• Follow Us on

Home ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ၂ နှစ်အတွင်း ကလေး ၉၁,၀၀၀ မွေးဖွား၊ ဘာသာရေး ယုံကြည်မှုအရ မွေးဖွားမှုထိန်းချုပ်ရန် ခက်ခဲနေ

ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ၂ နှစ်အတွင်း ကလေး ၉၁,၀၀၀ မွေးဖွား၊ ဘာသာရေး ယုံကြည်မှုအရ မွေးဖွားမှုထိန်းချုပ်ရန် ခက်ခဲနေ

Share this post

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေရဲ့ ၂ နှစ်တာ ကာလအတွင်း ကလေးမွေးဖွားမှု အရေအတွက်ဟာ ၉၁,၀၀၀ အထိရှိခဲ့တယ်လို့ ကုလဒုက္ခသည်အေဂျင်စီ( UNHCR) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း မွေးဖွားခဲ့တဲ့ ကလေးငယ်တွေထဲမှာ ၃ သောင်းဟာ ၁ နှစ်အောက် ကလေးငယ်တွေဖြစ်ကြပြီး ၆ သောင်း ၁ ထောင်ဟာ ၂ နှစ်အောက်ကလေး ငယ်တွေဖြစ် ကြပါတယ်။

ဘင်္ဂါလီဒုက္ခသည်စခန်းတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ကလေးမွေးဖွားမှု ထိန်းချုပ်ရေးရဲ့ အရေးပါမှုကို အသိပညာပေး မှုတွေရှိခဲ့ကြပေမယ့်ပ ဒုက္ခသည်တွေဟာ စိတ်ဝင်စားကြပုံမရဘူးလို့ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီနေတဲ့ NGO အဖွဲ့အစည်း တစ်ခုက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်အမျိုးသမီးတွေ သားဆက်ခြားနိုင်ဖို့ ကွန်ဒုံး၊ သား ဆက်ခြားဆေးနဲ့ ထိုးဆေးတွေကို ထောက်ပံ့ပေးထားပေမယ့် အမျိုးသမီးတွေရဲ့ ခင်ပွန်းတွေ က ဘာသာရေးယုံကြချက်အရ အခုလို တားမြစ်ဆေးသုံးစွဲမှုတွေကို ခွင့်မပြုကြဘူးလို့လည်း NGO အဖွဲ့အစည်းတွေက ပြောပါတယ်။

Ref; dhakatribune.com


Share this post