• Follow Us on

Home ဘဂၤါလီေတြရက္စက္ခံခဲ့ရတယ္ဆိုတဲ့ျဖစ္ရပ္ေတြအတြက္ ICC စုံစမ္းစစ္ေဆးမႈစတင္

ဘဂၤါလီေတြရက္စက္ခံခဲ့ရတယ္ဆိုတဲ့ျဖစ္ရပ္ေတြအတြက္ ICC စုံစမ္းစစ္ေဆးမႈစတင္

Share this post

ဒါကာ၊ ေဖေဖာ္ဝါရီ – ၅

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြကို ရက္စက္မႈေတြက်ဴးလြန္ခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြကို အဂၤါေန႔မွာ ႏိုင္ငံတကာရာဇ၀တ္မႈဆိုင္ရာတရား႐ုံး ICCက တရား၀င္စတင္စစ္ေဆးေနပါၿပီ။

လူသားမ်ိဳးႏြယ္ကိုဆန္႔က်င္တဲ့ျပစ္မႈေတြလည္းပါ၀င္တဲ့ျပည္ႏွင္ဒဏ္ေပးတဲ့ျပစ္မႈေတြကိုပါစုံစမ္းစစ္ေဆးသြားမယ္လို႔ အိုင္စီစီက ေၾကညာခဲ့တာပါ။

စုံစမ္းစစ္ေဆးမႈစတင္ေၾကာင္း ဘဂၤလားေဒ့ရ္ၷိဳင္ငံၿမိဳ႕ေတာ္ဒါကာမွာ အဂၤါေန႔က အိုင္စီစီအမႈစစ္႐ုံး၊ တရားစီရင္ေရး၊ အမႈညီၫြတ္ေရးႏွင့္ပူးေပါင္းေဆာင္ရြက္ေရးဌာနခြဲၫႊန္ၾကားေရးမွဴး ဖာကီဆို မိုခ်ိဳခ်ိဳကိုကေၾကညာခဲ့တာပါ။
ဘယ္သူျဖစ္ျဖစ္၊ ဘယ္ရာထူးရထားထား တစ္ဦးခ်င္းစီကို ရာဇ၀တ္ေၾကာင္းအရ တာ၀န္ရွိသူေတြကို ထိန္းသိမ္းသြားမယ့္အျပင္ စစ္သားေတြအပါအ၀င္ တစ္ဦးတစ္ေယာက္ခ်င္းစီပါ၀င္ပတ္သက္သူေတြကို ဒီလုပ္ငန္းစဉ္နဲ႔အမည္ေဖာ္ထုတ္သြားမယ္လို႔လည္းေျပာပါတယ္။

ဇန္နဝါရီလကုန္ပိုင္းမွာ ျမန္မာႏိုင္ငံကို ၾကားျဖတ္ႀကိဳတင္ကာကြယ္ေရးအစီအစဉ္ေတြလုပ္ဖို႔ ႏိုင္ငံတကာတရား႐ုံး(အိုင္စီေဂ်)က အမိန္႔ခ်ခဲ့ၿပီးတဲ့ေနာက္ အခုစုံစမ္းစစ္ေဆးမႈစတင္တာပါ။

အိုင္စီေဂ်ကေတာ့ ႏိုင္ငံေတြကို အမႈစစ္ေပးၿပီး အေရးယူေဆာင္ရြက္ဖို႔ အစိုးရေတြကို အမိန္႔ေပးတာျဖစ္ေပမဲ့ အိုင္စီစီကေတာ့ လူတစ္ဦးတစ္ေယာက္ခ်င္းကို အမႈစစ္ၿပီး ေထာင္ဒဏ္ခ်မွတ္တာပါ။

ျမန္မာႏိုင္ငံကေတာ့ အိုင္စီစီနဲ႔ပူးေပါင္းေဆာင္ရြက္မႈမရွိဘူးလို႔ မိုခ်ိဳခ်ိဳကိုကေျပာပါတယ္။ ပူးေပါင္းေဆာင္ရြက္မႈမရွိလို႔ စုံစမ္းစစ္ေဆးမႈအၿပီးသတ္မယ့္အခ်ိန္ကို ဆိုးက်ိဳးသက္ေရာက္မႈရွိမယ္လို႔လည္း ျဖည့္စြက္ေျပာဆိုပါတယ္။

လက္ရွိမွာေတာ့ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)စခန္းေတြကို စုံစမ္းေရးအဖြဲ႕တစ္ဖြဲ႕ေရာက္ေနပါၿပီ။

လက္ရွိအထိ အိုင္စီစီဟာ ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံ၊ ယူဂန္ဒါ၊ ဗဟိုအာဖရိကသမၼတႏိုင္ငံ၊ ဆူဒန္၊ ကင္ညာ၊ လစ္ဗ်ား၊ ကိုတီဒီအိုင္ဗိုေရး၊ မာလီ၊ ေဂ်ာ္ဂ်ီယာနဲ႔ ဘူရြန္ဒီႏိုင္ငံတို႔မွာက်ဴးလြန္ခဲ့တဲ့ျပစ္မႈေတြကို အိုင္စီစီက စုံစမ္းစစ္ေဆးခဲ့ၿပီး လူ ၄၄ ေယာက္ကို တရား၀င္စြဲခ်က္တင္ခဲ့ပါတယ္။

Source – The Daily Star

Photo – UN Photo

#PeopleMedia #ICC #Investigation #Myanmar

[Unicode]
ဘင်္ဂါလီတွေရက်စက်ခံခဲ့ရတယ်ဆိုတဲ့ဖြစ်ရပ်တွေအတွက် ICC စုံစမ်းစစ်ဆေးမှုစတင်
…………………………………………………………………………………………….

ဒါကာ၊ ဖေဖော်ဝါရီ – ၅

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို ရက်စက်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို အင်္ဂါနေ့မှာ နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာတရားရုံး ICCက တရား၀င်စတင်စစ်ဆေးနေပါပြီ။

လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ပြစ်မှုတွေလည်းပါ၀င်တဲ့ပြည်နှင်ဒဏ်ပေးတဲ့ပြစ်မှုတွေကိုပါစုံစမ်းစစ်ဆေးသွားမယ်လို့ အိုင်စီစီက ကြေညာခဲ့တာပါ။

စုံစမ်းစစ်ဆေးမှုစတင်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံမြို့တော်ဒါကာမှာ အင်္ဂါနေ့က အိုင်စီစီအမှုစစ်ရုံး၊ တရားစီရင်ရေး၊ အမှုညီညွတ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲညွှန်ကြားရေးမှူး ဖာကီဆို မိုချိုချိုကိုကကြေညာခဲ့တာပါ။
ဘယ်သူဖြစ်ဖြစ်၊ ဘယ်ရာထူးရထားထား တစ်ဦးချင်းစီကို ရာဇ၀တ်ကြောင်းအရ တာ၀န်ရှိသူတွေကို ထိန်းသိမ်းသွားမယ့်အပြင် စစ်သားတွေအပါအ၀င် တစ်ဦးတစ်ယောက်ချင်းစီပါ၀င်ပတ်သက်သူတွေကို ဒီလုပ်ငန်းစဉ်နဲ့အမည်ဖော်ထုတ်သွားမယ်လို့လည်းပြောပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ကြားဖြတ်ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေလုပ်ဖို့ နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)က အမိန့်ချခဲ့ပြီးတဲ့နောက် အခုစုံစမ်းစစ်ဆေးမှုစတင်တာပါ။

အိုင်စီဂျေကတော့ နိုင်ငံတွေကို အမှုစစ်ပေးပြီး အရေးယူဆောင်ရွက်ဖို့ အစိုးရတွေကို အမိန့်ပေးတာဖြစ်ပေမဲ့ အိုင်စီစီကတော့ လူတစ်ဦးတစ်ယောက်ချင်းကို အမှုစစ်ပြီး ထောင်ဒဏ်ချမှတ်တာပါ။

မြန်မာနိုင်ငံကတော့ အိုင်စီစီနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ မိုချိုချိုကိုကပြောပါတယ်။ ပူးပေါင်းဆောင်ရွက်မှုမရှိလို့ စုံစမ်းစစ်ဆေးမှုအပြီးသတ်မယ့်အချိန်ကို ဆိုးကျိုးသက်ရောက်မှုရှိမယ်လို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

လက်ရှိမှာတော့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)စခန်းတွေကို စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ရောက်နေပါပြီ။

လက်ရှိအထိ အိုင်စီစီဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ယူဂန်ဒါ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဆူဒန်၊ ကင်ညာ၊ လစ်ဗျား၊ ကိုတီဒီအိုင်ဗိုရေး၊ မာလီ၊ ဂျော်ဂျီယာနဲ့ ဘူရွန်ဒီနိုင်ငံတို့မှာကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို အိုင်စီစီက စုံစမ်းစစ်ဆေးခဲ့ပြီး လူ ၄၄ ယောက်ကို တရား၀င်စွဲချက်တင်ခဲ့ပါတယ်။

Source – The Daily Star

Photo – UN Photo

#PeopleMedia #ICC #Investigation #Myanmar


Share this post