• Follow Us on
Latest News

Home ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချရန် အစိုးရနှင့် ဦးစွာတွေ့ဆုံ ဆွေးနွေးလို

ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချရန် အစိုးရနှင့် ဦးစွာတွေ့ဆုံ ဆွေးနွေးလို

Share this post

မြန်မာအစိုးရနဲ့ ဦးစွာတွေ့ဆုံဆွေးနွေးပြီး တောင်းဆိုမှုတွေကို လိုက်လျောမှုမရှိရင် မြန်မာနိုင်ငံမှာ ပြန်လည် အခြေမချနိုင်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေရဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ဘင်္ဂါလီဒုက္ခသည်ခေါင်းဆောင်တွေရဲ့ ပြောကြားချက်အရ မြန်မာအစိုးရထံ ၄င်းတို့ အဓိက တောင်းဆိုချင်တဲ့အရာတွေဟာ ရိုဟင်ဂျာလူမျိုးစုတွေကို မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့၊ မြန်မာနိုင်ငံမှာ ပြန်လည်အခြေချတာနဲ့ ဘေးကင်းလုံခြုံစွာနေထို င်နိုင်ရေးနဲ့ ပြန်လည်ရောက်ရှိတာနဲ့ ၄င်းတို့ရဲ့ မြေရာတွေကို ပြန်ပေးဖို့ဖြစ်ပြီး မြန်မာအစိုးရဘက် ၄င်းတို့ရဲ့ တောင်းဆိုချက်တွေကို အရင် ကတိပြုပေးရမယ်လို့ သိရပါတယ်။

ဒါအပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ၄င်းတို့နဲ့ အစိုးရကြား ယုံကြည်မှုရရှိရေးနဲ့ ၄င်းတို့ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ မြန်မာအစိုးရကို ဆက်လက်တွန်းအားပေးဖို့ လိုအပ်တယ်လို့လည်း ဘင်္ဂါလီ ဒုက္ခသည်ခေါင်းဆောင်ေ တွက ပြောပါတယ်။

ဆက်လက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ဘင်္ဂါလီလူမျိုးစုတွေ အပေါ် နှိပ်စက်ညှင်းပန်းမှုတွေအတွက် မြန်မာ့တပ်မတော်အရာရှိတွေကို အရေုးယူမှုတွေ ဆောင်ရွက် ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

Ref; dhakatribune.com


Share this post