• Follow Us on

Home ဘဂၤါလီအၾကပ္အတည္းအေရးဝိုင္း၀န္းကူညီေပးရန္ ဗီယက္နမ္ကို မေလး႐ွားတိုက္တြန္း

ဘဂၤါလီအၾကပ္အတည္းအေရးဝိုင္း၀န္းကူညီေပးရန္ ဗီယက္နမ္ကို မေလး႐ွားတိုက္တြန္း

Share this post

ကြာလာလမ္ပူ၊ ဇြန္ ၂၄

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)အၾကပ္အတည္းအေရးမွာ ဗီယက္နမ္ႏိုင္ငံအေနနဲ႔ ပိုၿပီးပါ၀င္ေပးဖို႔ မေလး ႐ွား၀န္ႀကီးခ်ဳပ္ မူယီဒင္ယက္ဆင္က ဗီယက္နမ္၀န္ႀကီးခ်ဳပ္ငုယင္ ဆြမ္ဖုကို တိုက္တြန္းခဲ့ပါတယ္။

အဂၤါေန႔က ေခါင္းေဆာင္ ၂ ေယာက္ တယ္လီဖုန္းနဲ႔ ဆက္သြယ္ေဆြးေႏြးရာမွာ ထည့္သြင္းေျပာဆိုခဲ့တာပါ။

“အခုႏွစ္ အာဆီယံအဖြဲ႕ရဲ႕ အလွည့္က်ဥကၠ႒ျဖစ္တဲ့ ဗီယက္နမ္ႏိုင္ငံအေနနဲ႔ မေလး႐ွားႏိုင္ငံကိုလည္း ထိခိုက္ ေနတဲ့ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုဆို)ဒုကၡသည္အၾကပ္အတည္းကို ေျဖ႐ွင္းရာမွာ ျမန္မာႏိုင္ငံကိုပိုၿပီး ကူညီ တဲ့အခန္းက႑တစ္ရပ္အေနနဲ႔ ပါ၀င္ေပးဖို႔အႀကံျပဳၿပီး ေဆြးေႏြးမႈကို ကၽြန္ေတာ္အဆံုးသတ္ခဲ့ပါတယ္” လို႔ မူယီဒင္က သူ႔ Facebook စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

မေလး႐ွားႏိုင္ငံဟာ ဘဂၤါလီေတြ ဦးတည္သြားေနၾကတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ အခုလအေစာပိုင္းမွာ ဘဂၤလား ေဒ့႐ွ္ႏိုင္ငံကေန ေလွနဲ႔ ေရာက္လာတဲ့ဘဂၤါလီေတြကို ေလွျပန္ျပင္ေပးၿပီး ပင္လယ္ထဲျပန္လႊတ္မယ္လို႔ ၿပီးခဲ့တဲ့ တစ္ပတ္မွာ မေလး႐ွားႏိုင္ငံကေျပာပါတယ္။

COVID-19 စိုးရိမ္မႈေတြေၾကာင့္ မေလး႐ွားႏိုင္ငံဟာ ဧၿပီလတုန္းကလည္း ဘဂၤါလီဒုကၡသည္ေလွတစ္စင္းကို လက္မခံဘဲျပန္လႊတ္လိုက္ပါတယ္။ သူတို႔ေရာက္လာမယ္လို႔ထင္ေနၾကခ်ိန္မွာ မေလး႐ွားႏိုင္ငံထဲ လူမႈကြန္ရက္ မွာ လူမ်ိဳးျခားေၾကာက္စိတ္နဲ႔ အမုန္းစကားေတြျမင့္တက္လာခဲ့ပါတယ္။

Ref : Help Myanmar deal with Rohingya refugee crisis, Muhyiddin urges Vietnam

#PeopleMedia

(unicode)
ဘင်္ဂါလီအကြပ်အတည်းအရေးဝိုင်းဝန်းကူညီပေးရန် ဗီယက်နမ်ကို မလေးရှားတိုက်တွန်း
……………………………………………………

ကွာလာလမ်ပူ၊ ဇွန် ၂၄

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အကြပ်အတည်းအရေးမှာ ဗီယက်နမ်နိုင်ငံအနေနဲ့ ပိုပြီးပါဝင်ပေးဖို့ မလေး ရှားဝန်ကြီးချုပ် မူယီဒင်ယက်ဆင်က ဗီယက်နမ်ဝန်ကြီးချုပ်ငုယင် ဆွမ်ဖုကို တိုက်တွန်းခဲ့ပါတယ်။

အင်္ဂါနေ့က ခေါင်းဆောင် ၂ ယောက် တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

“အခုနှစ် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗီယက်နမ်နိုင်ငံအနေနဲ့ မလေးရှားနိုင်ငံကိုလည်း ထိခိုက် နေတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဆို)ဒုက္ခသည်အကြပ်အတည်းကို ဖြေရှင်းရာမှာ မြန်မာနိုင်ငံကိုပိုပြီး ကူညီ တဲ့အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ပေးဖို့အကြံပြုပြီး ဆွေးနွေးမှုကို ကျွန်တော်အဆုံးသတ်ခဲ့ပါတယ်” လို့ မူယီဒင်က သူ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ ဘင်္ဂါလီတွေ ဦးတည်သွားနေကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အခုလအစောပိုင်းမှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကနေ လှေနဲ့ ရောက်လာတဲ့ဘင်္ဂါလီတွေကို လှေပြန်ပြင်ပေးပြီး ပင်လယ်ထဲပြန်လွှတ်မယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်မှာ မလေးရှားနိုင်ငံကပြောပါတယ်။

COVID-19 စိုးရိမ်မှုတွေကြောင့် မလေးရှားနိုင်ငံဟာ ဧပြီလတုန်းကလည်း ဘင်္ဂါလီဒုက္ခသည်လှေတစ်စင်းကို လက်မခံဘဲပြန်လွှတ်လိုက်ပါတယ်။ သူတို့ရောက်လာမယ်လို့ထင်နေကြချိန်မှာ မလေးရှားနိုင်ငံထဲ လူမှုကွန်ရက် မှာ လူမျိုးခြားကြောက်စိတ်နဲ့ အမုန်းစကားတွေမြင့်တက်လာခဲ့ပါတယ်။

Ref : Help Myanmar deal with Rohingya refugee crisis, Muhyiddin urges Vietnam

#PeopleMedia


Share this post