• Follow Us on

Home ဘဏ်ဝန်ဆောင်မှုယာယီပြတ်တောက်ခြင်း NUG ငွေတိုက်စာချုပ်ရောင်းဝယ်မှုနှင့် ဆက်စပ်သည်ဆိုသည့် သတင်း စင်္ကာပူ DBS ဘဏ် ငြင်းဆို

ဘဏ်ဝန်ဆောင်မှုယာယီပြတ်တောက်ခြင်း NUG ငွေတိုက်စာချုပ်ရောင်းဝယ်မှုနှင့် ဆက်စပ်သည်ဆိုသည့် သတင်း စင်္ကာပူ DBS ဘဏ် ငြင်းဆို

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၅ (People Media)

 

စင်္ကာပူနိုင်ငံ DBS ဘဏ်၏ ဒဏ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်တန့်သွားခြင်းမှာ မြန်မာနိုင်ငံ၏ငွေ တိုက်စာချုပ်ရောင်းဝယ်မှုများနှင့် ပတ်သက်နေသည်ဆိုသည့် သတင်းကို DBS ဘဏ်က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ လ ၂၄ ရက်) က ငြင်းဆိုလိုက်သည်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့က ဘဏ်ဝန်ဆောင်မှုများ ယာယီပြတ်တောက်သွားပြီးနောက် စင်္ကာပူနိုင်ငံအခြေစိုက် DBS ဘဏ်နှင့် POSB ဘဏ်မှ ဖောက်သည်များ၏ ဘဏ်အကောင့်များအပေါ် အကျိုးသက်ရောက်မှုရှိခဲ့ ကြောင်း သိရသည်။

 

ဖြစ်ပေါ်လာသောပြဿနာကို ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ဖြေရှင်းခဲ့သော်လည်း ယင်းနေ့တွင် ထပ်ဖန်တလဲလဲပြန် ဖြစ်ခဲ့ကြောင်း ဘဏ်တာဝန်ရှိသူများကပြောသည်။

 

ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ယာယီပြတ်တောက်သွားခြင်းမှာ အရှေ့တောင်အာရှနိုင်ငံများထဲမှ အကြီးမားဆုံး ဘဏ်တစ်ခုအတွက် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ဝန်ဆောင်မှုပြတ်တောက်ခြင်းတစ်ခုဖြစ်သည်။

 

“DBS ဘဏ်ရဲ့ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုလုပ်ငန်းယာယီပြတ်တောက်တာဟာ မြန်မာအမျိုးသားညီညွတ် ရေးအစိုးရ NUG ရဲ့ ငွေတိုက်စာချုပ်ရောင်းဝယ်မှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ကောလာဟလတွေပျံ့နှံ့နေပါတယ်။ အဲဒီသတင်းက လုံးဝ မမှန်ပါဘူး။ DBS ဘဏ်မှာ အဲဒီလိုငွေတိုက်စာချုပ်မျိုးရောင်းခဲ့တာ လုံးဝမရှိပါဘူး” ဟု နို ဝင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါသတင်းမှားနှင့် ပတ်သက်၍ DBS ဘဏ်ကပြောဆိုလိုက်သည်။

 

NUG အစိုးရက စီစဉ်ခဲ့သော အတိုးတစ်ပြားတစ်ချပ်မှမပေးသည့် ငွေတိုက်စာချုပ်များကို စင်္ကာပူနိုင်ငံ DBS ဘဏ်နှင့် POSB ဘဏ်များကိုအသုံးပြု၍ မြန်မာနိုင်ငံသားများက အများအပြားဝယ်ယူခဲ့သောကြောင့် ဘဏ်ဝန် ဆောင်လုပ်ငန်းများယာယီရပ်တန့်ပြတ်တောက်သွားခဲ့ကြောင်း မြန်မာနိုင်ငံမှ မီဒီယာအများအပြားတွင် ရေးသား ဖော်ပြခဲ့ကြသည်။

 

NUG အစိုးရသည် ပြည်ပရောက်မြန်မာနိုင်ငံသားများကို အဓိကပစ်မှတ်ထားရောင်းချခဲ့ရာ ငွေတိုက်စာချုပ် အ ရောင်းဖွင့်ပွဲကျင်းပသည့် တနင်္လာနေ့ (နိုဝင်ဘာလ ၂၂ ရက်) က အမေရိကန်ဒေါ်လာ ၆.၃ သန်း (စင်္ကာပူဒေါ် လာ ၈.၆ သန်း) ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက နိုဝင်ဘာလ ၂၃ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

 

ဝယ်ယူသူအတွက် အတိုးတစ်ပြားမှမရသော နှစ်နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များကို အမေရိကန်ဒေါ်လာ ၁၀၀ တန်၊ ၅၀၀ တန်၊ ၁,၀၀၀ တန်နှင့် ၅,၀၀၀ တန် စာချုပ်များအဖြစ် တန်ဖိုးသတ်မှတ်ထားပြီး ကနဦးသုံးနာရီ အတွင်း အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ရောင်းချရသည်ဆိုသည့်တိုင်အောင် ပထမဦးဆုံးနေ့ရောင်းအားမှာ အ မေရိကန်ဒေါ်လာ ၆.၃ သန်းဖိုးရှိကြောင်း NUG အစိုးရ၏ပြောစကားကို ကိုးကား၍ ရိုက်တာသတင်းတွင်ဖော်ပြ ထားသည်။

 

ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းခဲ့သော စစ်အစိုးရကိုဖြုတ်ချရန် တော်လှန်ရေးတစ်ရပ်ဆင်နွှဲရန်အတွက် ငွေတိုက်စာချုပ်ရောင်းချမှုကို အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ ရောင်းချသွားရန် ရည်ရွယ်ထားကြောင်းသိရ သည်။

 

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် အပျံသင်စဒီမိုကရေစနစ်နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အဆုံး သတ်သွားခဲ့ရပြီး စစ်အဏာသိမ်းမှုကိုဆန့်ကျင်သော ပြည်သူထောင်ပေါင်းများစွာဖမ်းဆီးခံခဲ့ရသည်။ အာဏာ သိမ်းစစ်အစိုးရအား တစ်နိုင်ငံလုံးက ဆန့်ကျင်တော်လှန်ရန် NUG အစိုးရက ကြေညာထားသည်။

 

Ref: DBS denies service disruption linked to Myanmar treasury bond sales

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: DBS denies service disruption linked to Myanmar treasury bond sales

 

#PeopleMedia


Share this post