• Follow Us on

Home ဘင်္ဂါလီအရေးတွင် မြန်မာခေါင်းရှောင်လိုကြောင်း ဘင်္ဂလားဒေ့ရှ်စွပ်စွဲ


Share this post

မြန်မာနိုင်ငံဟာ ဘင်္ဂါလီဒုက္ခသည်အရေးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အထင်အမြင်လွဲမှားအောင် ပြုလုပ် ပြီး ခေါင်းရှောင်ဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။


ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘင်္ဂါလီဒုက္ခသည်အရေးကို ဘာသာရေးဖိနှိပ်မှု၊ နိုင်ငံမှ လူမျိုးစုမောင်းထုတ်မှုနဲ့ သတ်ဖြတ်မှုစသဖြင့် မမှန်ကန်တဲ့ ခေါင်းစဉ်များတပ်နေတယ်လို့ ပြောကြားချက် ကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။





(unicode)
ဘင်္ဂါလီအရေးတွင် မြန်မာခေါင်းရှောင်လိုကြောင်း ဘင်္ဂလားဒေ့ရှ်စွပ်စွဲ
………………………………………………………

မြန်မာနို်င်ငံဟာ ဘင်္ဂါလီဒုက္ခသည်အရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းကို အထင်အမြင်လွဲမှားအောင် ပြုလုပ် ပြီး ခေါင်းရှောင်ဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာအစိုးရဟာ မှားယွင်းတဲ့ အချက်အလက် များ၊ မမှန်ကန်တဲ့ တင်ပြချက်များ၊ ခိုင်လုံမှုမရှိတဲ့ ပြောဆိုမှုများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အထင်မြင် လွဲ မှားစေပြီး ၄င်းတို့ရဲ့ တာဝန်ရှိမှုကို ခေါင်းရှောင်လျက်ရှိနေတယ်လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ ဘင်္ဂါလီဒုက္ခသည်အရေးကို ဘာသာရေးဖိနှိပ်မှု၊ နိုင်ငံမှ လူမျိုးစုမောင်းထုတ်မှုနဲ့ သတ်ဖြတ်မှုစသဖြင့် မမှန်ကန်တဲ့ ခေါင်းစဉ်များတပ်နေတယ်လို့ ပြောကြားချက် ကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဘင်္ဂါလီဒုက္ခသည်တွေဟာ ကိုလိုနီခေတ်က မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တယ်ဆိုတဲ့ မြန်မာနိုင်ငံဘက်က ပြောကြားချက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က လက်ခံခဲ့ခြင်းမရှိပါဘူး။

ဘင်္ဂါလီဒုက္ခသည် စခန်းတွေကို မြန်မာအစိုးရက စွပ်စွဲသလို ARSA အကြမ်းဖက်သောင်းကျန်းသူတွေ ရှိမနေ ဘူးလို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Ref; https://www.aninews.in/

#PeopleMedia #International


Share this post