• Follow Us on

Home ဘဂၤ ါလီအေရးတြင္ အေမရိကန္က အျပည့္အ၀ပံ့ပိုးကူညီဟု ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ႀကီး ေျပာၾကား

ဘဂၤ ါလီအေရးတြင္ အေမရိကန္က အျပည့္အ၀ပံ့ပိုးကူညီဟု ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ႀကီး ေျပာၾကား

Share this post

ဘဂၤ ါလီဒုကၡသည္အေရးကို ေျဖရွင္းရာမွာ အေမရိကန္ႏုိင္ငံက အျပည့္အ၀ပါ၀င္ပံ့ပိုး ကူညီေပးခဲ့တယ္ လို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ႀကီး ေဒါက္တာ ေအေက အဒူ မိုမန္က ႏို၀င္ဘာ ၅ ရက္ေန႔မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕ ေတာင္နဲ႔ ဗဟိုအာရွေရးရာ ယာယီ ဒုႏုိင္ငံျခားေရး၀န္ႀကီး အဲလစ္၀ဲလ္နဲ႔ နာရီပိုင္း အၾကာေတြ႕ဆံုေဆြးေႏြးခဲ့ၿပီးေနာက္ မိုမန္က အခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

၄င္းတို႔ႏွစ္ဦးဟာ ဘဂၤ ါလီဒုကၡသည္စခန္းတည္ေနရာေျပာင္းေရႊ႕ကိစၥကို ေဆြးေႏြးခဲ့ၾကၿပီး ဘဂၤလား ေဒ့ရွ္အစိုးရအေနနဲ႔ ဒုကၡသည္စခန္းတည္ေနရာ ေရႊ႕ေျပာင္းမႈဟာ ဒုကၡသည္ေတြအတြက္ ပိုမိုေကာင္း မြန္စြာေနထိုင္ႏုိင္ဖို႔ျဖစ္ျပီး အတင္းအဓမၼေရႊ႕ေျပာင္းေစမွာမဟုတ္ဘူးလို႔ေျပာပါတယ္။

အဲလစ္၀ဲလ္ကေတာ့ အခုလို တည္ေနရာေရႊ႕ေျပာင္းမႈေၾကာင့္ လူမႈေရးစရိတ္ေတြပိုၿပီး ကုန္က်ေစႏုိင္တယ္လို႔ သတိေပးခဲ့ေၾကာင့္ မုိမန္ကေျပာပါတယ္။

အဲလစ္၀ဲလ္နဲ႔ ေတြ႕ဆံုရာမွာ ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ ႏုိင္ငံရဲ႕ အေျခခံအေဆာက္အအံုက႑ ေတြမွာ အေမရိကန္ဘက္က ပိုၿပီး ရင္းႏွီးျမဳပ္ႏွံမႈေတြျပဳလုပ္ဖို႔ ကမ္းလွမ္းခဲ့တယ္လို႔လည္း မိုမန္က ေျပာၾကားခဲ့ပါတယ္။

Ref; https://www.bssnews.net/

#PeopleMedia #International

(unicode)
ဘင်္ဂါလီအရေးတွင် အမေရိကန်က အပြည့်အဝပံ့ပိုးကူညီဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
……………………………………………………………

ဘင်္ဂါလီဒုက္ခသည်အရေးကို ဖြေရှင်းရာမှာ အမေရိကန်နိုင်ငံက အပြည့်အဝပါဝင်ပံ့ပိုး ကူညီပေးခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဒူ မိုမန်က နိုဝင်ဘာ ၅ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ တောင်နဲ့ ဗဟိုအာရှရေးရာ ယာယီ ဒုနိုင်ငံခြားရေးဝန်ကြီး အဲလစ်ဝဲလ်နဲ့ နာရီပိုင်း အကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မိုမန်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

၄င်းတို့နှစ်ဦးဟာ ဘင်္ဂါလီဒုက္ခသည်စခန်းတည်နေရာပြောင်းရွှေ့ကိစ္စကို ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလား ဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်စခန်းတည်နေရာ ရွှေ့ပြောင်းမှုဟာ ဒုက္ခသည်တွေအတွက် ပိုမိုကောင်း မွန်စွာနေထိုင်နိုင်ဖို့ဖြစ်ပြီး အတင်းအဓမ္မရွှေ့ပြောင်းစေမှာမဟုတ်ဘူးလို့ပြောပါတယ်။

အဲလစ်ဝဲလ်ကတော့ အခုလို တည်နေရာရွှေ့ပြောင်းမှုကြောင့် လူမှုရေးစရိတ်တွေပိုပြီး ကုန်ကျစေနိုင်တယ်လို့ သတိပေးခဲ့ကြောင့် မိုမန်ကပြောပါတယ်။

အဲလစ်ဝဲလ်နဲ့ တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နိုင်ငံရဲ့ အခြေခံအဆောက်အအုံကဏ္ဍ တွေမှာ အမေရိကန်ဘက်က ပိုပြီး ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း မိုမန်က ပြောကြားခဲ့ပါတယ်။

Ref; https://www.bssnews.net/

#PeopleMedia #International


Share this post