• Follow Us on

Home ဘင်္ဂါလီအရေး မြန်မာနိုင်ငံကို ဖိအားပေးရန် ကမ္ဘောဒီးယားကို ဘင်္ဂ လားဒေ့ရှ် တိုက်တွန်း


Share this post





Ref; thedailystar.net

#PeopleMedia

(Unicode)
ဘင်္ဂါလီအရေး မြန်မာနိုင်ငံကို ဖိအားပေးရန် ကမ္ဘောဒီးယားကို ဘင်္ဂ လားဒေ့ရှ် တိုက်တွန်း
…………………………………………………………

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန်ကော်မတီ ဥက္ကဌ မူဟာမက် ဖရက်ခန်းဟာ ဒီဇင်ဘာ ၆ ရက်နေ့က ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြို့တော်ဖနွမ်းပင်က ငြိမ်းချမ်းရေးနန်းတော်မှာတွေ့ဆုံခဲ့ပြီး ဘင်္ဂါလီအရေး မြန်မာနိုင်ငံကို ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အခုလိုတွေ့ဆုံရာမှာ ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စအတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ ထောက်ခံမှုရရှိဖို့ ကြိုးပမ်းခဲ့ပြီး ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း အခုပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းလမ်းကို အလေးနက် ထားပြောကြားခဲ့ပါတယ်။

ဖရက်ခန်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စားလှယ်အဖွဲ့တွေဟာ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ(၁)တို့နဲ့တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယားအမျိုးသားညီလာခံရဲ့ နိုင်ငံခြားရေးရာအမြဲတမ်းအတွင်းဝန် ကော်မတီနဲ့ အလုပ်ရုံအစည်းအဝေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ ဖရက်ခန်းက ကမ္ဘောဒီးယားခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံက ကိုယ့်နိုင်ငံမှာ နေထိုင် သူတွေကိုပြန်ခေါ်ရေး ဖိအားပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

Ref; thedailystar.net

#PeopleMedia


Share this post