• Follow Us on
Latest News

Home ဘင်္ဂါလီဒုက္ခသည်များကို ရခိုင်သို့ လည်ပတ်ခွင့်ပြုရန် တရုတ်တောင်းဆိုမှု မြန်မာငြင်း ပယ်

ဘင်္ဂါလီဒုက္ခသည်များကို ရခိုင်သို့ လည်ပတ်ခွင့်ပြုရန် တရုတ်တောင်းဆိုမှု မြန်မာငြင်း ပယ်

Share this post

ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေတဲ့ ဘင်္ဂါလီဒုက္ခသည်တချို့ကို ရခိုင်ပြည်နယ်က အခြေအေ နလာရောက်လေ့လာခွင့်ပေးဖို့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ကမ်းလှမ်းမှုကို မြန်မာနိုင် ငံက ငြင်းပယ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအက်ဒူလ်မိုမင် က အောက်တိုဘာ ၂ ရက်နေ့မှာ ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂါလီဒုက္ခသည်ကို ၄င်းတို့မိသားစုဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်နိုင် အောင် ဖုန်းပေးဖို့ တရုတ်က တောင်းဆိုခဲ့တာကိုလည်း မြန်မာနိုင်ငံဘက်က လက်မခံခဲ့ ဘူးလို့ မိုမင်က ပြောပါတယ်။

ရုရှနိုင်ငံရဲ့ ရပ်တည်ချက်ကလည်း ဘင်္ဂလားဒေ့ရှ်အတွက် အခြေအနေပိုကောင်းလာ တယ်လို့ မိုမင်ကပြောပါတယ်။ ဒါပေမယ့် ဘင်္ဂါလီဒုက္ခသည်တစ်ယောက်တောင် မြန်မာနိုင်ငံကို ပြန်မပို့နိုင်သေးတဲ့အတွက် အခြေအနေတိုးတက်မှုရှိတာတော့ မဟုတ် ဘူးလို့ မိုမင်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အိန္ဒိယအလည်အပတ်ခရီးစဉ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေး ၀န်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို မိုမင်က အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

Ref; https://www.dhakatribune.com


Share this post