• Follow Us on

Home ဘဂၤါလီေတြေၾကာင့္ သစ္ေတာအရင္းအျမစ္ေတြနဲ႔ ဇီ၀မ်ိဳးစံုမ်ိဳးကြဲေတြပ်က္စီးတယ္လို႔ ဘဂၤလားေဒ့႐ွ္သစ္ေတာ ဌာနေျပာ

ဘဂၤါလီေတြေၾကာင့္ သစ္ေတာအရင္းအျမစ္ေတြနဲ႔ ဇီ၀မ်ိဳးစံုမ်ိဳးကြဲေတြပ်က္စီးတယ္လို႔ ဘဂၤလားေဒ့႐ွ္သစ္ေတာ ဌာနေျပာ

Share this post

ေဖေဖာ္ဝါရီ ၂၀၊ ဒါကာ

ေကာ့က္စ္ဘဇားေဒသမွာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြက ဘဂၤလားေဒ့႐ွ္ တာကာ ၂၅ ဘီလီ ယံဖိုးေလာက္တန္တဲ့ သစ္ေတာအရင္းအျမစ္ေတြနဲ႔ ဇီ၀မ်ိဳးစံုမ်ိဳးကြဲေတြကို ဖ်က္ဆီးခဲ့တယ္လို႔ ဘဂၤလားေဒ့႐ွ္ သစ္ေတာဌာနရဲ႕ တရား၀င္ခန္႔မွန္းခ်က္ေတြအရသိရပါတယ္။

သဘာ၀သစ္ေတာနဲ႔ ထိန္းသိမ္းထားတဲ့သစ္ေတာဧက ၈၀၀၀ ေလာက္ကို အိမ္ေတြေဆာက္တာ၊ ေလာင္စာ အတြက္အသံုးျပဳတာေတြအတြက္သံုးၿပီး ဖ်က္ဆီးခဲ့လို႔ သဘာ၀ပတ္၀န္းက်င္နဲ႔ ေဂဟစနစ္တို႔အတြက္ အႀကီး အက်ယ္ၿခိမ္းေျခာက္မႈျဖစ္ေနတယ္လို႔ အရာ႐ွိေတြကေျပာတာပါ။

ကုတုပေလာင္စခန္းေဟာင္းကို ခ်ဲ႕ထြင္လို႔ မ်ိဳးသုဥ္းေတာ့မယ့္အႏၲရာယ္႐ွိေနတဲ့အာ႐ွဆင္ေတြသံုးတဲ့ လမ္းပိတ္ သြားၿပီး စခန္းအေနာက္ဘက္မွာ ဆင္ ၄၅ ေကာင္ေလာက္ပိတ္မိေနပါတယ္။ သစ္ေတာဌာနကိုအသိမေပးဘဲနဲ႔ ႏိုင္ငံတကာအကူအညီေပးေရးေအဂ်င္စီေတြ၊ ေဒသအစိုးရအဖြဲ႔၀င္ေတြနဲ႕ အန္ဂ်ီအိုေတြက အေျခခံအေဆာက္ အအံုေတြေဆာက္ေနၾကတယ္လို႔ သစ္ေတာဌာနသတင္းရင္းျမစ္ေတြကေျပာပါတယ္။

“ေကာ့က္ဘဇားခ႐ိုင္မွာ ေျမဆီလႊာတိုက္စားခံရတာနဲ႔ ေျမၿပိဳတာေတြမၾကာခဏျဖစ္ေနၿပီး ေရအရင္းအျမစ္၊ ဆည္ေျမာင္းနဲ႔ ေျမေအာက္ေရသိုေလွာင္မႈေတြကိုထိခိုက္ထားၿပီးသားပါ။ ဒါေပမဲ့ အခုေတာ့ ပင္လယ္အရင္း အျမစ္ေတြ၊ ၾကားႏိုင္ျမင္ႏိုင္တဲ့ပတ္၀န္းက်င္ေတြနဲ႔ ေလထုအရည္အေသြးေတြအပါအ၀င္ ေဒသခံဇီ၀မ်ိဳးစံုမ်ိဳးကြဲ ေတြဟာ မႀကံဳစဖူးအဆင့္တစ္ခုေရာက္ေအာင္နိမ့္က်ေနပါၿပီ” လို႔ ေကာ့က္ဘဇားေတာင္ပိုင္း ခ႐ိုင္သစ္ေတာ အရာ႐ွိ ဟူမာယန္ ကဘားကေျပာပါတယ္။

ဒါေပမဲ့ သစ္ေတာေတြဆီေရာက္ေနတဲ့ ဖိအားေတြေလ်ာ့သြားေအာင္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) ေတြကို တျခားနည္းလမ္းနဲ႔ ျဖည့္ဆည္းေပးဖို႔ ကၽြမ္းက်င္သူေတြက အႀကံျပဳေနပါတယ္။ အႀကီးျမန္တဲ့အပင္ေတြ ကို ဖုန္းဆိုးေျမေတြနဲ႔ တျခားအသံုးမျပဳတဲ့ေျမေတြမွာ စိုက္မယ္ဆိုရင္ ပတ္၀န္းက်င္ထိခိုက္ေနတဲ့ျပႆနာကို ေျဖ႐ွင္းႏိုင္မယ္လို႔လည္း အႀကံျပဳပါတယ္။ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြ ထြက္ေျပးလာတာ ၂ ႏွစ္နီးနီးပါး႐ွိခ်ိန္ ၂၀၁၉ ခုႏွစ္မွာ ကုလသမဂၢဖြံ႕ၿဖိဳးုေရးအစီအစဥ္(UNDP)နဲ႔ ဘဂၤလားေဒ့႐ွ္မူဝါဒသုေတသန အင္ စတီက်ဴ႕၊ ေကာ့က္ဘဇားေဒသအုပ္ခ်ဳပ္ေရးအဖြဲ႕တို႔ပူးေပါင္းၿပီး ဘဂၤါလီေတြေၾကာင့္ေဒသခံေတြအေပၚ ဆိုးက်ိဳး သက္ေရာက္မႈေတြကို ေလ့လာခဲ့ပါတယ္။

Source – The Independent

#PeopleMedia

(Unicode)
ဘင်္ဂါလီတွေကြောင့် သစ်တောအရင်းအမြစ်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေပျက်စီးတယ်လို့ ဘင်္ဂလားဒေ့ရှ်သစ်တော ဌာနပြော
………………………………………………………

ဖေဖော်ဝါရီ ၂၀၊ ဒါကာ

ကော့က်စ်ဘဇားဒေသမှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေက ဘင်္ဂလားဒေ့ရှ် တာကာ ၂၅ ဘီလီ ယံဖိုးလောက်တန်တဲ့ သစ်တောအရင်းအမြစ်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ဖျက်ဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သစ်တောဌာနရဲ့ တရားဝင်ခန့်မှန်းချက်တွေအရသိရပါတယ်။

သဘာဝသစ်တောနဲ့ ထိန်းသိမ်းထားတဲ့သစ်တောဧက ၈၀၀၀ လောက်ကို အိမ်တွေဆောက်တာ၊ လောင်စာ အတွက်အသုံးပြုတာတွေအတွက်သုံးပြီး ဖျက်ဆီးခဲ့လို့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တို့အတွက် အကြီး အကျယ်ခြိမ်းခြောက်မှုဖြစ်နေတယ်လို့ အရာရှိတွေကပြောတာပါ။

ကုတုပလောင်စခန်းဟောင်းကို ချဲ့ထွင်လို့ မျိုးသုဉ်းတော့မယ့်အန္တရာယ်ရှိနေတဲ့အာရှဆင်တွေသုံးတဲ့ လမ်းပိတ် သွားပြီး စခန်းအနောက်ဘက်မှာ ဆင် ၄၅ ကောင်လောက်ပိတ်မိနေပါတယ်။ သစ်တောဌာနကိုအသိမပေးဘဲနဲ့ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီတွေ၊ ဒေသအစိုးရအဖွဲ့ဝင်တွေနဲ့ အန်ဂျီအိုတွေက အခြေခံအဆောက် အအုံတွေဆောက်နေကြတယ်လို့ သစ်တောဌာနသတင်းရင်းမြစ်တွေကပြောပါတယ်။

“ကော့က်ဘဇားခရိုင်မှာ မြေဆီလွှာတိုက်စားခံရတာနဲ့ မြေပြိုတာတွေမကြာခဏဖြစ်နေပြီး ရေအရင်းအမြစ်၊ ဆည်မြောင်းနဲ့ မြေအောက်ရေသိုလှောင်မှုတွေကိုထိခိုက်ထားပြီးသားပါ။ ဒါပေမဲ့ အခုတော့ ပင်လယ်အရင်း အမြစ်တွေ၊ ကြားနိုင်မြင်နိုင်တဲ့ပတ်ဝန်းကျင်တွေနဲ့ လေထုအရည်အသွေးတွေအပါအဝင် ဒေသခံဇီဝမျိုးစုံမျိုးကွဲ တွေဟာ မကြုံစဖူးအဆင့်တစ်ခုရောက်အောင်နိမ့်ကျနေပါပြီ” လို့ ကော့က်ဘဇားတောင်ပိုင်း ခရိုင်သစ်တော အရာရှိ ဟူမာယန် ကဘားကပြောပါတယ်။

ဒါပေမဲ့ သစ်တောတွေဆီရောက်နေတဲ့ ဖိအားတွေလျော့သွားအောင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) တွေကို တခြားနည်းလမ်းနဲ့ ဖြည့်ဆည်းပေးဖို့ ကျွမ်းကျင်သူတွေက အကြံပြုနေပါတယ်။ အကြီးမြန်တဲ့အပင်တွေ ကို ဖုန်းဆိုးမြေတွေနဲ့ တခြားအသုံးမပြုတဲ့မြေတွေမှာ စိုက်မယ်ဆိုရင် ပတ်ဝန်းကျင်ထိခိုက်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်မယ်လို့လည်း အကြံပြုပါတယ်။ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေ ထွက်ပြေးလာတာ ၂ နှစ်နီးနီးပါးရှိချိန် ၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂဖွံ့ဖြိုးုရေးအစီအစဉ်(UNDP)နဲ့ ဘင်္ဂလားဒေ့ရှ်မူဝါဒသုတေသန အင် စတီကျူ့၊ ကော့က်ဘဇားဒေသအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး ဘင်္ဂါလီတွေကြောင့်ဒေသခံတွေအပေါ် ဆိုးကျိုး သက်ရောက်မှုတွေကို လေ့လာခဲ့ပါတယ်။

Source – The Independent

#PeopleMedia


Share this post