• Follow Us on

Home ဘင်္ဂါလီအရေး မြန်မာနိုင်ငံကို ဖိအားပေးဖို့ စင်ကာပူကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တိုက်တွန်း

ဘင်္ဂါလီအရေး မြန်မာနိုင်ငံကို ဖိအားပေးဖို့ စင်ကာပူကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တိုက်တွန်း

Share this post

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂါလီဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လက်ခံအောင် ဖိအားပေးဖို့ စင်ကာပူကို တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ အိန္ဒိယစီးပွားရေးဆိုင်ရာအစည်းအဝေးမှာ ဟာစီနာက စင်ကာပူဒုဝန်ကြီးချုပ် ဟန်ဆွီခိကို အခုလို တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဟာစီနာက စင်ကာပူနိုင်ငံဟာ အလှည့်ကျ အာဆီယံဥက္ကဌတာဝန်ယူခဲ့စဉ်က ဘင်္ဂါလီဒုက္ခသည်အရေးအပေါ်မှာ အရေးတယူရှိခဲ့ပြီး ၄င်းတို့နေရပ်ပြန်နိုင်ရေးအတွက် ကျေးဇူးပြု၍ ထပ်မံပြီးနှိုးဆော်ပေးပါလို့ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

စင်ကာပူဒုဝန်ကြီးချုပ်ဟာ ဘင်္ဂလားဒေ့ရှ်အနေနဲ့လက်ရှိကာလရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မေးမြန်းခဲ့ရာမှာ ဟာစီနာက အခုလို အကူအညီတောင်းဆိုခဲ့တာလို့ သိရပါတယ်။

Ref; https://bdnews24.com


Share this post