• Follow Us on

Home ဘဂၤါလီျပႆနာကို ဘဂၤလားေဒ့ရွ္စစ္တပ္ေခါင္းေဆာင္ေဟာင္းဖန္တီး ခဲ့ေၾကာင္း ဟာစီနာေျပာၾကား

ဘဂၤါလီျပႆနာကို ဘဂၤလားေဒ့ရွ္စစ္တပ္ေခါင္းေဆာင္ေဟာင္းဖန္တီး ခဲ့ေၾကာင္း ဟာစီနာေျပာၾကား

Share this post

ဘဂၤလားေဒ့ရွ္၀န္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာက ဘဂၤါလီဒုကၡသည္ျပႆနာကို ဘဂၤလားေဒ့ရွ္ စစ္တပ္အႀကီးအကဲ ေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဇီယာရာမန္က အဓိကဖန္တီးခဲ့တဲ့ တရားခံျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဇီယာရဲ႕ BNP ပါတီနဲ႔ မဟာမိတ္ပါတီတို႔ဟာ ဒုကၡသည္အေရးအေပၚမွာ အျမတ္ထုတ္ဖို႔ ႀကိဳးစားေနတယ္လို႔ လႊတ္ေတာ္မွာ အမတ္တစ္ဦးရဲ႕ ေမးျမန္းခ်က္နဲ႔ ပတ္သက္ၿပီး အခုလို ေျဖၾကားခဲ့တာျဖစ္ပါတယ္။

ဇီယာဟာ ၁၉၇၇ ခုႏွစ္က ဘဂၤလားေဒ့ရွ္ေရာက္ရွိေနတဲ့ ဘဂၤါလီေခါင္းေဆာင္ေတြကို ရခိုင္ေျမာက္ပိုင္းမွာ အစၥလမ္မစ္ႏုိင္ငံေတာ္ ဖန္တီးထူေထာင္ဖို႔ လက္နက္ကိုင္တိုက္ပြဲဆင္ႏႊဲရာမွာ ေနာက္ကြယ္ကေန ေထာက္ပံ့ ေပးမယ္လို႔ ကတိျပဳခဲ့တယ္လို႔ ဟာစီနာက ေျပာပါတယ္။

ေနာက္ပိုင္း ဘူးသီးေတာင္၊ ေမာင္ေတာမွာ လက္နက္ကိုင္လႈပ္ရွားမႈေတြျဖစ္လာခဲ့ၿပီး ျမန္မာစစ္တပ္က နယ္ေျမ ရွင္းလင္းေရးေဆာင္ရြက္ခဲ့တာေၾကာင့္ ပထမဦးဆံုးအႀကိမ္ ဒုကၡသည္ေတြ အစုလိုက္အၿပဳံလိုက္၀င္ေရာက္မႈ ျဖစ္ေပၚေစခဲ့တယ္လို႔ ေျပာပါတယ္။

ဒါဟာ ေဒသတြင္း မတည္မၿငိမ္ျဖစ္ေအာင္ဖန္တီးၿပီး ေရြးေကာက္ပြဲမွာ အားသာခ်က္တစ္ခုျဖစ္ေစဖို႔ ကြယ္လြန္ သြားၿပီျဖစ္တဲ့ ဇီယာက ဖန္တီးခဲ့တဲ့ ဇာတ္လမ္းျဖစ္တယ္လို႔ ဟာစီနာက ေျပာၾကားခဲ့ပါတယ္။

Ref; https://www.dhakatribune.com/

#PeopleMedia #International

(Unicode)
ဘင်္ဂါလီပြဿနာကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ခေါင်းဆောင်ဟောင်းဖန်တီး ခဲ့ကြောင်း ဟာစီနာပြောကြား
…………………………………………………………………

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂါလီဒုက္ခသည်ပြဿနာကို ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဇီယာရာမန်က အဓိကဖန်တီးခဲ့တဲ့ တရားခံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇီယာရဲ့ BNP ပါတီနဲ့ မဟာမိတ်ပါတီတို့ဟာ ဒုက္ခသည်အရေးအပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ လွှတ်တော်မှာ အမတ်တစ်ဦးရဲ့ မေးမြန်းချက်နဲ့ ပတ်သက်ပြီး အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဇီယာဟာ ၁၉၇၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်ရောက်ရှိနေတဲ့ ဘင်္ဂါလီခေါင်းဆောင်တွေကို ရခိုင်မြောက်ပိုင်းမှာ အစ္စလမ်မစ်နိုင်ငံတော် ဖန်တီးထူထောင်ဖို့ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရာမှာ နောက်ကွယ်ကနေ ထောက်ပံ့ ပေးမယ်လို့ ကတိပြုခဲ့တယ်လို့ ဟာစီနာက ပြောပါတယ်။

နောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေဖြစ်လာခဲ့ပြီး မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ခဲ့တာကြောင့် ပထမဦးဆုံးအကြိမ် ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်မှု ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောပါတယ်။

ဒါဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ဖန်တီးပြီး ရွေးကောက်ပွဲမှာ အားသာချက်တစ်ခုဖြစ်စေဖို့ ကွယ်လွန် သွားပြီဖြစ်တဲ့ ဇီယာက ဖန်တီးခဲ့တဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ဟာစီနာက ပြောကြားခဲ့ပါတယ်။

Ref; https://www.dhakatribune.com/

#PeopleMedia #International


Share this post