• Follow Us on

Home ဘဂၤါလီအေရး ဘဂၤလားေဒ့႐ွ္ကို ယူ႐ို ၁ သန္းကူညီဖို႔ အီတလီကတိျပဳ

ဘဂၤါလီအေရး ဘဂၤလားေဒ့႐ွ္ကို ယူ႐ို ၁ သန္းကူညီဖို႔ အီတလီကတိျပဳ

Share this post

ေရာမ၊ ဇန္နဝါရီ – ၆

လက္႐ွိရွိေနၿပီးသားအကူအညီေတြအျပင္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြကို အကူအညီေပးဖို႔ ယူ႐ိုေငြ ၁ သန္းထပ္ၿပီး ေထာက္ပံ့ေပးမယ္လို႔ အီတလီ၀န္ႀကီးခ်ဳပ္ဂ်ဴဆက္ပီ ကြန္ေတးက ကတိျပဳခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၅ ရက္ ဗုဒၶဟူးေန႔ ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ႐ွိတ္ဟာဆီနာနဲ႔ အီတလီ၀န္ႀကီးခ်ဳပ္႐ံုးခန္းမွာ ေတြ႕ဆံု စဥ္ ေျပာတာပါ။ ဘဂၤလားေဒ့႐ွ္ကို ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာေအဂ်င္စီ UNHCR ကေနတစ္ဆင့္ ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) ႏိုင္ငံသားေတြကို ေနာက္ထပ္ယူ႐ို ၁ သန္း ထပ္ေထာက္ပံ့သြားမယ္လို႔ ကြန္ ေတးကေျပာတာပါ။

အီတလီအပါအ၀င္ ႏိုင္ငံတကာအသိုက္အ၀န္းအေနနဲ႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) အေရးမွာ ျမန္မာႏိုင္ငံအေနနဲ႔ ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)ရဲ႕ ၫႊန္ၾကားခ်က္ေတြ လိုက္နာတာေသခ်ာေအာင္လုပ္ေပးဖို႔ တိုက္တြန္းတယ္လို႔ ဟာဆီနာက ကြန္ေတးကို ေျပာပါတယ္။

ဟာဆီနာနဲ႔ ကြန္ေတးတို႔ႏွစ္ဦး သီးသန္႔ေတြ႕ဆံုရာမွာ ႏွစ္ႏိုင္ငံနယ္ပယ္အသီးသီးမွာ ပူးေပါင္းေဆာင္႐ြက္မႈေတြ ျမွင့္တင္ဖို႔လည္း သေဘာတူခဲ့ၾကပါတယ္။

Source – Dhaka Tribune

Photo – BD News 24

#PeopleMedia #Italy #Bangladesh #Rohingya #Bengalis #Assistance

(Unicode)
ဘင်္ဂါလီအရေး ဘင်္ဂလားဒေ့ရှ်ကို ယူရို ၁ သန်းကူညီဖို့ အီတလီကတိပြု
…………………………………………………………

ရောမ၊ ဇန်နဝါရီ – ၆

လက်ရှိရှိနေပြီးသားအကူအညီတွေအပြင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို အကူအညီပေးဖို့ ယူရိုငွေ ၁ သန်းထပ်ပြီး ထောက်ပံ့ပေးမယ်လို့ အီတလီဝန်ကြီးချုပ်ဂျူဆက်ပီ ကွန်တေးက ကတိပြုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ဗုဒ္ဓဟူးနေ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အီတလီဝန်ကြီးချုပ်ရုံးခန်းမှာ တွေ့ဆုံ စဉ် ပြောတာပါ။ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကနေတစ်ဆင့် ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) နိုင်ငံသားတွေကို နောက်ထပ်ယူရို ၁ သန်း ထပ်ထောက်ပံ့သွားမယ်လို့ ကွန် တေးကပြောတာပါ။

အီတလီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) အရေးမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)ရဲ့ ညွှန်ကြားချက်တွေ လိုက်နာတာသေချာအောင်လုပ်ပေးဖို့ တိုက်တွန်းတယ်လို့ ဟာဆီနာက ကွန်တေးကို ပြောပါတယ်။

ဟာဆီနာနဲ့ ကွန်တေးတို့နှစ်ဦး သီးသန့်တွေ့ဆုံရာမှာ နှစ်နိုင်ငံနယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

Source – Dhaka Tribune

Photo – BD News 24

#PeopleMedia #Italy #Bangladesh #Rohingya #Bengalis #Assistance


Share this post