• Follow Us on

Home ဘဂၤ ါလီအေရးအတြက္ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ ႏုိင္ငံေခါင္းေဆာင္မ်ား တရားစြဲဆိုခံရ

ဘဂၤ ါလီအေရးအတြက္ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ ႏုိင္ငံေခါင္းေဆာင္မ်ား တရားစြဲဆိုခံရ

Share this post

ဒီမိုကေရစီစံျပပုဂၢိဳလ္ေဟာင္းတစ္ဦးျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဘဂၤ ါလီမူဆလင္ေတြအေပၚ က်ဴးေက်ာ္ခဲ့တဲ့ ျပစ္မႈေတြအတြက္ ႏို၀င္ဘာ ၁၃ ရက္ေန႔က အာဂ်င္တီးနားႏုိင္ငံမွာ တရားစြဲဆိုခံရတဲ့ ျမန္မာအစိုးရအရာရွိေတြထဲ ပါ၀င္လာခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ဘဂၤ ါလီအေရးမွာ ဥပေဒေၾကာင္းအရ အခုလို တရားစြဲဆိုခံရတာ ပထမ ဦးဆံုးအႀကိမ္လည္းျဖစ္ပါတယ္။ တျခားေနရာတစ္ခုခုမွာ တရားစြဲဆိုဖို႔ မျဖစ္ႏုိင္တာေၾကာင့္ အာဂ်င္တီးနား ကေနတစ္ဆင့္ အခုလို တရားစြဲဆိုျခင္းျဖစ္တယ္လို႔ ေရွ႕ေန တိုမက္ အိုဂ်ီရာက AFP သတင္းဌာနကို ေျပာပါတယ္။

ဘဂၤ ါလီအေရးနဲ႔ ပတ္သက္ၿပီး တရားစြဲဆိုခံထားရတဲ့သူေတြထဲမွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ေဒၚေအာင္ ဆန္းစုၾကည္အပါအ၀င္ တပ္မေတာ္နဲ႔အစိုးရအဖြဲ႕ရဲ႕ ထိပ္တန္းပုဂၢိဳလ္ေတြပါ၀င္လ်က္ရွိေနပါတယ္။

အာဂ်င္တီးနားႏိုင္ငံက တရား႐ုံးေတြဟာ စပိန္ႏိုင္ငံရဲ႕ အာဏာရွင္ေဟာင္ ဖရန္စစၥကို ဖရန္ကိုလက္ထပ္က ၄င္းနဲ႔ သက္ဆိုင္တဲ့ အမႈေတြနဲ႔ တ႐ုတ္ႏုိင္ငံက ဖာလံုကံုးလႈပ္ရွားမႈအပါအ၀င္ ႏုိင္ငံတကာက အမႈေတြကို စီရင္ခဲ့ဖူးပါတယ္။

သီးျခားစြဲဆိုခ်က္အေနနဲ႔ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံကလည္း ကုလသမဂၢရဲ႕ အဆင့္ျမင့္ တရားခံု႐ုံးမွာ တရား စြဲဆိုထားပါတယ္။ တတိယေျမာက္ ဥပေဒေၾကာင္းအရ ေဆာင္ရြက္မႈကေတာ့ ႏိုင္ငံတကာတရားခံု႐ုံးက အစိုးရေရွ႕ေနေတြဟာ ၿပီးခဲ့တဲ့ႏွစ္က ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဘဂၤ ါလီဒုကၡသည္ေတြဆီကို သြားေရာက္ၿပီး စံုစမ္းစစ္ေဆးခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားတရား႐ုံးကတစ္ဆင့္ တရားစြဲဆိုမႈေၾကာင့္ ႏုိင္ငံတကာဖမ္း၀ရမ္းထုတ္ျပန္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေရွ႕ေန အိုဂီ်ရာက ေျပာပါတယ္။ အိုဂ်ီရာဟာ ၂၀၀၈ ခုႏွစ္က ၂၀၁၄ ခုႏွစ္အတြင္း ျမန္မာႏုိင္ငံ လူ႕အခြင့္အေရး ဆိုင္ရာ ကုလအထူးသံတမန္တာ၀န္ကို ထမ္းေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။ အခုလို တရားစြဲဆိုခ်က္ကို အာဂ်င္တီးနားႏုိင္ငံက လူ႔အခြင့္အေရးတက္ၾကြလႈပ္ရွားတဲ့ အဖြဲ႕အစည္းႏွစ္ခုက ေထာက္ခံအားေပးတယ္လို႔ သတင္းရရွိပါတယ္။

Ref; AFP

#PeopleMedia #Political

(Unicode)
ဘင်္ဂါလီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်များ တရားစွဲဆိုခံရ
………………………………………………………………

ဒီမိုကရေစီစံပြပုဂ္ဂိုလ်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂါလီမူဆလင်တွေအပေါ် ကျူးကျော်ခဲ့တဲ့ ပြစ်မှုတွေအတွက် နိုဝင်ဘာ ၁၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံမှာ တရားစွဲဆိုခံရတဲ့ မြန်မာအစိုးရအရာရှိတွေထဲ ပါဝင်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘင်္ဂါလီအရေးမှာ ဥပဒေကြောင်းအရ အခုလို တရားစွဲဆိုခံရတာ ပထမ ဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။ တခြားနေရာတစ်ခုခုမှာ တရားစွဲဆိုဖို့ မဖြစ်နိုင်တာကြောင့် အာဂျင်တီးနား ကနေတစ်ဆင့် အခုလို တရားစွဲဆိုခြင်းဖြစ်တယ်လို့ ရှေ့နေ တိုမက် အိုဂျီရာက AFP သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင် ဆန်းစုကြည်အပါအဝင် တပ်မတော်နဲ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေပါဝင်လျက်ရှိနေပါတယ်။

အာဂျင်တီးနားနိုင်ငံက တရားရုံးတွေဟာ စပိန်နိုင်ငံရဲ့ အာဏာရှင်ဟောင် ဖရန်စစ္စကို ဖရန်ကိုလက်ထပ်က ၄င်းနဲ့ သက်ဆိုင်တဲ့ အမှုတွေနဲ့ တရုတ်နိုင်ငံက ဖာလုံကုံးလှုပ်ရှားမှုအပါအဝင် နိုင်ငံတကာက အမှုတွေကို စီရင်ခဲ့ဖူးပါတယ်။

သီးခြားစွဲဆိုချက်အနေနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံကလည်း ကုလသမဂ္ဂရဲ့ အဆင့်မြင့် တရားခုံရုံးမှာ တရား စွဲဆိုထားပါတယ်။ တတိယမြောက် ဥပဒေကြောင်းအရ ဆောင်ရွက်မှုကတော့ နိုင်ငံတကာတရားခုံရုံးက အစိုးရရှေ့နေတွေဟာ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီဒုက္ခသည်တွေဆီကို သွားရောက်ပြီး စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားတရားရုံးကတစ်ဆင့် တရားစွဲဆိုမှုကြောင့် နိုင်ငံတကာဖမ်းဝရမ်းထုတ်ပြန်ဖို့ မျှော်လင့်တယ်လို့ ရှေ့နေ အိုဂျီရာက ပြောပါတယ်။ အိုဂျီရာဟာ ၂၀၀၈ ခုနှစ်က ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလအထူးသံတမန်တာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ အခုလို တရားစွဲဆိုချက်ကို အာဂျင်တီးနားနိုင်ငံက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းနှစ်ခုက ထောက်ခံအားပေးတယ်လို့ သတင်းရရှိပါတယ်။

Ref; AFP

#PeopleMedia #Political


Share this post