• Follow Us on

Home ဘဏ်များပိတ်သိမ်းမည်ဆိုသည့်သတင်းမှာ ကောလာဟလများသာဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ဘဏ်များပိတ်သိမ်းမည်ဆိုသည့်သတင်းမှာ ကောလာဟလများသာဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၁၃ (People Media)

 

ဘဏ်များ ပိတ်သိမ်းမည်ဆိုသည့်သတင်းများမှာ ကောလာဟလများသာဖြစ်ကြောင်း ယနေ့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

 

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများပေါ်မူတည်၍ ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန် ရုတ်သိမ်း မည်ဆိုပြီး ကောလာဟလများနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများ ထွက်ပေါ်လျက်ရှိကြောင်း အဆိုပါ ကောလာဟလသတင်းများကြောင့် ပြည်သူအချို့ စိုးရိမ်ပူပန်ပြီး ဘဏ်များတွင် ငွေများထုတ်ယူနေ ကြောင်း ကြားသိနေရကြောင်း သိရသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိပြီး၊ ဘဏ်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ခိုင်မာစွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရ သည်။

 

ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုများမရှိဘဲ ယုံကြည်စိတ်ချ စွာဖြင့် ဆက်လက်သုံးစွဲနိုင်ကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ်များသို့လည်း ညွန်ကြားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

 

#PeopleMedia #ဗဟိုဘဏ်

 

(unicode)


……………………………………………………………….

 


 


 


 


 


 



Share this post