• Follow Us on
Latest News

Home ဘဂၤ ါလီဒုကၡသည္မ်ားအားလံုးကို ႏုိင္ငံသားစိစစ္ေရးကတ္ျပားမ်ား ထုတ္ေပးမည္

ဘဂၤ ါလီဒုကၡသည္မ်ားအားလံုးကို ႏုိင္ငံသားစိစစ္ေရးကတ္ျပားမ်ား ထုတ္ေပးမည္

Share this post

ဘဂၤလားေဒ့ရွ္မွာေနထိုင္တဲ့ ဘဂၤ ါလီဒုကၡသည္အားလံုးကို ႏုိင္ငံသား စိစစ္ေရးကတ္ ျပားထုတ္ေပးဖို႕ ျမန္မာႏုိင္ငံက သေဘာတူခဲ့တယ္လို႕ ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး ၀န္ၾကီး ေဒါက္တာ အက္ခ္ အက္ဒူ မိုမင္က ေအာက္တုိဘာ ၂ ရက္ေန႕မွာ ေျပာပါတယ္။

မွတ္ပံုတင္စိစစ္မႈအတြက္ ဘဂၤ ါလီဒုကၡသည္ေတြကို ေပးေ၀ခဲ့တဲ့ ပံုစံစာရြက္ေတြမွာ အမွားအယြင္းတခ်ိဳ႕ရွိခဲ့တယ္လို႕ ျမန္မာဘက္က ၀န္ခံခဲ့တယ္လို႕လည္း မိုမင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံဘက္ ပံုစံစာရြက္အသစ္ျပန္လုပ္ျပီး ႏိုင္ငံသားမွတ္ပံုတင္ကတ္ေပးႏိုင္မယ့္ ႏုိင္ငံသားစိစစ္ေဆးကတ္ေတြထုတ္ေပးသြားမယ္လို႕ သိရပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး၀န္ၾကီး မိုမင္က ျမိဳ႕ေတာ္ဒါကာမွာ ေအာက္တိုဘာ ၂ ရက္ေန႕က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲအျပီးမွာ သတင္းေထာက္ေတြကို အခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Ref; https://www.bssnews.net

(unicode)

ဘင်္ဂလားဒေ့ရှ်မှာနေထိုင်တဲ့ ဘင်္ဂါလီဒုက္ခသည်အားလုံးကို နိုင်ငံသား စိစစ်ရေးကတ် ပြားထုတ်ပေးဖို့ မြန်မာနိုင်ငံက သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အက်ခ် အက်ဒူ မိုမင်က အောက်တိုဘာ ၂ ရက်နေ့မှာ ပြောပါတယ်။

မှတ်ပုံတင်စိစစ်မှုအတွက် ဘင်္ဂါလီဒုက္ခသည်တွေကို ပေးဝေခဲ့တဲ့ ပုံစံစာရွက်တွေမှာ အမှားအယွင်းတချို့ရှိခဲ့တယ်လို့ မြန်မာဘက်က ဝန်ခံခဲ့တယ်လို့လည်း မိုမင်က ပြောပါတယ်။

မြန်မာနိုင်ငံဘက် ပုံစံစာရွက်အသစ်ပြန်လုပ်ပြီး နိုင်ငံသားမှတ်ပုံတင်ကတ်ပေးနိုင်မယ့် နိုင်ငံသားစိစစ်ဆေးကတ်တွေထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမင်က မြို့တော်ဒါကာမှာ အောက်တိုဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

Ref; https://www.bssnews.net


Share this post