• Follow Us on

Home ဘဂၤါလီေတြကိုျပန္ေခၚဖို႔ ျမန္မာႏိုင္ငံကို အာမခံခိုင္းတဲ့အဆို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အတည္ျပဳ

ဘဂၤါလီေတြကိုျပန္ေခၚဖို႔ ျမန္မာႏိုင္ငံကို အာမခံခိုင္းတဲ့အဆို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အတည္ျပဳ

Share this post

ဂ်ီနီဗာ၊ ဇြန္ ၂၃

ဇြန္ ၂၂ ရက္က ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕မွာက်င္းပခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕(၄၃) ႀကိမ္ ေျမာက္ပုံမွန္အစည္းအေဝးမွာ ဥေရာပသမဂၢ(အီးယူ)က ဘဂၤါလီေတြ၊ ဒုကၡသည္ေတြနဲ႔ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာသြားသူေတြအားလံုး စိတ္ဆႏၵ႐ွိ႐ွိ၊ ေဘးကင္းလံုၿခံဳၿပီး ဂုဏ္သိကၡာ႐ွိ႐ွိနဲ႔ ေရ႐ွည္တည္တံ့ခိုင္ၿမဲတဲ့ ေနရပ္ျပန္မႈျဖစ္လာဖို႔အစီအစဥ္တစ္ခုတည္ေထာင္ဖို႔နဲ႔ အေျခအေနေတြဖန္တီးေပးဖို႔ ဆံုးျဖတ္ခ်က္အဆိုတစ္ရပ္ တင္သြင္းခဲ့ၿပီး အဲဒီအဆိုကို မဲအမ်ားစုနဲ႔အတည္ျပဳခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာဆံုးျဖတ္ခ်က္အဆိုကို ကန႔္ကြက္မဲ ၂မဲ၊ ၾကားေနမဲ ၈ မဲနဲ႔ ေထာက္ခံမဲ ၃၇ မဲတို႔နဲ႔အတည္ျပဳခဲ့တာပါ။

ဖိလစ္ပိုင္နဲ႔ ဗင္နီဇြဲလားႏိုင္ငံတို႔က ကန႔္ကြက္မဲေပးခဲ့ၾကၿပီး အန္ဂိုလာ၊ ကင္မ႐ြန္း၊ ကြန္ဂိုဒီမိုကရက္တစ္သမၼတ ႏိုင္ငံ၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ နီေပါနဲ႔ ဆီနီေဂါႏိုင္ငံတို႔က အီးယူရဲ႕ဆုံးျဖတ္ခ်က္ အဆိုမူၾကမ္းကို ၾကားေနမဲ ေပးခဲ့ပါတယ္။

ဒါ့အျပင္ ေကာင္စီဟာ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)ကခ်မွတ္ထားတဲ့ ၾကားျဖတ္အစီအမံ ေတြကိုလည္း ႀကိဳဆိုေၾကာင္းေျပာခဲ့ပါတယ္။

ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီဆိုင္ရာျမန္မာအၿမဲတမ္းကိုယ္စားလွယ္ဦးေက်ာ္မိုးထြန္းကေတာ့ အခ်က္ ၅ ခ်က္ေထာက္ျပၿပီး အဆိုကိုကန္႔ကြက္ေၾကာင္းေျပာခဲ့ပါတယ္။

#PeopleMedia

(unicode)
ဘင်္ဂါလီတွေကိုပြန်ခေါ်ဖို့ မြန်မာနိုင်ငံကို အာမခံခိုင်းတဲ့အဆို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အတည်ပြု
…………………………………………………………

ဂျီနီဗာ၊ ဇွန် ၂၃

ဇွန် ၂၂ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့(၄၃) ကြိမ် မြောက်ပုံမှန်အစည်းအဝေးမှာ ဥရောပသမဂ္ဂ(အီးယူ)က ဘင်္ဂါလီတွေ၊ ဒုက္ခသည်တွေနဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသွားသူတွေအားလုံး စိတ်ဆန္ဒရှိရှိ၊ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ နေရပ်ပြန်မှုဖြစ်လာဖို့အစီအစဉ်တစ်ခုတည်ထောင်ဖို့နဲ့ အခြေအနေတွေဖန်တီးပေးဖို့ ဆုံးဖြတ်ချက်အဆိုတစ်ရပ် တင်သွင်းခဲ့ပြီး အဲဒီအဆိုကို မဲအများစုနဲ့အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံးဖြတ်ချက်အဆိုကို ကန့်ကွက်မဲ ၂မဲ၊ ကြားနေမဲ ၈ မဲနဲ့ ထောက်ခံမဲ ၃၇ မဲတို့နဲ့အတည်ပြုခဲ့တာပါ။

ဖိလစ်ပိုင်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့က ကန့်ကွက်မဲပေးခဲ့ကြပြီး အန်ဂိုလာ၊ ကင်မရွန်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နီပေါနဲ့ ဆီနီဂေါနိုင်ငံတို့က အီးယူရဲ့ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကြားနေမဲ ပေးခဲ့ပါတယ်။

ဒါ့အပြင် ကောင်စီဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)ကချမှတ်ထားတဲ့ ကြားဖြတ်အစီအမံ တွေကိုလည်း ကြိုဆိုကြောင်းပြောခဲ့ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကတော့ အချက် ၅ ချက်ထောက်ပြပြီး အဆိုကိုကန့်ကွက်ကြောင်းပြောခဲ့ပါတယ်။

#PeopleMedia


Share this post