘဂၤါလီျပသနာႏွင့္ပတ္သက္၍ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ဘဂၤါလီျပသနာသည္ ျမန္မာႏိုင္ငံက ဖန္တီးခဲ့သည့္အတြက္ ယင္းျပသနာအားေျဖရွင္းေရးသည္လည္း ျမန္မာႏိုင္ငံႏွင့္သာ သက္ဆိုင္ေၾကာင္း ေဒါက္တာေအေကအဗၺဒူမိုမန္က ဆိုသည္။

ဘဂၤလားေဒ့ရ္ၱြင္ ဘဂၤါလီဒုကၡသည္ အမ်ားအျပားရွိေနျခင္းႏွင့္ ဒုကၡသည္မ်ား၏ကေလးငယ္မ်ား ပညာသင္ၾကားႏိုင္ျခင္းမရွိသည့္အေပၚတြင္ လြန္စြာစိုးရိမ္ပူပန္မိေၾကာင္း ၎ကေျပာသည္။

၁၉၇၁ ခုႏွစ္ႏိုင္ငံလြတ္ေျမာက္ေရးစစ္ပြဲအတြင္း ဘဂၤလားေဒ့ရ္ၷိဳင္ငံသားမ်ားကို ေထာက္ပံ့ကူညီရာတြင္ ICRC ၏တန္ဖိုးမျဖတ္ႏိုင္သည့္အခန္းက႑ႏွင့္ မၾကာေသးမီကာလအတြင္း ဘဂၤလားေဒ့ရ္ရွိ ဘဂၤါလီဒုကၡသည္မ်ားအတြက္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ားအတြက္လည္း လြန္စြာေက်းဇူးတင္ေၾကာင္း ဘဂၤလားေဒ့ရ္ၷိဳင္ငံျခားေရး၀န္ႀကီးက ICRC ကိုယ္စားလွယ္အဖြဲ႕အႀကီးအကဲ ပီရဲဒိုဘီစ္ကိုေျပာသည္။

မစၥတာဒိုဘီစ္သည္ ဘဂၤလားေဒ့ရ္ၷိဳင္ငံ၌ တာ၀န္မထမ္းေဆာင္မီ ICRC ၏ အေရွ႕အာရွ ေဒသဆိုင္ရာအႀကီး အကဲအျဖစ္ ေပက်င္းတြင္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လအထိ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္သည္။

Ref : ICRC urged to work with Myanmar for Rohingya repatriation

#PeopleMedia #EPN


Share this post