• Follow Us on
Latest News

Home ဘင်္ဂါလီအရေး မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ အီးယူကို ဂျာမနီဝန်ကြီးတိုက်တွန်း

ဘင်္ဂါလီအရေး မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ အီးယူကို ဂျာမနီဝန်ကြီးတိုက်တွန်း

Share this post

ဘာလင်/ကုတုပလောင်၊ ဖေဖော်ဝါရီ ၂၇

ဥရောပသမဂ္ဂ(အီးယူ)အနေနဲ့ မြန်မာနိုင်ငံကို ဗီဇာကန့်သတ်တာနဲ့ ကုန်သွယ်ရေးကန့်သတ်တာတို့လို့ ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ စဉ်းစားသင့်တယ်လို့ ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးရေးဝန်ကြီးဂျာ့ဒ် မူလာကတိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုတိယမြောက်နေ့ခရီးစဉ်မှာ မူလာကပြောလိုက်တာပါ။

ဘင်္ဂါလီ(မူရင်းထုတ်ပြန်ချက်တွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကိုကာကွယ်ဖို့ မြန်မာနိုင်ငံက ချက်ချင်းအစီအမံတွေလုပ်အောင် မြန်မာနိုင်ငံကိုဆွဲဆောင်ဖို့ နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)ရဲ့အမိန့်ကိုထောက်ခံဖို့နဲ့ မြန်မာနိုင်ငံကို ပိုများတဲ့ဖိအားပေးတွေပေးဖို့ အချိန်ရောက်နေပြီလို့ မူလာကပြောတယ်ဆိုပြီး ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကုတုပလောင်မှာရှိတဲ့ အကြီးဆုံးဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ဒုက္ခသည်စခန်းကို ဗုဒ္ဓဟူးနေ့မှာသွားရောက်ခဲ့ပြီးနောက် မူလာက အခုလိုတိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) ၁သန်းကို ပြန်လက်ခံဖို့ကတိပြုထားပြီး ပိုင်နက်ထဲမှာရှိနေတဲ့  ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကိုလည်း ကာကွယ်ဖို့ ကတိပြုထားလို့ အဲဒီကတိအတိုင်းမလိုက်နာမချင်း မြန်မာနိုင်ငံနဲ့ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုတွေရပ်ဆိုင်းထားဖို့လည်း မူလာကပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) ဒုက္ခသည်တွေနဲ့ သူတို့ကိုလက်ခံထားတဲ့အသိုက်အ၀န်းတွေအတွက် ပညာရေးနဲ့ တစ်ကိုယ်ရေကျန်းမာရေးအတွက် ယူရို ၁၅ သန်းထောက်ပံ့ပေးသွားမယ်လို့လည်း မူလာကပြောပါတယ်။

ထောက်ပံ့ငွေပေးဖို့ကို အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ် ဟာဆီနာနဲ့တွေ့ဆုံစဉ်မှာ မူလာကကတိပြုခဲ့တာပါ။
မြန်မာနိုင်ငံကတစ်ဆင့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အသိုက်အ၀န်းတွေအတွက် ပညာရေးနဲ့လေ့ကျင့်သင်ကြားရေးရည်ရွယ်ချက်အတွက်သာမက ရေဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ၂၀၁၇ ခုနှစ်မှာ ၀န်ကြီးဌာနက ယူရို ၈၃ သန်းခွင့်ပြုပေးခဲ့ပါတယ်။

#PeopleMedia

#Germany #Myanmar #GerdMuller


Share this post