• Follow Us on

Home ဘင်္ဂါလီတွေကိုလက်မခံဘဲ ဘင်္ဂလားဒေ့ရှ်ပြန်ပို့မယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီးပြော၊ နိုင်ငံသားတွေ မဟုတ်လို့ လက်မခံဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတုံ့ပြန်

ဘင်္ဂါလီတွေကိုလက်မခံဘဲ ဘင်္ဂလားဒေ့ရှ်ပြန်ပို့မယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီးပြော၊ နိုင်ငံသားတွေ မဟုတ်လို့ လက်မခံဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတုံ့ပြန်

Share this post

ဒါကာ၊ ဇွန် ၁၀

မလေးရှားနိုင်ငံကိုဝင်ရောက်လာတဲ့ ဘင်္ဂါလီ(ရိုဟင်ဂျာဟုမူရင်းတွင်သုံးနှုန်း)ဒုက္ခသည်တွေကို ၀င်ခွင့်ပြုမှာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့သွားမယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီး အစ္စမေးဆာဘရီယာ ကွက်ကပြောပါတယ်။





ဒီမှတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဲဒီ ဒုက္ခသည်တွေကို ပြန်လက်ခံမှာမဟုတ်ဘူးလို့ အင်္ဂါနေ့မှာပြောပါတယ်။

“မလေးရှားမှာ ကယ်တင်ခဲ့တဲ့လူတွေအတွက် ကျွန်တော်တို့မှာတာဝန်မရှိဘူး၊ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတွေမဟုတ်တဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူတို့ကိုပြန်လက်ခံဖို့မရှိဘူး” လို့လည်း ပြောပါတယ်။



#PeopleMedia

[Unicode]
ဘင်္ဂါလီတွေကိုလက်မခံဘဲ ဘင်္ဂလားဒေ့ရ်ှပြန်ပို့မယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီးပြော၊ နိုင်ငံသားတွေ မဟုတ်လို့ လက်မခံဘူးလို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီးတုံ့ပြန်
…………………………………………………………………………..

ဒါကာ၊ ဇွန် ၁၀

မလေးရှားနိုင်ငံကိုဝင်ရောက်လာတဲ့ ဘင်္ဂါလီ(ရိုဟင်ဂျာဟုမူရင်းတွင်သုံးနှုန်း)ဒုက္ခသည်တွေကို ဝင်ခွင့်ပြုမှာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ပြန်ပို့သွားမယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီး အစ္စမေးဆာဘရီယာ ကွက်ကပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ သူတို့ဒီကိုပြေးလာရင် လက်ခံလိမ့်မယ်လို့ မယူဆသင့်ပါဘူး” လို့ အင်္ဂါနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အစ္စမေးကပြောပါတယ်။

တနင်္လာနေ့က မလေးရှားနိုင်ငံရဲ့လန်ကာဝီကျွန်းနားက ရေပြင်မှာထိန်းသိမ်းခဲ့တဲ့ ဘင်္ဂါလီတွေကို နိုင်ငံထဲမှာ ဆက်မထားဖို့ မလေးရှားအစိုးရက ဆုံးဖြတ်ခဲ့တယ်လို့လည်းပြောပါတယ်။

သင်္ဘောတစ်စီးပေါ်ပါလာတဲ့ဘင်္ဂါလီ ၂၆၉ ယောက်ကို ထိန်းသိမ်းခဲ့ပြီး အစောပိုင်းကတော့ ဒေသရေကြောင်း ဥပဒေစိုးမိုးရေးအဖွဲ့တွေက သူတို့ကို ကမ်းကပ်မလာဖို့ တားခဲ့ပါတယ်။

“သင်္ဘောကိုအပေါက်တွေထိုးဖောက်ပြီး ကျွန်တော်တို့ရေပိုင်နက်ထဲမဝင်ခင် အင်ဂျင်ကိုဖျက်ထားတယ်၊ ပြီး တော့ ဒုက္ခသည် ၅၇ ယောက်က ရေထဲခုန်ချခဲ့ပါတယ်၊ ဒီတော့ ကျွန်တော်တို့သူတို့ကိုကယ်မှရမယ်။ မျက်စိ ရှေ့မှောက်မှာ ရေနစ်သွားမှာကို ကြည့်နေလို့မရဘူးလေ” လို့လည်း အစ္စမေးကပြောပါတယ်။

ဒီမှတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ အဲဒီ ဒုက္ခသည်တွေကို ပြန်လက်ခံမှာမဟုတ်ဘူးလို့ အင်္ဂါနေ့မှာပြောပါတယ်။

“မလေးရှားမှာ ကယ်တင်ခဲ့တဲ့လူတွေအတွက် ကျွန်တော်တို့မှာတာဝန်မရှိဘူး၊ သူတို့ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ သားတွေမဟုတ်တဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူတို့ကိုပြန်လက်ခံဖို့မရှိဘူး” လို့လည်း ပြောပါတယ်။

“ဒီအပြင်နေရာမှာ သူတို့ကိုတွေ့ရင် တွေ့တဲ့နိုင်ငံက ကြိုက်တာလုပ်လို့ရပါတယ်”လို့လည်း သူကဖြည့်စွက် ပြောဆိုပါတယ်။

Ref : Ismail Sabri: Rohingya refugees will be deported back to Bangladesh & FM rules out possibility of taking Rohingyas from Malaysia

#PeopleMedia


Share this post